Latest News

Wednesday, March 22, 2017

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်နှင့်တွေ့ဆုံခြင်း

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်နှင့်တွေ့ဆုံခြင်း

‘‘ကျွန်တော်တို့အဖွဲ့ရဲ့ စစ်ဆေးမှုက တကယ့်မြေပြင်အခြေအနေမှာ တကယ်ရောက်ပြီးတော့ မြောက်မြားစွာကို မေးမြန်းပြီးတော့မှ ရေးသားထားတာဖြစ်တဲ့အတွက် ဒီဥစ္စာက ပိုပြီးတော့မှ အမှန်တရားနဲ့ နီးစပ်တယ်လို့ပြောချင်ပါတယ်’’

ဦးအောင်ကြည်သည် မောင် တောစုံစမ်းစစ်ဆေးရေးကော်မ ရှင်၏ အဖွဲ့ဝင်ဖြစ်ပြီးဒီချုပ်အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင်အကြံ ပေးအဖွဲ့ခေါင်းဆောင်   ဖြစ် သည်။ စစ်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီး၊ အလုပ်သ မားဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၇တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ် အစိုးရအကြား  ဆက်ဆံရေး ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက် နောက်ပိုင်း မောင်တောဒေ သ နယ်မြေရှင်းလင်းရေးစစ်ဆင် ရေး၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက လူ့အခွင့်အရေး   ချိုးဖောက် မှုများကျူးလွန်ခဲ့ကြောင်း ကုလ သမဂ္ဂ၏ စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန် အစိုးရကမောင်တော ဒေသ စုံစမ်းစစ်ဆေးရေးကော်မ ရှင်ကို ဖွဲ့စည်းခဲ့သည်။ ဒုသမ္မတ ဥက္ကဋ္ဌတာဝန်   ယူထားသော ယင်းကော်မရှင်သည် အများယုံ ကြည်စိတ်ချလောက်စရာမရှိဟု ကုလနှင့် နိုင်ငံတကာဝေဖန်မှုများ ရှိနေသည်။ ထို့ကြောင့် နိုင်ငံတ ကာအချက်အလက်ရှာဖွေရေးမစ် ရှင်အဖွဲ့ မြန်မာသို့ အလျင်အမြန် စေလွှတ်ရန် ဥရောပသမဂ္ဂက ဦး ဆောင်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီထံ တင်သွင်းတောင်း ဆိုခဲ့သည်။ မတ်လ ၂၃ ရက် (သို့မဟုတ်) ကုလလူ့အခွင့်အရေး ကောင်စီ နှစ်ပတ်လည်ညီလာခံ အပြီးသတ်နေ့ မတ်လ ၂၄ ရက် တွင် မြန်မာဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို အပြီးသတ်ဆုံးဖြတ် ချက်ချရန်ရှိနေသည်။ အကယ်၍ မူကြမ်းကို အတည်ပြုဆုံးဖြတ်မည် ဆိုပါက မြန်မာနိုင်ငံသို့ နိုင်ငံ တကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက စေလွှတ်ရမည်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် အဝေ ဖန်ခံနေရသော မောင်တောဒေသ ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရ၏ ကော်မရှင်က ရှာဖွေတွေ့ရှိမှုများကိုဦးအောင်ကြည်နှင့်  တွေ့ ဆုံမေးမြန်းခဲ့သည်များမှ အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာကဆို ရင် ဒီအရေးနဲ့ပတ်သက်လို့ တော် တော် ပြင်းပြင်းထန်ထန်ကို  စွပ်စွဲ ထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က ဘာတွေများ တွေ့ ရှိထားပါပြီလဲ။

ကျွန်တော်တို့ တတ်နိုင်သမျှ အမှန်တရားကို ပေါ်လွင်အောင် ရှာဖွေပါတယ်။ တွေ့တာတွေ လည်း တွေ့ပါတယ်။ တကယ့်အ ကြောင်းရင်း နောက်ခံအခြေအ နေတွေလည်း တွေ့ပါတယ်။ အဲ ဒါတွေကတော့ ကျွန်တော်တို့ အ စီရင်ခံစာထဲ ကျလို့ရှိရင်တော့ ပြည့်ပြည့်စုံစုံ  ဖော်ပြနိုင်လိမ့်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ ဒီအမှန်တရားကို တွေ့ပြီး သွားပြီဆိုတဲ့ အခါကျလို့ရှိရင် ဒီ အမှန်တရားအပေါ်မှာ ကျွန်တော် တို့ ဖြစ်နိုင်သမျှ  တရားမျှတမှုကို ပြန်ရအောင်လို့  လုပ်ရပါမယ်။ အဲဒီတော့ အရေးယူသင့်တဲ့လူကို အရေးယူတာတွေ  ဆက်လုပ်သွား ရမယ်။ အလားတူပဲ အပြစ်မရှိတဲ့ ကိစ္စဆိုလို့ရှိရင်လည်း၊ မမှန်တဲ့ ကိစ္စဆိုလို့ရှိရင်လည်း မမှန်တဲ့အ ကြောင်း ကျွန်တော်တို့ ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ကြေညာရ မှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန် တော်တို့ ဆက်လုပ်သွားမှာဖြစ်ပါ တယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့ အခွင့်အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေမှန်ကန်တယ် ဆိုတာ တွေ့သလား။

