Latest News

Saturday, March 11, 2017

တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကို မေ ၉ နောက်ဆုံးထားပြီး လွတ်လပ်မျှတစွာ ကျင်းပမယ်လို့ဆို

တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကို မေ ၉ နောက်ဆုံးထားပြီး လွတ်လပ်မျှတစွာ ကျင်းပမယ်လို့ဆို

ဆိုးလ်၊ မတ် ၁၁ - ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ ပတ်ဂွန်ဟေးနေရာမှာဆက်ခံမယ့်သူကိုရွေးကောက်တင်မြှောက် သွားမှာဖြစ်တဲ့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကို မေလ ၉ ရက် နောက်အကျဆုံးထားပြီး လွတ်လပ် တရားမျှတစွာကျင်းပပေးသွားမယ်လို့ စနေနေ့က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုကြီးပါဝင်ပတ်သက်နေတဲ့ လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အခြေခံဥပဒေတရားရုံးက သောကြာနေ့က ပတ်ဂွန်ဟေးကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကိုရက်ပေါင်း ၆၀ အတွင်းကျင်းပရမှာဖြစ်ပါတယ်။

နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကနေ ရွေးကောက်ပွဲအကြိုကာလမှာ ဆူပူအမျက်ထွက်မှုတွေဖြစ်ပေါ်လာစေမှာ ကိုစိုးရိမ်မိတယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကင်ယောင်ဒက် ကရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောကြားခဲ့ပြီး ပြည်သူတွေအနေနဲ့ ပဋိပက္ခတွေကိုကျော်လွှားကြဖို့၊ အစိုးရနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ သူက မေတ္တာရပ်ခံခဲ့ပါတယ်။

 မအေးသီမွန်

[Ref:Agencies,CNA 11 March 2017]

Kumudra

No comments:

Post a Comment