ထိုင်းဘုရင်ကို သင်္ဂြိုဟ်ရန် သစ်မွှေး မြန်မာလှူမည်
ကွယ်လွန်သွားပြီဖြစ်သော ထိုင်းဘုရင် ဘူမိဘော၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ရာတွင် အသုံးပြုရန်အတွက် သစ်မွှေးကို မြန်မာအစိုးရက လှူဒါန်းမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အိမ်တော်ထံမှ စုံစမ်းသိရှိရသည်။
ထိုင်းဘုရင်၏ ရုပ်အလောင်းကို ကွယ်လွန်ပြီး တစ်နှစ်ခန့်အကြာ ၂၀၁၇ ခုနှစ်အတွင်း မီးသင်္ဂြိုဟ်ရန် စီစဉ်ထားပြီး မီးသင်္ဂြိုဟ်ရာတွင် အသုံးပြုနိုင်ရန်အတွက် သစ်မွှေးကို ထိုင်းအစိုးရက အကူအညီ တောင်းခံလာသဖြင့် မြန်မာအစိုးရက လှူဒါန်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ထပ်မံ သိရှိရသည်။
“ကီလို ၂၀ဝ ကျော်လောက်ရှိမယ်”ဟု မြန်မာက လှူဒါန်းမည့် သစ်မွှေး ပမာဏကို နိုင်ငံတော်သမ္မတ အိမ်တော် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထိုင်းဘုရင် ဘူမိဘောမှာ သက်တော် ၈၈ နှစ်အရွယ် ၂၀၁၆ ခုနှစ် အောက်တို ဘာလ ၁၃ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် ဘတ်သန်းတစ်ထောင် အကုန်အကျခံ၍ လောင်တိုက်ကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ရန် ထိုင်းအစိုးရက စီစဉ်လျက်ရှိသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment