Latest News

Saturday, March 11, 2017

သောကြာည Idol တရားစီရင်ခန်း မြင်ကွင်း


(စဆရက မြိုင် တင်ဆက်သည်)
(မရေးတော့ဘူးဟု ဆင်ချင်ကာ အပျင်းခွေနေစဉ် အချွန်ကလေးများနှင့် ဝိုင်းမ ပြီး တောင့်တလွန်းကြ ၍သာ ကိုယ်ထင်ပြလိုက်ရခြင်းဖြစ်ပါကြောင်း)

သားငယ်. .
ရှေးဦးစွာ. . ခေါ်ထုတ်ခြင်းခံလိုက် ရသောကြောင့် သားငယ်ခမျာ ကားစင်တင်ခံလိုက်ရသော ရာဇဝတ်သား. မျက်နှာပေးနှင့် ဖြစ်နေချေ၏.

ထို့နောက် ဝတုတ်ကလေးအားရပ်ခိုင်း၍ မီးကလေးပိတ် ပြီးသကာလ. . အိုင်ဒိုးလ် ၏ မူပိုင်ဖြစ်သော. . ဒန့်တန်တန် ပူညောင်ပူညောင်. . . ဒန်တန်တန် ပူညောင်ပူညောင်. . ဟူသောတီးလုံး ဖြင့် ကြာကြာကလေး နှိပ်စက် လေ၏ 😃😃😃😃 ဝတုတ်ကလေးလဲ ယမန်နေညက ဘလူးသီချင်းအား စစ်ချီတေး စစ်သည်တေး ဆိုသကဲ့သို့ အားနှင့်မာန်နှင့် ဆိုမိထားသော အပြစ်ရှိထားလေရကား စိတ်မသက်မသာ ရှိလှပေသော မျက်နှာပေးနှင့် ဖြစ်နေချေ၏ 😃😃😃😃😃
ခဏနေမှ ဆေ့ဖ် ဖြစ်ပါသည်ဟု ကြေငြာလိုက် လေရာ ဝတုတ်ကလေးလဲ ရင်ထဲမှ အလုံးကြီး တစ်လုံး ကျသွားဟန်ဖြင့် ဆေ့ဖ်သမားများ ထိုင်ရသော ထိုင်ခုံသို့ ကွတကွတ သွားထိုင်ရရှာချေ၏.
ဤသူငယ် သွေးတိုး၍ တခုခု ဖြစ်သွားပါမူ တရားခံ ကျော်ထက်အောင်နှင့် idol အဖွဲ့သားများသာ ဖြစ်ချေသည်တမုံ့

မိုင်းမိုင်စံ
ဒန်တန်တန် ပူညောင်ပူညောင် မည်သို့လုပ်သော်လဲ သူငယ်မလေးကား
ထွေထူး၍တုန်လှူပ်ပုံမရတော့ချေ. အဘယ့်ကြောင့်ဆိုသော်.ဤသူမသည်ကား Bottom 3၏ ဖောက်သည် ကြီးအဖြစ် အပတ်တိုင်းလိုလို ပါနေပေသောကြောင့်တည်း.ထို့ကြောင့် . Bottom 3 သိုသွားထိုင်စေ အမိန့်ထွက်လေ၏

ထို့နောက် လက်ကျန် သုံးဦးအားကားစင်တင်လေ၏
ဆေ့ဖ် ဖြစ်သူ မကြေငြာခင်ထပ်မံ၍ တီးလုံးဖြင့် နှိပ်စက်ပြန်လေ၏.
နောက်ဆုံး. ပိုးမှီအား ဆေ့ဖ် ဟုကြောငြာလိုက်လေရာ. သူငယ်မသည် ငါတော့လွတ်ပြီဟဲ့ ဟု ဝမ်းသာအားရမျက်နှာ ပေးဖြင့် ဆေ့ဖ် ထိုင်ခုံသို့ သုတ်ချေတင်လေ၏ နောက်လှည့်ကြည့်မိလျင် ပြန်ခေါ်ခံရမှာစိုး ထိတ်သောကြောင့်လောမသိ. လုံးဝလှည့်မကြည့်ချေ. 😃😃😃😃😃😃

ဇင်ကြီးသည်မှလဲ bottom 3၏ ဖောက်သည်ကြီးဖြစ်၍ အတွေ့အကြုံရှိပြီးဖြစ်သောကြောင့်. . မျက်နှာထွေထူးစွာမပြောင်းလဲ ခဲ့ သော်လဲ. .

ဘီလီလေး သည်ကား အိမ်သာတက်ချင်နေ၍လောမသိချေ ခံရခက်သော မျက်နှာပေးဝေဒနာတို့ဖြင့် bottom 3အားသွားထိုင်ရရှာလေ၏😃😃😃

ထို့နောက်. . မြန်မာပြည်၏ ရှားပါးblues အဆိုရှင်ကိုညီပု ပွဲထွက်လာချေ၏. .

ကိုညီပုခမြာ ဘလူးစ်ဂီတ မဖွံဖြိုးသော တိုင်းပြည်မှ မေးခိုင်နေသော ဘလူးအဆိုရှင် ဖြစ်နေလေရကား.ဘလူးစ်ဟန်ဖြင့်သီဆိုခြင်း အမှန်တကယ်ကောင်းသော်လဲ. သီချင်းစပြီး ဒုတိယပိုဒ်လောက်ရောက်သည်အထိ မိုက်ကရိုဖုန်းအထားအသို ကို မတတ်ရှာသေးချေ. . . 😃😃😃 သီချင်းတစ်ဝက်ကျော်မှ ပုံမှန်ဆက်လက် သီဆို သွားနိုင်ပေတော့၏ . 😃😃😃
မှန်ကြည့်၍ ကျင့်ထားဟန်တူသော ကပ္ပလီ တို့၏ ခြေထောက်ကကွက် လက်ကားကကွက် တို့ကို သူကြိုးစား၍ သရုပ်ပြတင်ဆက်နေသောလဲ အီကိုယ့်မျက်လုံးထဲ၌ ကလေးများကစားသော အင်္ဂလိပ်ကြက်ဖ ဗိုလ်ကြက်ဖ ဆော့နေသကဲ့သို့သာထင်မိပါ၏ 😃😃😃😃😃 ကျွန်ပ်သာ ဒိုင်ဖြစ်မည်ဆိုပါက ပထမဆုံး bottom 3ထိုင်ရမည်မှာ ကိုညီပု ဖြစ်နေခြေ၏ (ချစ်၍ စ သည်ဟု မှတ်ပါလော ဆရာ ကိုညီပုရေ 😃😃😃😃😃)

ဆက်လက်၍ ရာဇဝတ်သားသုံးဦးအား မီးမှောင်းထိုး၍ စွဲချက်တင်လိုက် လေရာ အပြစ်ရှိသူနှစ်ဦး. ဖြစ်သည့် မိုင်းမိုင်းစံနှင့် ဇင်ကြီး ပြစ်ဒဏ် ထိလေ၏. . ဘီလီကလေးလဲ ထိုအခါကျမှ ဝမ်းကိုက်နေသောမျက်နှာပေးလွတ်လေ၏😃😃😃😃
မိုင်းမိုင်စံ
အင်မတန် စိတ်ကောင်းရှိသော မိန်ခလေးဖြစ်လေ၏.. မိမိထွက်ခွာသွားသော်လဲ ပြုံးရွှင် ရိုးသားစွာဖြင့် ချစ်စရာကောင်းသော စကားများကိုသာ ဆိုလေ၏ မိမိကျေးဇူးတင်ရမည်ဖြစ်သောသူများအား.မိုက်ကိုနှစ်ကြိမ်ပြန်ယူပြော ပြီး ကျေးဇူးစကားဆိုသွားရှာချေ၏. အင်မတန် ချစ်စရာကောင်းသော.သူငယ်မ လေး တစ်ဦး ပါပေ. . .

ဇင်ကြီး
အတွေ့အကြုံရှိပြီးဖြစ်သော ကြောင့်.ဤတစ်ကြိမ်တွင် တည်ငြိမ်စွာဖြင့် ဝမ်းသာစကား ကျေးဇူးတင်စကား ဆိုလေ၏ . ထို့နောက်ရဲလေးရေးသောသီချင်းတစ်ပုဒ် အား နှစ်ယောက်သားဆိုနေစဉ် ကျန်သော အိုင်ဒိုးလ် အဖွဲ့သားများပါ ရော၍ဆိုပြီး ပွဲကိုသိမ်း လေ၏

ဤတွင် စဆရက မြိုင်၏ အိုင်ဒိုးလ် တရား စီရင်ခန်း မြင်ကွင်း နိတ္ထိတံ လေ၏

စဆရက
အန်ကယ်မြိုင်😃😃😃😃😃

စာကြွင်း
(အန်ကယ်Tt ၏ ဝေဖန်ချက်အလွဲ နှင့်ကြွားခြင်းတို့ကို ထည့်ရေးချင်သေးသော်လဲ. . အရိုက်ခံရမည် စိုးသောကြောင့်လက်ရှောင်လိုက်ရပါ၏. .. ယခုပင်လျင် အီစကိုယ့်အား. အိုင်ဒိုးလ်နှင့် ပတ်သက်သူ အတော်များများ က. မေတ္တာ သုတ် မင်္ဂလာ့ သုတ်ရွတ်နေချေပေရော့မည်.မဟုတ်တုံလော . . 😃😃😃😃)

Aung Myaing Thin

No comments:

Post a Comment