Latest News

Saturday, March 4, 2017

အကယ်ဒမီပေးပွဲအတွက် သိန်းငါးထောင် စပွန်ဆာရထားတယ်လို့ ဂျွန်လွင်ပြော

အကယ်ဒမီပေးပွဲအတွက် သိန်းငါးထောင် စပွန်ဆာရထားတယ်လို့ ဂျွန်လွင်ပြော

၂၀၁၆ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မတ်လ(၁၈)ရက်နေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပသွားမှာပါ။ အကယ်ဒမီပေးပွဲအတွက် သိန်းငါးထောင်လောက် စပွန်ဆာရထားတယ်လို့ သိရပါတယ်။ ဘယ်လောက် ကုန်ကျစရိတ်ရှိတယ် ဆိုတာကို တော့ ပြောလို့မရသေးပါဘူးလို့ ဆိုပါတယ်။
အကယ်ဒမီပေးပွဲ အခမ်းအနားအစအဆုံးကိုတော့ Star Event Production က ကိုဂျွန်လွင်က တာဝန်ယူဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲအတွက် ပြင်ဆင်မှုများအား စာနယ်ဇင်းမီဒီယာ များ အသိပေးခြင်းအခမ်းအနားကိုလည်း မတ်လ(၃)ရက်နေ့က ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။


အကယ်ဒမီပေးပွဲကို တာဝန်ယူစီစဉ်နေတဲ့  ဂျွန်လွင်က ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုများကို ယခုလို ပြောပြခဲ့ပါတယ်။
" မင်းသား မင်းသမီးတွေ အတွက် လျှောက်လှမ်းနေရာကိုလည်း သီးသန့်စီစဉ်ထားပါတယ်။ တစ်နေရာပြီးတစ်နေရာ ၄ နေရာအထိ မတ်တပ်ရပ် ဓာတ်ပုံရိုက်ရမှာဖြစ်ပါတယ်။ သတင်းဓာတ်ပုံယူတဲ့ မီဒီယာတွေအနေနဲ့ကလည်း ဟိုဘက် ဒီဘက် ပြေးနေစရာ မလိုပါဘူး။ ပြီးရင် TV အင်တာဗျူးတဲ့သတင်းသမားတွေရှိမယ်။ FM တွေ သတင်းယူကြမှာတွေရှိမယ်။ နေရာကိုသီးသန့်ထားပေးထားပါတယ်။ ပြီးရင် တစ်ဖက်မှာဖိတ်စာနှင့် တကွ ကြွရောက်လာတဲ့သူတွေ အတွက်  စားဖို့ သောက်ဖို့ စီစဉ်ထားတဲ့ နေရာကိုသွားရပါမယ်။ ပြီးရင်တော့ ကိုယ့်နေရာ ကိုယ်သွားရောက် နေရာယူရမှာဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။


အကယ်ဒမီပေးပွဲအတွက် ပြင်ဆင်ထားတဲ့ စတိတ်စင်အကျယ်အဝန်းက ၈၈ပေရှိသလို အဆင့်နှစ်ဆင့်နဲ့ လျှောက်လှမ်းကနေ စတိတ်စင်ရှိတဲ့အထိကို ပေ ၁၀၀ရှိပါတယ်။ ရွှေတိဂုံဘုရားကို နောက်ခံထားပြီး ကျင်းပတဲ့ အကယ်ဒမီပေးပွဲကို နိုင်ငံတစ်နိုင်ငံလုံးက လူတွေ စိတ်ဝင်စား အားပေးကြည့်ရှုနေကြမှာ ဖြစ်တာကြောင့် ဝတ်စားဆင်ယင်မှုတွေက ဂုဏ်ယူစရာဖြစ်အောင်နဲ့ လုံလုံခြုံခြုံဝတ်စားဆင်ယင်ဖို့ကိုလည်း မြန်မာနိုင်ငံရုပ်ရှင်ဥက္ကဌ လူမင်းက သတင်းစာရှင်းလင်းပွဲမျာ ပြောပြခဲ့ပါတယ်။

Duwun

No comments:

Post a Comment