Latest News

Sunday, March 5, 2017

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီတွေ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဖွဲ့မည်

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီတွေ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဖွဲ့မည်

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင် ဦးဝင်းဇော် က ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကော်မတီတွေဖွဲ့စည်းနိုင်ဖို့ လာမယ့် မတ်လ ၈ ရက်နေ့မှာ နေပြည်တော်မှာ ပထမဆုံးအကြိမ်အစည်းအဝေး ကျင်းပမှာဖြစ်တယ်လို့ အမျိုးသားကော်မတီအဖွဲ့ဝင် ဦးဝင်းဇော် က ပြောပါတယ်။

"အမျိုးသားကော်မတီကိုဖွဲ့ပြီးတော့ အမျိုးသားကော်မတီကနေပြီးတော့ သတ်မှတ်ထားတဲ့ နည်းစနစ်နဲ့အညီ တိုင်းဒေသကြီးပြည်နယ်ကော်မတီတွေဖွဲ့စည်းရမယ် အဲ့ဒီကော်မတီကနေတစ်ဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်နိုင်ဖို့ အကြိုဆွေးနွေးရမှာပါ"

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသစ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၆ ရက်နေ့က အဖွဲ့ဝင် ၂၇ ဦးနဲ့ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အဲဒီကော်မတီသစ်ဟာ အရင်အစိုးရဟောင်းလက်ထက် ၂၀၁၅ ခုနှစ် စက်တင်ဘာလက သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ နဲ့ အလုပ်သမားတွေ လုံလောက်မှု ရှိမရှိ စစ်တမ်းကောက်ယူသွားမှာဖြစ်ပြီး အလုပ်အကိုင်အမျိုးအစားအလိုက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အနည်းဆုံးအခကြေးငွေတွေ ပြင်ဆင်သတ်မှတ်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Photo: RFA

( ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံ အလုပ်သမားတချို့ကို တွေ့ရစဉ် )

No comments:

Post a Comment