Latest News

Saturday, March 4, 2017

ပဲအထွက် လျော့နေချိန်တွင် ဈေးကျ၍ တောင်သူများအခက်တွေ့

ပဲအထွက် လျော့နေချိန်တွင် ဈေးကျ၍ တောင်သူများအခက်တွေ့



ရာသီဥတုဖောက်ပြန် သဖြင့် ပဲအထွက်လျော့ချိန်တွင် ဈေးပါကျသဖြင့် ပဲစိုက်တောင်သူ များ အခက်ကြုံနေရသည်ဟု လွတ်လပ်သော တောင်သူလယ် သမားအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်း အောင်က ပြောသည်။

မတ်ပဲနှင့် ပဲစင်းငုံစတင်စိုက် ပျိုးချိန်က ပဲတစ်တင်းလျှင် ကျပ်၅၅,၀၀၀ ခန့်ဈေးရှိ၍ တောင်သူများက ကြိုးစားစိုက်ပျိုးခဲ့သော်လည်း ပဲအသစ်ပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ် ၃၀,၀၀၀ ခန့်သာ ဈေးရှိသဖြင့် စိုက်ပျိုးစရိတ် (အရင်း)ကိုပင် ပြန်လည်ရရှိရန် အခက်အခဲကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။

‘‘ပဲဈေးကလည်း ကျ၊ အ ထွက်ကလည်း ထက်ဝက်တောင် မရတော့ လယ်သမားတွေ ငွေ အရမ်းကျပ်တည်းနေကြတယ်’’ ဟု ဦးသိန်းအောင်က ပြောသည်။

ယခုနှစ် ပဲအသစ်ပေါ်ချိန် တွင် အလုပ်သမားစရိတ် (ပဲနုတ် ခ)က တစ်ဧကလျှင် ကျပ် ၃၀,၀၀၀ ကျော်ကုန်ကျခြင်း၊ စတင်စိုက်ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် စိုက်ပျိုးမှုကုန်ကျ စရိတ်ပုံမှန်နှစ်များထက် တစ်ဧက ကျပ် ၅၀,၀၀၀ ခန့် ပိုကုန်ကျခြင်း၊ ပဲအထွက်မှာလည်း တစ်ဧကလျှင် ပျမ်းမျှ ခုနစ်တင်းမှ ရှစ်တင်း အကြားသာရရှိသဖြင့် လက်ရှိဈေး ကွက်ပေါက်ဈေးဖြင့် အရင်းရရန် ပင် မလွယ်ကူကြောင်း ကျောင်း ကုန်းမြို့နယ်နေတောင်သူ ဦးပြူး က ပြောသည်။

‘‘အိန္ဒိယမြန်မာနိုင်ငံရဲ့ ပဲအ ထွက်အခြေအနေစောင့်ကြည့်နေ လို့ ဈေးမရတာပါ။ သူတို့ဘက်က အ၀ယ်ပြန်လိုက်လာရင် ဈေးပြန် တက်လာနိုင်တယ်’’ဟု မြန်မာနိုင် ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

လက်ရှိပြည်တွင်းဈေးကွက် တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၁,၀၅၀,၀၀၀ ၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၇၅၀,၀၀၀ ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောကြားသည်။

လက်ရှိပြည်တွင်းဈေးကွက် တွင် မတ်ပဲသည် ပြီးခဲ့သည့်အ ပတ်ထက် တစ်တန်လျှင် ကျပ် ၁၀,၀၀၀ ခန့်၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၃၃,၀၀၀ ခန့် ဈေးမြင့်တက်လာကာ ပြီးခဲ့သည့် သီတင်းပတ်က မတ်ပဲတစ်တန်လျှင် ကျပ် ၉၅၀,၀၀၀ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၇၂၀,၀၀၀ ဈေးရှိခဲ့သည်။



7Day News Journal

No comments:

Post a Comment