Latest News

Sunday, March 5, 2017

ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား

ဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား

တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေ၀င်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဦးကိုနီနဲ့ ကိုနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တရားမျှတမှု မရှိမချင်း အဖွဲ့အစည်း အသီးသီးက အခုလို အောက်မေ့ဖွယ် အခမ်းအနားတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ကြောင်း အခမ်းအနားကျင်းပသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့သူကို လိုက်လံဖမ်းဆီးရင်း သေနတ်ပစ်သတ်ခံလိုက်ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို လူငယ်တွေဦးဆောင်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားကို ဦးကိုနီမိသားစုဝင်တွေ ဆရာတော်၊ သံဃာတော်တွေနဲ့ ဦးကိုနီရဲ့ လုပ်ဖက်ကိုင်ဖက် ဥပဒေပညာရှင်တွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ အမေရိကန်သံရုံး က တာဝန်ရှိသူတွေအပါအ၀င် နိုင်ငံတကာသံတမန်တချို့တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ စာပေအသိုင်းအဝိုင်း၊ ရှေ့နေအသိုင်းအဝိုင်း၊ လူငယ်အဖွဲ့ အစည်းတွေ၊ မိသားစုဝင်တွေက အောက်မေ့ဖွယ် အမှတ်တရစကား အသီးသီး ပြောခဲ့ကြပါတယ်။

ကဗျာဆရာမောင်ဆောင်းခ က ဦးကိုနီ နဲ့ ဦးနေ၀င်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ကဗျာတစ်ပုဒ် ရွတ်ဆိုခဲ့သလို ဆရာတော်တွေကလည်း အောက်မေ့စကားပြောခဲ့ပါတယ်။

Photo: Aung Thain Kha/ RFA

( တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေ၀င်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ် )

No comments:

Post a Comment