Latest News

Tuesday, March 21, 2017

စစ်ကိုင်းကားကြီးကွင်းအတွင်းရှိ လောင်စာဆီဆိုင် မီးလောင်

စစ်ကိုင်းကားကြီးကွင်းအတွင်းရှိ လောင်စာဆီဆိုင် မီးလောင်

စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကားကြီးကွင်းအတွင်း ရောင်းချနေတဲ့ တိုင်းကျော်အမည်ရှိ လောင်စာဆီဆိုင်မှာ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားရတာဟာ ဆိုင်ကယ် ဓာတ်ဆီဖြည့်ရာမှ ဖြစ်ပွားရတယ်လို့ သိရပြီး မီးငြှိမ်းသတ်တဲ့အထဲမှာ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်ရှိတဲ့အနက် တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရရှိသွားပါတယ်။

ဒဏ်ရာရရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ စစ်ကိုင်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူရပေမယ့် စိုးရိမ်စရာ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

မီးလောင်ကျွမ်းရာမှာ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့အပါအဝင် မြို့ခံပြည်သူတွေပူးပေါင်းပြီး မီးသတ်ရေယာဉ် ၁၉ စင်းဖြင့် ငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလာင်ကျွမ်းမှုကို ၁ နာရီကျော် ငြှိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် ဆုံရှုံးမှုတန်ဖိုး ၄၅ သိန်း ကျော်ရှိတယ်လို့ သိရပါတယ်။

မီးလောင်မှုန့ပတ်သက်ပြီး ဆီဆိုင်ပိုင်ရှင် ဦးကိုဦးကို စစ်ကိုင်းမြို့နယ်ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး( DVB )

No comments:

Post a Comment