အခုဖြစ်ပွားတဲ့ဖြစ်စဉ်၊ ဖြစ် ပွားတဲ့ကာလ၊ အဲဒီအချိန်မှာ တပ် စခန်းတွေက ဝင်အစီးခံရတယ်။  ရဲစခန်းတွေပေါ့နော်။ ဝင်အစီးခံရ တဲ့အခါမှာပြန်ပြီးတော့ တိုက်ခိုက် ကြတယ်ဆိုတော့ တကယ့်တ ကယ်ကျတော့ စစ်ဖြစ်တဲ့ အနေ အထားလေးတစ်ခုပါပဲ။ အဲဒီကာ လလေးတစ်ခုပေါ့။ တိုတောင်းတဲ့ အချိန်ကာလလေးတစ်ခုမှာ စစ်ပွဲ ရဲ့ ပုံသဏ္ဌာန်မျိုး ပေါ်ပေါက်ခဲ့ပုံ ရပါတယ်။ တပ်ရင်းမှူးကျတာတို့  ဘာတို့ညာတို့ပေါ့လေ။ ကြီးကြီး ကျယ်ကျယ် မဟုတ်ပေမယ့်လို့ ပေါ့။ အဲဒီလိုဖြစ်ပွားတဲ့ အနေအ ထားမျိုးမှာကတော့  လူ့အခွင့်အ ရေးချိုးဖောက်မှုဆိုတာ ရှိမှာပဲ။  ဒါကို ကျွန်တော်တို့မရှိဘူးလို့ ငြင်း ပယ်လို့မရဘူး။ ရှိဖို့ အခြေအနေ တွေအများကြီး ကျွန်တော်တို့ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ လည်း တစ်ဖက်က အလွယ်တကူ နဲ့ မေးမြန်းပြီးတော့ အစီရင်ခံခဲ့တဲ့ အစီရင်ခံစာထဲကလိုမျိုး  သဘာဝ မကျတဲ့ အခြေအနေလောက် တော့မဟုတ်ပါဘူး။တစ်ခုစ၊နှစ်ခု စအစရှိသဖြင့်ပေါ့၊ ဖြစ်စဉ်တစ်ခု နှစ်ခု ဒီလိုဟာမျိုးလေးတွေတော့ ရှိပါတယ်။ ရှိတာလေးတွေလည်း ကျွန်တော်တို့တွေ့ထားတာ ရှိပါ တယ်။ ဒါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့က ထုတ်ဖော်ပြီး တော့ အစီရင်ခံစာထဲမှာ ထည့် သွားမှာဖြစ်ပါတယ်။

ကုလအစီရင်ခံစာအရဆိုရင် လူ တွေရာနဲ့ချီ အသတ်ခံခဲ့ရပါတယ်။ ဒီကနေ့ CNNအင်တာဗျူးမှာ ရန် ဟီးလီပြောတာဆိုရင် လည်ပင်း လှီးသတ်တာ၊ မီးရှို့တာ၊ ကလေး တွေကို မီးလောင်တဲ့အထဲ ပစ် သွင်းတာစတဲ့ ဖြစ်စဉ်ပေါင်းများ စွာနဲ့  လူတွေအသတ်ခံခဲ့ရတယ်ဆို ပြီးတော့ UNဘက်ကနေ စွပ်စွဲပါ တယ်။ အန်ကယ် ပြောသလိုဆို ရင် တစ်ခုစ၊ နှစ်ခုစပဲတွေ့တာ လား။ အဲဒီလောက်မတွေ့ဘူးလို့ ဆိုလိုတာလား။

ကျွန်တော့်အမြင်ကတော့ အဲဒီလောက်ကြီးဖြစ်စရာ အ ကြောင်းကို မရှိဘူး။ တစ်ခုစ၊ နှစ် ခုစ၊ တစ်နေရာ၊ နှစ်နေရာမှာ လူ ပုဂ္ဂိုလ်သဘောအရ လူတစ်ဦး တစ်ယောက်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကြောင့်မို့လို့ ပေါ့လေ။ ခေါင်းဆောင်တစ်ဦး တစ်ယောက်၊ တပ်ရင်းမှူးတို့၊ တပ်ခွဲမှူးတို့ အစရှိသဖြင့်ပေါ့ လေ။ အလွန်ဆုံး ဒီလောက်အ ဆင့်ပေါ့။   ဒီလိုအားနည်းချက်တွေ ကြောင့်မို့လို့၊ ကွပ်ကဲအုပ်ချုပ်မှူ အားနည်းချက်တွေကြောင့်မို့လို့ ချို့ယွင်းချက်မျိုးကတော့ ရှိ ကောင်းရှိနေနိုင်ပါတယ်။ ဒါက လည်း သဘာဝအရ ဖြစ်လေ့ဖြစ် ထရှိပါတယ်။ ဒါပေမဲ့မူဝါဒသဘော အရသော် လည်းကောင်း၊ အစိုးရ ရဲ့ မူဝါဒအရဖြစ်စေ၊ တာဝန်ရှိတဲ့ သက်ဆိုင်ရာ အင်စတီကျူရှင်နယ် ပေါ်လစီ၊ အင်စတီကျူးရှင်းကြီး ကနေပြီးတော့ ဒီလိုလုပ်ရမယ်၊ ဒီလိုကိုင်ရမယ်ဆိုတဲ့ ညွှန်ကြား ချက်မျိုးတွေကြောင့်သော်လည်း ကောင်း ဒါမျိုးတွေတော့ မဟုတ် ပါဘူး။ဒါမျိုးဆိုလို့ရှိရင် အဓိပ္ပာယ် က ဘာဖြစ်သွားလဲဆိုတော့ အဖွဲ့ အစည်းတစ်ခု (သို့မဟုတ်) အင်စ တီကျူးရှင်းကြီး တစ်ခုကနေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက် တယ်။ အဲဒီလို အဓိပ္ပာယ်မျိုးသက် ရောက်ရင် အပြည်ပြည်ဆိုင်ရာက နေပြီးတော့ ထောက်ပြတာတွေ ပြုတာတွေဟာ သဘာဝကျတယ်။ တကယ်လို့ အဲဒီလိုတွေရှိရင်။အခု ဖြစ်တဲ့ ဖြစ်စဉ်တွေက အဲဒီလို အင်စတီကျူးရှင်းတွေရဲ့ မူဝါဒအ နေနဲ့ဖြစ်တာမဟုတ်ဘဲနဲ့ အဖွဲ့အ စည်းအငယ်လေး၊ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့  ချို့ယွင်းအား နည်းချက်တွေကြောင့် ဖြစ်တာပဲ လို့  ကျွန်တော့်စိတ်ထဲမှာ မြင်ရ တယ်လေ။ ဒါကတော့ လူတစ်ဦး တစ်ယောက်နဲ့ တစ်ယောက်တော့  ကျွန်တော်တို့အဖွဲ့ဝင် အချင်းချင်း တောင်မှ ဒါတွေက ပြန်ပြီးတော့ သုံးသပ်ရဦးမှာပါ။ တစ်ယောက် နဲ့တစ်ယောက်က တွေ့ဆုံ ဆွေးနွေးကြတဲ့ နေရာတွေ၊ စစ်ဆေးမေးမြန်းတဲ့ နေရာ တွေက မတူညီကြဘူး။ တစ် ယောက်နဲ့တစ်ယောက်က မြင် ကွင်းချင်း၊ တွေးပုံခေါ်ပုံချင်း ကွဲ ပြားခြားနားကြတယ်ဆိုတော့ ဒါ တွေအားလုံးက ပြန်ပြီးတော့သုံး သပ်ရဦးမှာပါ။ ကျွန်တော့်အနေနဲ့ မြင်တာကတော့ နိုင်ငံရေးရည် ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ အသွင် သဏ္ဌာန်မျိုးမဟုတ်ဘူးလို့ ဒါကို ပဲကျွန်တော်က အဓိကပြောချင် ပါတယ်။

အန်ကယ်တို့ကော်မရှင်စုံစမ်းစစ် ဆေးတဲ့အခါမှာကော လွတ်လွတ် လပ်လပ်စုံစမ်းနိုင်မှု ရှိပါသလား။ လုပ်ပိုင်ခွင့် ဘယ်လောက်ထိ ရှိပါ သလဲ။

စုံစမ်းတာက လွတ်လပ်ပါ တယ်။ အများကြီး လွတ်လပ်ပါ တယ်။ ကျွန်တော်တို့ မေးချင်တဲ့ လူမေးနိုင်တယ်။ ပြောချင်တဲ့လူ ပြောနိုင်တယ်။

နောက်တစ်ခုက  ကျွန်တော်တို့ အချင်းချင်းလည်း တချို့လက်ခံ နိုင်တာတွေရှိတယ်၊ လက်မခံနိုင် တာတွေရှိတယ်။ အငြင်းပွားတာ တွေလည်းရှိတယ်။ နောက်ပိတ် ဆုံး  အားလုံးတူညီတဲ့ သဘော ထားလေးတွေကို ကျွန်တော်တို့ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

တပ်မတော်ကလည်း သူ့ရဲ့စုံစမ်း စစ်ဆင်ရေးအဖွဲ့ ဖွဲ့ထားတယ်။ ပြည်ထဲရေးကလည်း ထိုနည်း လည်းကောင်းပဲ။ အန်ကယ်တို့ ကော်မရှင်နဲ့  ဒီတပ်မတော်၊ ပြည် ထဲရေးအဖွဲ့တွေနဲ့ ဘယ်လိုများ ပူးပေါင်းဆောင်ရွက်မှုရှိပါသလဲ။

တပ်မတော်ရော၊ ပြည်ထဲ ရေးရော ဖွဲ့စည်းတာတွေအားလုံး က ကျွန်တော်တို့ရဲ့ အကြံဉာဏ် ပေးမှုတွေပါပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တချို့ကိစ္စတွေဟာ  ကျွန်တော်တို့အနေနဲ့ ဥပဒေအရ  စုံစမ်းစစ်ဆေးရေး ကော်မရှင်အ နေနဲ့ ဝင်နိုင်တယ်၊ စစ်ဆေးနိုင် တယ်၊ မေးမြန်းနိုင်တယ်ဆိုသော် လည်းပဲအဲဒီတပ်ဖွဲ့ဝင်တွေက တ ခြားတစ်နေရာ ရောက်နေကြပြီ။ ဒီမှာမရှိကြဘူးဆိုရင် အဲဒီလူတွေ ကို ရှာဖွေဖို့ဆိုတဲ့အပိုင်းက ကျွန် တော်တို့မှာ အခက်အခဲတွေရှိပါ တယ်။ အဲဒါကြောင့် အားလုံးဝိုင်း ပြီးတော့ သူ့သက်ဆိုင်ရာစစ်ဘက် ဆိုလည်း စစ်ဘက်ဥပဒေနဲ့အညီ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုလည်း ရဲ တပ်ဖွဲ့ဥပဒေနဲ့အညီ စစ်ဆေး မယ်၊ ဖော်မယ်၊ တွေ့မယ်၊ပြီးလို့ရှိ ရင် အရေးယူ ဆောင်ရွက်မယ်ဆို လည်း သက်ဆိုင်ရာဥပဒေနဲ့အညီ  ချက်ချင်း ဆောင်ရွက်လို့ရမယ့် အ နေအထားမျိုး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အဲဒီလိုလုပ်နိုင်ရ အောင်ဆိုပြီးတော့ မြန်မြန်ဆန် ဆန်နဲ့ မှန်မှန်ကန်ကန် တိတိကျ ကျ  အရေးယူဆောင်ရွက်နိုင်ရ အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လည်း ဒီကိစ္စမှာ အသေးစိတ်ပါဝင် ပြီးတော့မှ ဆောင်ရွက်ပေးကြဖို့ ကျွန်တော် တို့အစပိုင်းကတည်း က ဆွေးနွေးခဲ့ကြတာရှိပါတယ်။

အရေးယူ ဆောင်ရွက်ဖို့ဆိုရင် အ မှုပေါင်းဘယ်လောက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ဘယ်လောက်ကို အရေးယူဆောင်ရွက်ဖို့ တွေ့ရှိ ထားပါပြီလဲ။

အထူးသဖြင့်တော့ ကျွန် တော်တို့ စာရင်းမချုပ်ရသေးပါ ဘူး။ ကျွန်တော်တို့ သိထားတာက တော့ ရာထူးအဆင့် အသီးသီးမှာ ရှိတဲ့ ပုဂ္ဂိုလ်အတော်လေးကိုတော့၊ အတော်အတန်တော့ ရှိတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော်တို့  အတိအကျ အခုအချိန်မှာ မပြော နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆို ရင် အဲဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ နဲ့က မတွေ့သေးဘူးလေ။ ကျွန် တော်လည်း အခုရန်ကုန်မှာပဲ ရှိ သေးတယ်။ ခရီးသွားထားတဲ့အ တွက် မောင်တောဧရိယာကို မ သွားရသေးပါဘူး။ အဆင်သင့် ကျွန်တော်စောင့်နေပါတယ်။ ကျန်တဲ့အဖွဲ့တွေကလည်း သူ့နေ ရာနဲ့သူရှိနေပါတယ်။ သူတို့ဆီမှာ ရှိတဲ့ စာရင်းဇယားကို ကျွန်တော် မသိပါဘူး။ ဒါကြောင့်မို့လို့ ကိန်း ဂဏန်းတော့ ကျွန်တော်အတိအ ကျ ပြောလို့မရသေးပါဘူး။

အခု ဂျီနီဗာမှာလုပ်နေတဲ့ လုံခြုံ ရေးကောင်စီညီလာခံမှာ ရခိုင် ပြည်နယ်မှာဖြစ်ပွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို စုံစမ်း ဖို့အတွက် နိုင်ငံတကာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ စေ လွှတ်ဖို့ တောင်းဆိုထားပါတယ်။ မတ် ၂၃ (သို့မဟုတ်)၂၄မှာ ဆုံး ဖြတ်ချက်ကျမယ်ပေါ့။နောက်ပြီး ကုလကရော၊ နိုင်ငံတကာကရော အန်ကယ်တို့ကော်မရှင်ကို အများယုံကြည်လက်ခံနိုင်စရာမရှိဘူဆိုပြီး တော့လည်း ဝေဖန်တာတွေ ရှိပါတယ်။ဒီအပေါ်ကော ဘာများတုံ့ပြန်ချင်ပါသလဲ။

