Latest News

Saturday, March 4, 2017

ရှစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား သားမယားပြုကျင့်ရန် ကြံစည်သူ ၁၆ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးအမှုဖွင့်

ရှစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား သားမယားပြုကျင့်ရန် ကြံစည်သူ ၁၆ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးအမှုဖွင့်


အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သားမယားပြုကျင့်ရန် ကြံစည်သူ ၁၆ နှစ် အရွယ်အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း မတ် ၄ ရက်တွင် စစ်ကိုင်းမြို့မ ရဲစခန်းမှ သိရသည်။

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ ကျေးရွာနေ မ.... (၈ နှစ်) တစ်တန်းကျောင်းသူသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခွဲခန့်က ဦးစောမောင် နေအိမ်သို့ ဆန်မှုန့်ကြိတ်ရန် ဆန်ပို့ပြီး အပြန်တွင် ရွာအရှေ့ဘက် ရွှေဂူကြီးကျောင်း ဘုရားအနီး၌ တစ်ရွာတည်းနေ စိုးထက်အောင် (၁၆ နှစ်) နှင့်တွေ့စဉ် စိုးထက်အောင်က ပါးစပ်ကိုပိတ်ကာ ရွှေဂူကြီးကျောင်းဝင်း အတွင်းရှိ အေးသုခ ဘုရားလိုဏ်ဂူအတွင်း ဆွဲခေါ်ကာ ပက်လက်လှန်လှဲချ၍ ဘောင်းဘီတိုအား ဒူးဆစ်အောက်ထိ ဆွဲချွတ်ပြီး သားမယားပြုကျင့်ရန် ပြုလုပ်စဉ် မ...မှာ ရုန်းကန်ခဲ့သဖြင့် ဘုရားညောင်ရေအိုးအောက်သို့ ပြုတ်ကျကာ စိုးထက်အောင်မှ ညောင်ရေအိုးအား ဘုရားစင်နောက်သို့ ပြောင်းရွှေ့နေစဉ် ထွက်ပြေး လွက်မြောက်ခဲ့ကာ မိခင်ဖြစ်သူအား တိုင်တန်းခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သူ စိုးထက်အောင် (၁၆ နှစ်) အား အရေးယူပေးရန် မ... ၏ မိခင်ဖြစ်သူ ဒေါ်....(၃၆ နှစ်) က တရားလိုပြုလုပ်ပြီး စစ်ကိုင်းမြို့မ ရဲစခန်းတွင် မတ် ၂ ရက်က အမှုဖွင့်တိုင်တန်းခဲ့ကာ ယင်းနေ့ ညနေ ၃ နာရီခွဲခန့်တွင် သားမယား ပြုကျင့်ရန်ကြံစည်သူ စိုးထက်အောင် (၁၆ နှစ်) အား သွားရောက် ဖမ်းဆီးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သားမယား ပြုကျင့်ရန် ကြံစည်သူ စိုးထက်အောင် (၁၆ နှစ်)၊ (ဘ) ဦးစိုး ဒီပဲယင်းကွဲ ကျေးရွာအား စစ်ကိုင်းမြို့မ ရဲစခန်းတွင် (ပ) ၂၅၄/၁၇ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


ရန်ပိုင်

Eleven Media Group

No comments:

Post a Comment