Latest News

Sunday, March 12, 2017

ရွှေပိဿာချီထွက်နေသော လုပ်ကွက်အဟောင်းကို လုံခြုံရေးအရ ထိန်းချုပ်ပေးထားဟု ကေအင်န်ယူပြော

ရွှေပိဿာချီထွက်နေသော လုပ်ကွက်အဟောင်းကို လုံခြုံရေးအရ ထိန်းချုပ်ပေးထားဟု ကေအင်န်ယူပြော

 ရွှေကျင်မြို့နယ်တွင် ရွှေများပိဿာနှင့်ချီထွက်ရှိနေသော လုပ်ကွက်အဟောင်းကို ပိတ်သိမ်း ခြင်းမဟုတ်ဘဲ လူအများက လာ ရောက်တူးဖော်နေသောကြောင့် လုံခြုံရေးအရ တာဝန်ယူထိန်းချုပ် ထားခြင်းဖြစ်ကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU)ဗဟိုအတွင်းရေးမှူး ဖဒိုစောသောသီက ပြောသည်။

ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ် ခလိန်ဒေသတွင် ရွှေလုပ် ကွက်အဟောင်းတစ်ခုမှ ပိဿာ နှင့်ချီ၍ ရွှေများထွက်ရှိနေပြီး လာ ရောက်  တူးဖော်သူများသော ကြောင့် KNU တပ်မဟာ ၃ က ၎င်းတို့၏  ထိန်းချုပ်နယ်မြေဖြစ်သဖြင့် ဒုစရိုက်မှုများ မဖြစ်ပွားစေရန်နှင့် လုပ်ကွက်ကို အစိုးရကပြန်လည် စီမံခန့်ခွဲစဉ်အတွင်း လာရောက်တူးဖော်သူများ မရှိစေရန်လုံခြုံရေးအရ တာဝန်ယူထားပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။


‘‘ကျွန်တော်တို့က ဒီလုပ် ကွက်ကို ပိတ်သိမ်းတာ မဟုတ်ပါ ဘူး။ လုံခြုံရေးအရ တာဝန်ယူပေး တာပါ’’ဟု ဖဒိုစောသောသီက ဆို သည်။

လက်ရှိတွင် ယင်းရွှေလုပ် ကွက်အဟောင်းသို့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ခံများ၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့က မတ်လ ၁၁ ရက်တွင် သွားရောက်စစ်ဆေးနေကြောင်း  ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ကျအရာရှိတစ်ဦးက 7Day Daily အား ပြောကြားသည်။

ဇန်နဝါရီ နောက်ဆုံးပတ်က စတင်ပြီး လုပ်ကွက်အဟောင်းရှိ မြေစာပုံများတွင် ဒေသခံအချို့က ရွှေများ စတင်တွေ့ရှိခဲ့ပြီး တစ် ပတ်အတွင်း သွားရောက်တူးဖော် သူများထဲမှ အများစုသည် ရွှေ ပိဿာနှင့်ချီပြီး ရရှိကြောင်း သွားရောက်တူးဖော်ခဲ့သည့် ရွှေကျင်မြို့နယ်နေ စက်ဘီးရောင်းဝယ်သူဒေသခံ ဦးခင်မောင်မြင့်ကပြောသည်။

‘‘ကျွန်တော် သွားတူးတော့ ရဲတွေက ပိတ်ထားလိုက်ပြီ။ ဘယ် သူမှ ပေးမဝင်တော့ဘူး။ စစချင်း တွေ့တဲ့ရက်က သွားတူးကြတဲ့လူ တွေတော့ တော်တော်လေး ရကြ တယ်။ နေ့ချင်းညချင်းကြီးပွား သွားတဲ့သူတွေ အများကြီးပဲ’’ဟု ၎င်းက ပြောသည်။

  အဆိုပါလုပ်ကွက်အ ဟောင်းကို ရွှေကျင်မြို့ဒေသခံ ကုမ္ပဏီတစ်ခုက ပြန်လည်တူးဖော်ခွင့်ရရှိရန် မတ်လ ၆ ရက်တွင် ဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ပညာရှင်အချို့က ၎င်းနေရာနှင့် ဆက်စပ်နေရာများကို သွားရောက်စစ်ဆေးလျက်ရှိကြောင်း ယင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

‘‘၂၀၁၀ တုန်းက သက်တမ်း ကုန်သွားတဲ့ လုပ်ကွက်အဟောင်း ပါ။ အခု ဝင်တူးချင်တဲ့ကုမ္ပဏီက ရွှေ ၂၄ ကျပ်သားကို အခွန်အနေ နဲ့ ပေးသွင်းမယ်ဆိုပြီး လာတင်ပြ ထားတယ်။ ကျွန်တော်တို့ကတော့ စိစစ်ပြီးမှ ပေးမှာပါ။ ဒေသခံ KNU နဲ့လည်း ညှိနှိုင်းမှုတွေ လုပ်ရ ဦးမယ်’’ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် လေးငါးနှစ်ခန့်က ယင်းလုပ်ကွက်သည် ကုမ္ပဏီကြီးများက စက်ယန္တရားများဖြင့် အမြောက်အမြားတူးဖော်ခဲ့သော နေရာဖြစ်ပြီး ရွှေထွက်ရှိမှုနည်းပါးသောကြောင့် သက်တမ်းဆက်မတိုးဘဲ စွန့်ပစ်ခဲ့သည့် နေရာသာ ဖြစ်ကြောင်း ဒေသခံများက ပြော သည်။


7Day News Journal

No comments:

Post a Comment