ဒီဥစ္စာကတော့ သူတို့ရဲ့အ မြင် ပါ။ ကျွန်တော်တို့ကော်မရှင် အနေနဲ့ကတော့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့က တကယ့်မြေပြင်မှာ ရောက်တယ်။ မြေပြင်မှာရောက်ပြီးတော့ တစ်ဦး ချင်းကိုမေးတယ်။ သက်သေဖြစ် ဖွယ်ရာရှိတဲ့နေရာတွေ၊ ဌာနတွေ ကို လိုက်ပြီးတော့ကြည့်ရှုတယ်။ အဲဒီလို ကျွန်တော်တို့က စစ်ဆေး တဲ့နည်းလမ်းပါ။ သူတို့စစ်ဆေးတဲ့ ပုံသဏ္ဌာန်ကတော့ လူလေး ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ အချိန်ကလည်း ကျွန်တော်တို့ ဒီ ကနေပြီးတော့မှ စခန်းတွေကို ဝင် ရောက်စီးနင်းပြီးတော့ ထွက်ပြေး သွားကြတဲ့ မိသားစုတွေကိုလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ကိုယ်တိုင် ကိုလည်း ဖြစ်ချင်ဖြစ်မယ်၊ အပြစ် တစ်စုံတစ်ရာ ကျူးလွန်ပြီးတော့ ထွက်ပြေးသွားကြတဲ့ ပုဂ္ဂိုလ်တွေ အများစုလို့ ယူဆရပါတယ်။ အဲဒီ လူတွေနဲ့ သူတို့တွေ့ဆုံတယ်။ မေးမြန်းတယ်။ အဲဒီလူတွေပြော တဲ့ အခြေအနေအတိုင်းပဲ ထည့် သွင်းပြီးတော့ အစီရင်ခံထားတာ တွေ့ရပါတယ်။ တကယ့်ပကတိ အခြေအနေနဲ့ ဖြစ်နိုင်ခြေရှိတာနဲ့၊ လူတစ်ဦးချင်းစီအပေါ်မှာ ယုံ ကြည်စိတ်ချမှု၊ သူပေးလာတဲ့ သတင်းအချက်အလက် ဘယ် လောက်အထိ ယုံကြည်စိတ်ချမှုရှိ သလဲဆိုတာကို အကဲဖြတ်ဝေဖန် နိုင်စွမ်းမရှိဘဲနဲ့ ရေးသားထားတဲ့ အစီရင်ခံစာအပေါ်မှာ အခြေခံ ပြီးတော့ စဉ်းစားနေကြတာဖြစ် တဲ့အတွက် တကယ့်ပကတိအဖြစ် မှန်တရားနဲ့ ဝေးကွာတယ်လို့ကျွန် တော်ထင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ရဲ့စစ်ဆေးမှုဟာ တကယ့် မြေပြင်အခြေအနေမှာ တကယ် ရောက်ပြီးတော့ မြောက်မြားစွာကိုမေးမြန်းပြီးတော့မှ ရေးသား ထားတာဖြစ်တဲ့အတွက် ဒီဥစ္စာက ပိုပြီးတော့မှ အမှန်တရားနဲ့ နီး စပ်တယ်လို့ ပြောချင်ပါတယ်။

ရခိုင်ပြည်နယ်ကိစ္စက လူသားမျိုး နွယ်အပေါ်ပြစ်မှုကျူးလွန်မှုဆိုပြီး တော့သုံးနှုန်းနေကြပါတယ်။ အန် ကယ်တို့ တွေ့ရှိချက်အရ နယ် မြေရှင်းလင်းရေးဆောင်ရွက်စဉ် မှာကျူးလွန်ခဲ့တာတွေက လူသား မျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုဆို တာ တွေ့ရသလား။

မရှိပါဘူး။ အဲဒါ မဟုတ်ပါ ဘူး။ ဒီလူသားမျိုးနွယ်အပေါ်မှာ ပြစ်မှုကျူးလွန်တယ်ဆိုတာ အစိုးရကသော်လည်းကောင်း၊ အင်စတီကျူးရှင်းကြီးတစ်ခုက သော်လည်းကောင်း ရည်ရွယ် ချက်ရှိရှိနဲ့ စေခိုင်းပြီးတော့မှ လုပ် တဲ့ကိစ္စမျိုးတွေမှာသာလျှင် ဖြစ် နိုင်ခြေရှိပါတယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းရဲ့ ရှုမြင်မှုတွေဟာ လူသားမျိုးနွယ်အ ပေါ်မှာ ဖောက်ဖျက်တဲ့သဘော၊ ပြစ်မှုကျူးလွန်တဲ့သဘော မဟုတ် ပါဘူး။ လူတစ်ဦးချင်းစီရဲ့အား နည်းချက်တွေ၊ ချို့ယွင်းချက်တွေ ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။  ကျွန်တော်တို့တွေ့ရှိရတဲ့အနေအထားကတော့ အများစုက ကျွန် တော်တို့ယုံကြည်ပါတယ်၊ လူ တစ်ဦးချင်းစီရဲ့ ချို့ယွင်းချက်၊ အဖွဲ့အစည်းသေးသေးလေးတစ် ခုရဲ့  ချို့ယွင်းချက်တွေကြောင့် ဖြစ်ရတယ်လို့ ကျွန်တော်တို့ယုံ ကြည်ပါတယ်။

နောက်ဆုံးမေးချင်တာကတော့ ပြည်တွင်းကလူတွေကိုရော၊နိုင်ငံ တကာကိုရော ပြောပြချင်တာ၊ အကြံပြုချင်တာ၊ သတင်းစကား ပါးချင်တာရှိရင်ပြောပါဦး။

ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့လည်း တစ်ချိန်တုန်း က အတွေ့အကြုံရှိခဲ့ဖူးပါတယ်။ အဓမ္မခိုင်းစေမှုနဲ့ပတ်သတ်ပြီး တော့ တစ်ချိန်တုန်းက အလုပ်သ မားအဖွဲ့ချုပ်ကနေပြီးတော့ ကျွန် တော်တို့နိုင်ငံကို စွပ်စွဲပြီးတော့မှ အခုလိုပဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်၊ အရေးယူဆောင်ရွက်မှုတွေ လုပ်ပြီးတော့မှ ဆန်ရှင်တွေလုပ်ခဲ့ တဲ့ အတွေ့အကြုံတွေရှိပါတယ်။ အဲဒီအတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး တော့ပြောရမယ်ဆိုရင်တော့ အဲဒီ တုန်းကလည်း စုံစမ်းစစ်ဆေးရေး ပုဂ္ဂိုလ်တွေကို အဲဒီအချိန်တုန်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ပြည် တွင်းကို ဝင်ခွင့်မပြုခဲ့ဘူး။ ပြည် တွင်းဝင်ခွင့်မပြုတဲ့အခါမှာ အဲဒီ စစ်ဆေးခဲ့တဲ့ ပုဂ္ဂိုလ်တွေက ယိုး ဒယားနယ်စပ်၊ အိန္ဒိယနယ်စပ် အစရှိတဲ့ နယ်စပ်ကလေးတွေမှာ သွားပြီးတော့ပဲ ဗမာပြည်ထဲမှာ အဓမ္မခိုင်းစေမှုတွေဘယ်လောက် ရှိသလဲဆိုတာကို သူတို့ကမေး မြန်း စစ်တမ်းကောက်ယူပြီးတော့ မှ အဲဒါနဲ့ ကျွန်တော်တို့နိုင်ငံအပေါ် မှာ ဒီလိုပဲစွဲချက်တင်ခဲ့တာ ဖြစ်ပါ တယ်။ ၁၉၉၀ ပြည့်လွန်ကာလ တွေပေါ့လေ။ အဲဒီ့တုန်းကလည်း ကျွန်တော်တို့နိုင်ငံမှာ အဓမ္မခိုင်း စေမှုဆိုတာဟာ တချို့အိမ်နီးချင်း နိုင်ငံတွေထက် ပိုပြီးတော့ သိသိ သာသာ ပိုကျူးလွန်တာမရှိပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံအပေါ် မှာ ချို့ယွင်းချက်၊ အားနည်းချက် တွေကို လေ့လာတဲ့အခါကျတော့ ဥပမာ ၈၈ အရေးအခင်းအပေါ်မှာ တရားမျှတမှုမရှိခဲ့တဲ့အခြေအနေမျိုး၊ ၁၉၉၀ရွေးကောက်ပွဲမှာ အာ ဏာ လွှဲမပေးနိုင်တဲ့အခြေအနေ မျိုးတို့လို့ ဒီလိုအခြေအနေမျိုးတွေအပေါ်မှာအခြေခံပြီးတော့မှ ဒီလို တရားစွဲခံရအောင်၊ အရေးယူခံရ အောင်လုပ်တာပဲလို့ ကျွန်တော်က တော့ထင်ပါတယ်။ လက်ငင်းဖြစ် တဲ့၊ လက်တလောဖြစ်တဲ့ ဖြစ်စဉ် ဖြစ်ရပ်က မှန်သည်ဖြစ်စေ၊ မှား သည်ဖြစ်စေ တကယ့်ဖြစ်စေချင် တဲ့ နိုင်ငံတကာကဖြစ်စေချင်တဲ့အ နှစ်သာရက တခြားအမှားအယွင်း တွေရှိခဲ့တဲ့၊ အဲဒီဖြစ်ခဲ့တဲ့အမှားအယွင်းတွေအပေါ်မှာ အပြစ်ပေး ချင်တဲ့စိတ်ဆန္ဒက ပိုပြီးတော့ ရည်ရွယ်ချက်က အဓိကဖြစ်ပါ တယ်။ လက်တလော စုံစမ်းစစ် ဆေးထားတဲ့ တွေ့ရှိချက်တွေက သာမညဖြစ်ပါတယ်။ အဲဒီလို အနေအထား ကျွန်တော်တို့တွေ့ ခဲ့ရပါတယ်။

