Latest News

Saturday, March 11, 2017

ဒေသအချို့ အချိန်အခါမဟုတ်မိုးရွာနေ၍ တောင်ကျရေ အန္တရာယ်သတိပြုရန် မိုးဇလသတိပေး

ဒေသအချို့ အချိန်အခါမဟုတ်မိုးရွာနေ၍ တောင်ကျရေ အန္တရာယ်သတိပြုရန် မိုးဇလသတိပေး


 ဒေသအချို့တွင် အချိန် အခါမဟုတ် မိုးရွာနေ၍ တောင်ကျရေအန္တရာယ်သတိပြုရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက သတိပေးသည်။

  နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များနှင့် ရခိုင်၊ ချင်း၊ ကယားနှင့် ရှမ်းပြည်နယ်တို့တွင် မတ်လ ၉ရက်ညနှင့် ၁၀ရက်က နေရာကွက်မိုးရွာခဲ့ပြီး မိုးဆက်လက်ရွာရန်အခြေအနေရှိနေကာ မြစ်၊ချောင်းအနီးနေသူများအနေဖြင့် တောင်ကျရေ အန္တရာယ်သတိပြုရန်လိုကြောင်း ဦးကျော်မိုးဦးက ဆိုသည်။

‘‘ဒီကာလမှာ တောင်ကျရေ အန္တရာယ်ကဖြစ်ခဲတယ်။ ဒါပေမဲ့ မိုးကရွာနေတော့ သတိပြုဖို့တော့ လိုနေတယ်။ ချောင်းတွေရေတက် လာတာ၊ ရေဆင်းလာတာမျိုး တွေဆို ထိခိုက်မှုရှိနိုင်တယ်’’ဟု ၎င်းက ပြောသည်။

မတ်လ ၁၀ရက်က နေပြည် တော် ပျဉ်းမနားမြို့ ၀ဲကြီးနှင့် ဇေ ယျာသီရိ၊ ရခိုင်ပြည်နယ် မောင် တောနှင့် စစ်တွေမြို့၊ကယားပြည် နယ် လွိုင်ကော်မြို့နှင့် ချင်းပြည် နယ် ပူတာအိုမြို့တွင် မိုးရွာသွန်း

ခဲ့ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက် လက်ရွာသွန်းနိုင်ကြောင်း မိုးဇလ ဌာနက သတိပေးထားသည်။

လတ်တလောရာသီဥတုအ ခြေအနေအရ နေရာကွက်၍ မိုး ကြီးမှုကြောင့်ဖြစ်ပေါ်တတ်သော သဘာဝဘေးများအပြင် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းတို့ကိုလည်း သတိထားရန်လိုအပ်ကြောင်း သတိပေးထားသည်။

7Day News Journal

No comments:

Post a Comment