ကိုးကန့်အဖွဲ့ငွေစာရင်းကို တရုတ်ဘဏ် ပိတ်လိုက်ပြီ
တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က ဖုန်ကြားရှင် ဦးဆောင်တဲ့
ကိုးကန့်အဖွဲ့ရဲ့ ဘဏ်စာရင်းကို ပိတ်လိုက်ပြီလို့ သတင်းရပါတယ်။ အခုလိုသူတို့ငွေစာရင်းကိုပိတ်လိုက်ကြောင်း MNDAA လို့ အတိုကောက်ခေါ်တဲ့မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် လက်နက်ကိုင်အဖွဲ့ကို တရုတ်စိုက်ပျိုးရေးဘဏ်က ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ဘဏ်အနေနဲ့ သူတို့ ကိုးကန့်အဖွဲ့ထံ အလှူရှင်တွေက
ထောက်ပံလှူဒါန်းတဲ့ငွေတွေကို ဆက်ပြီး လက်ခံနိုင်မှာ မဟုတ်ကြောင်းနဲ့ငွေစာရင်းပိတ်လိုက်တာနဲ့ ပတ်သက်ပြီး အပြီးသတ်လုပ်ဆောင်ရမယ့်လုပ်ထုံးလုပ်နည်းတွေ ရှိကြောင်းပြောဆိုတယ်လို့လည်း ရိုက်တာသတင်းမှာဖေါ်ပြထားပါတယ်။
တရုတ်စိုက်ပျိုးရေးဘဏ်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနကဆက်သွယ်မေးမြန်းရာမှာတော့ သူတို့ဘဏ်မှာ ငွေစာရင်းဖွင့်ထားသူတွေနဲ့ ပတ်သက်ပြီြးေ ဖကြားနိုင်ခြင်းမရှိကြောင်း၊ ဒါပေမဲ့ သူတို့ဘဏ်ဟာ ငွေမဲခဝါချမှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်အဖွဲ့ ငွေကြေးထောက်ပံ့မှု ရှောင်ကျဉ်ရေးတွေကိုအလေးအနက်ထားကြောင်း ဖြေကြားတယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးထားခြင်းမရှိတဲ့ MNDAA ကိုးကန့်အဖွဲ့ ခေါင်းဆောင် ဖုန်ကျားရှင်ကို အမေရိကန်ပြည်ထောင်စုကမူးယစ်ဆေးဝါးခေါင်းဆောင် တဦးအဖြစ် သတ်မှတ်ထားပြီး တရုတ်အစိုးရကလည်း ကိုးကန့်အဖွဲ့ကို သူတို့ ထောက်ခံခြင်းမရှိကြောင်း မြန်မာအစိုးရကိုကတိပေးထားပါတယ်။
တရုတ်အစိုးရပိုင်ဘဏ်တခုက မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုကိုဘဏ္ဏငွေရရှိရေးအတွက် အခုလို ပါဝင်ပတ်သက်မယ်ဆိုရင် မြန်မာအစိုးရနဲ့ တရုတ်အစိုးရ ဆက်ဆံရေးကို မုချထိခိုက်လိမ့်မယ်လို့ သံတမန်တဦးက ပြောဆိုကြောင်း ရန်ကုန်ကလာတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။RFA
Tuesday, March 21, 2017
ကိုးကန့်အဖွဲ့ငွေစာရင်းကို တရုတ်ဘဏ် ပိတ်လိုက်ပြီ
ကိုးကန့်အဖွဲ့ငွေစာရင်းကို တရုတ်ဘဏ် ပိတ်လိုက်ပြီ
Reviewed by Ar Ti
on
11:30 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment