ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘာသာရေးကိုအခြေခံ၍ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဟောပြောခဲ့သောကြောင့် ဆရာတော်ဘန္ဒန္တ ဝိစိတ္တာ ဘိဝံသ (ဆရာတော် ဦးဝီရသူ) အား ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားဟောခွင့် ပိတ်လိုက်ကြောင်း တိုင်းအစိုးရအဖွဲ့၏ မတ်လ၃ရက်နေ့ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
ဖေဖော်ဝါရီလ ၉ရက်နေ့တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူကျေးရွာအုပ်စု ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော တရားပွဲတွင် ဦးဝီရသူက ဟောပြောရာ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားလွှာ အမှတ်(၈၃)နဲ့ မညီညွတ်ခြင်း အချို့သော ဟောပြောမှုများတွင် ဘာသာရေးကိုအခြေခံ၍ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ဟောပြောခဲ့သည့် တရားပွဲအား ခွင့်ပြုပေးသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်မြို့အုပ်ချုပ်ရေးမှူးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေါ်ယူသတိပေးရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။
မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ တာတပေါရွာတွင် မတ်လ ၉ရက်နေ့ ညက ဆရာတော် ဘန္ဒန္တ ဝိစိတ္တာ ဘိဝံသက တရားပွဲအား ခွင့်ပြုချက်မရသေးဘဲ ဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး၊ ညွန်ကြားရေးမှူးဦးမျိုးမင်းထွန်းကပြောသည်။
"တရားပွဲတွေဆို တိုင်းအဆင့်က ဝန်ကြီးနှစ်ယောက်ခွင့်ပြုချက်လိုတယ်။ အခု တိုင်းအဆင့်ကိုလည်း တင်ပြထားတာမရှိဘူး၊ ခွင့်ပြုထားတာလည်းမရှိဘူး ဝန်ထမ်းတွေဘက်ကို စုံစမ်းစစ်ဆေးဖွဲ့ပြီးစစ်ဆေးမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး ညွန်ကြားရေးမှူးဦးမျိုးမင်းထွန်းကပြောသည်။
တရားပွဲကို မြို့နယ်အုပ်ချုပ်ရေး၊မြို့နယ်ရဲတပ်ဖွဲ့၊ခရိုင်အုပ်ချုပ်ရေး ခရိုင်ရဲတပ်ဖွဲ့ကတိုင်းကို တင်ပြရကြောင်း၊ယခု တိုင်းအဆင့်ကို တင်ပြထားမှုမရှိကြောင်း ၎င်းကပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ပုသိမ်မြို့နယ်များတွင် ဆရာတော်ဘန္ဒန္တ ဝိစိတ္တာ ဘိဝံသ တရားပွဲများတွင် ဟောပြောခွင့်မရရှိခဲ့ပါ။
(သတင်း - စည်သူမောင်မောင်)
ခွင့်ပြုချက်မရှိပဲ ဦးဝီရသူ တရားပွဲ မအူပင်တွင်ပြုလုပ်
No comments:
Post a Comment