အခုလည်းပဲ ကျွန်တော့်အ မြင်အရ၊ ပုဂ္ဂိုလ်ရေးအမြင်လည်း ဖြစ်ပါတယ်၊ ပြောရမယ်ဆိုရင် တော့ ဒီကိစ္စမှာရှိတဲ့ မွတ်စလင် တွေအပေါ်မှာ နိုင်ငံတော်အနေနဲ့ နှစ်ပေါင်းများစွာထားရှိခဲ့တဲ့ ကျင့် သုံးခဲ့တဲ့ မူဝါဒပေါ့။ အဲဒီမူဝါဒက လည်း သူ့အခြေအနေနဲ့ သူ့အချိန် အခါနဲ့ လိုအပ်ကောင်းလိုအပ်မှာ ဖြစ်သော်လည်းပဲ တကယ့်တ ကယ်ကျတဲ့ အခါကျတော့၊ နှစ် တွေ သိပ်ကြာလာတဲ့အခါကျ တော့ ခေတ်ကာလအခြေအနေနဲ့ မဆီလျော်တဲ့၊ မအပ်စပ်တဲ့မူဝါဒ မျိုးတွေ လောလောလတ်လတ်ဖြစ် ကောင်း ဖြစ်နေနိုင်ပါတယ်။ အဲဒီ ဖြစ်စဉ်တွေအပေါ်မှာ မူတည်ပြီး တော့မှ ထိန်းသိမ်းတဲ့ မူဝါဒ containment policy ပေါ့။ ကန့် သတ်ထိန်းချုပ်တဲ့ မူဝါဒရဲ့အား နည်းချက်တွေဟာ ကျွန်တော်တို့ မှာ တဖြည်းဖြည်းနဲ့ နှစ်တွေကြာ လာတာနဲ့အမျှ အားနည်းချက် တွေက ပိုပိုပြီးတော့ များလာတာ တွေ့ရတယ်။ အဲဒီအခြေအနေ တွေကြောင့်မို့လို့ပဲ အခုသူတို့ စုံ စမ်းတယ်၊ စစ်ဆေးတယ်၊ အောက်တိုဘာ ၉ ရက် ဖြစ်စဉ်အ ပေါ်မှာ မူတည်ပြီးတော့ ကောက် ကာငင်ကာ ရေးပြီးတော့မှ ကောက်ကာငင်ကာနဲ့ မဟာမင်း ကြီးရုံးကနေ အတည်ပြုပြီးတော့ မှ တင်သွင်းသွားတယ်ဆိုတဲ့ ပုံ သဏ္ဌာန်ဟာ  တကယ့်နောက်ဆုံး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ရဲ့အမှန်တရားထက် တစ်ချိန် တုန်းကထားခဲ့တဲ့ ဒီဒေသမှာ ကျင့် သုံးခဲ့တဲ့မူဝါဒတွေအပေါ်မှာ ပြန် လည်ပြီးတော့မှ သုံးသပ်တဲ့ အ ချက်အလက်တွေက ပိုပြီးတော့ အဓိကကျလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အခုအချိန်မှာလည်း တကယ်တမ်းကျတော့ ကျွန်တော် တို့နိုင်ငံရဲ့အနေအထားဟာ ဒီဒေ သ တွေအပေါ်မှာထားရှိတဲ့မူဝါဒ တွေအပေါ်မှာ ပြန်လည်စဉ်းစား သုံးသပ်သင့်တဲ့အနေအထားဖြစ် ပါတယ်။ ဒါကလည်း မလွဲမသွေ မူလရှိခဲ့တဲ့ ကန့်သတ်ထိန်းချုပ်တဲ့ မဟာဗျူဟာအစီအစဉ်ကိုပြောင်း လဲဖို့အတွက်လည်း ကျွန်တော်တို့ ရော၊ တခြားကော်မရှင်တွေက ရော အကြံပြုထားတာလေးတွေရှိ ပါတယ်။ ဒီမူဝါဒတွေ ပြောင်းလဲ သွားမယ်ဆိုရင် နိုင်ငံတကာဖြစ် စေချင်တဲ့ ရည်ရွယ်ချက်လည်းပဲ အောင်မြင်တယ်။ ကျွန်တော်တို့ ဒေသအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အသိုက်အဝိုင်းဆိုင်ရာ ပဋိပက္ခ ကိုလည်းပဲ ပြေလည်အောင် ဖြေ ရှင်းသွားနိုင်မယ့်အလားအလာ ရှိ လိမ့်မယ်လို့ ကျွန်တော်မြင်ပါ တယ်။

ကန့်သတ်ထားတဲ့ မူဝါဒတွေဆိုတာကို နည်းနည်းလောက်ထပ်ပြီးရှင်းပြပေးလို့ရမလား။ ဘယ်ဟာ တွေပါလဲ။

ကျွန်တော့်အနေနဲ့တော့ ဒီဟာတွေကို ရှင်းပြဖို့လိုမယ်မထင်ပါဘူး။ အများစုက နားလည်ပြီးသားဖြစ်မှာပါ။ ဥပမာ သွားလာလှုပ်ရှားမှုနဲ့ပတ်သတ်လို့ ထောက်ခံချက် ယူရတာပြုရတာ၊ မှတ်ပုံတင်မရှိတဲ့အတွက်လည်းပဲ၊ နိုင်ငံ သားမဟုတ်တဲ့အတွက်လည်းပဲ  သွားခွင့်လာခွင့်မရှိတာ၊ အစရှိတဲ့ အခြေအနေတွေကို အားလုံးကို ခြုံပြီးတော့ပြောတာပါ။အခြားနေ ရာတွေ အခြားဒေသတွေထက်စာ ရင် ဒီဒေသမှာ ကန့်သတ်ထိန်းချုပ် မှုတွေက ရှိလည်းရှိဖို့လိုအပ်ခဲ့ တယ်လေ။ တချိန်တုန်းက လူဦး ရေထိန်းသိမ်းမှုရှိခြင်းက အရမ်း ကွာခြားနေပြီးတော့ ကျွန်တော်တို့ ရဲ့ နယ်စပ်ဒေသလုံခြုံရေးက အ ရမ်း အားနည်းနေတဲ့အခါကျ တော့ ကိုယ့်အပိုင်းအတွင်းမှာ၊ ကိုယ့် ဒေသအတွင်းမှာကိုယ် နယ်စပ်နဲ့ ဆက်စပ်နေတဲ့နေရာ တွေမှာ ကန့်သတ်မှုတွေလုပ်ရမှာ ပဲ။ ဒါသဘာဝပါ။ မထိန်းချုပ်လို့ လည်း မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒါကြီးကို တာရှည်နှစ်ပေါင်းများ စွာ ပြန်လည်ပြုပြင်ပြင်ဆင် စဉ်း စားခြင်းမရှိဘဲနဲ့ ရေရှည်ဒါကြီးကို လက်ခံထားနေတာက ကျွန်တော့် စိတ်ထင် ဒါဟာ အဓိကကျတဲ့ အ မှားအယွင်းပဲလို့ ထင်ပါတယ်။

ကန့်သတ်ထိန်းချုပ်ထားတဲ့ မူဝါဒပေါ့။ မဟာဗျူဟာလို့လည်း ခေါ်လို့ရပါတယ်။ ၆၃ခုနှစ်လောက် ကစပြီးကျင့်သုံးလာခဲ့တာဆို တော့ နှစ်ပေါင်းခြောက်ဆယ် ကျော်လာခဲ့ပါပြီ။ အဲဒါကို ကျွန် တော့်အမြင်ကတော့ ခေတ်နဲ့အပ် စပ်တဲ့၊ ပိုပြီးတော့မှ ဆီလျော်တဲ့၊ ပိုပြီးတော့မှ ထိရောက်ကောင်းမွန်တဲ့ မဟာဗျူဟာတစ်ရပ်နဲ့ ပြန် လည်ပြီးတော့ အစားထိုးဖို့လိုအပ် တယ်လို့ Message ပေးချင်တာ ပါ။

Report ကော ဘယ်တော့တင်ဖြစ်မလဲ။

Report ကတော့ အခု ဘင်္ဂလားဒေ့ရှ်မှာလည်းသွားပြီး တော့ ယူနေတယ်။ နဂိုတုန်းကလူ့ အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံးက စာရင်းကောက်ဖို့အ တွက် စေလွှတ်လိုက်တဲ့ လူလေး ယောက်ရှိတယ်လေ။ အဲဒီလေးဖွဲ့ ရေးခဲ့တဲ့လူတွေနဲ့ ပတ်သက်ပြီး တော့၊ပြန်လည်ပြီးတော့ စစ်ဆေး ရအောင်၊ သူတို့တွေ့နိုင်တယ်ဆို ရင်တွေ့ရအောင် စစ်ဆေးတဲ့ အဖွဲ့လည်း တစ်ဖွဲ့ ကျွန်တော်တို့ ဆီကနေ ခွဲထွက်သွားတာရှိသလို တချို့ကျတော့လည်း ကိုယ့်ရပ် ရွာကို ပြန်လာတဲ့လူတွေလည်း ရှိ ကြပါတယ်။ ပြန်ပြီး အေးအေး ချမ်းချမ်းလည်း ဖြစ်နေပြီဆိုတော့ လေ။ အဲဒီပြန်လာတဲ့လူတွေထဲက လည်းပဲ နောက်ထပ်သတင်းအ ချက်အလက်တွေများ ရမလား၊ ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ တွေ့ရှိချက် တွေကို အထောက်အထားပြဖို့ အ ခိုင်အမာဖြစ်တဲ့ အကြောင်းအ ချက်များ တွေ့နိုင်ဦးမလားဆိုပြီး တော့ ကျွန်တော်တို့ပြည်တွင်းမှာ လည်း စစ်ဆေးနေတာတွေရှိပါ တယ်။

ကျေးဇူးတင်ပါတယ်။

Ref ;7Day News Journal

No comments:

Post a Comment