Latest News

Thursday, March 16, 2017

ပူပြင်းရာသီအအေးကြိုက်က ဘေးတွေ့ တက်သည်

ပူပြင်းရာသီအအေးကြိုက်က ဘေးတွေ့ တက်သည်

ယခုလိုရာသီဥတုပူးပြင်လာမှု့ ကြောင့် အပူလျှပ်ခြင်းများဖြစ်တက်သဖြင့် အထူးသတိထားရန်အသိပေးပါသည် ။ အပူလျှပ်ခြင်းကြောင့် အသက်အန္တရာယ်ရှိနိုင်သဖြင့် အနေအထိုင်အစားအသောက် ဂရုစိုက်ဖို့  လည်း လိုအပ်ပါသည် ။

အလွန်ပူပြင်းသောနေ့ ခင်းပိုင်းအချိန်တွင် အပူသက်သာစေရန် ရေစိုနေသော အဝတ်များကိုခန္ဓာကိုယ်ကို ကပ်ထားခြင်း ၊ ဦခေါင်းပေါ်တွင် တင်ထားခြင်း ၊ ရေခဲရေကို သောက်ခြင်း ၊ အေးသော ရေဘူး နှင့် တာဝါ တို့ ဖြင့် ခန္ဓာကိုယ်အပေါ်တိုက်ခြင်း ကပ်ခြင်းမျိုးကို လုံးဝ မလုပ်ဆောင်သင့်ပါ ။

အပြင်မှရောက်လာပြီးပြီးချင် ရေလောင်းခြင်း ရေချိုးခြင်းကို ရှောင်သင့်ပါတယ် ။ ပူပြင်းနေသောကြောင့် ရေချိုးခြင်းကို မနက် ၁၁ နာရီ နှင့် ညနေခင်း ၄ နာရီအတွင်းရေချိုးခြင်း မပြု့ လုပ်ဘဲ လေးနာရီကျော်မှာသာလျှင် ရေချိုးသင့်ပါသည် ။ သည်လိုပူပြင်းသည့်ရာသီအချိန်အခါများတွင် သွေးတိုးရှိသူ အဝလွန်သူများ ရေချိုးခြင်းကို အထူးသတိထားသင့်ပါသည် ။

ပူပြင်းသောနေ့ ခင်းပိုင်းတွင် အဲယားကွန်းဖွင့်ထားသော ကားအတွင်းနှင့်အခန်းများအတွင်းမှ အပြင်သို့ ရုတ်တရပ် ထွက်ခွာခြင်းမျိုး မလုပ်ဆောင်ရပါ သင့်အနေဖြင့်အပြင်သို့ ထွက်မိဆိုပါက ကားအတွင်းဖြစ်လျှင် မှန်များကို ခဏတာချထားပြီးမှသာ ထွက်ခွာသင့်သလို့  အေးသာအခန်းတွင်းမှ ထွက်ခွာခဲ့လျှင် အပြင်အထွက်နေရာတွင် ခေတ္တခဏရပ်နေပြီမှသာ ဆက်လက်ထွက်ခွာသင့်ပါသည် ။ ထိုအတူ အပူဒဏ်ခံစားပြီးမှ အေးသော နေရာသို့ ဝင်ရောက်လျှင်လည်း ချက်ခြင်းဝင်ရောက်ခြင်းမျို မလုပ်ဆောင်
သင့်ပါ ။

အေးနေသောအရှိန်ကြောင့် လူသွေးကြောများမှ ကျဉ်းနေပြီး အပူရှိန်ခံစားမိလျှင်သွေးကြောများကျယ်လာပါသည် ဒါကြောင့် အအေးမှ အပူသို့ ပြောင်းလဲသည့်အချိန်တွင် အထူးဂရုစိုက်ရပါလိမ့်မည် ။ အအေးမှ အပူသို့ ရုတ်တရပ်ပြောင်းလဲခြင်းကြောင့် ခေါင်းနောက်ခြင်း ခေါင်းမှုးခြင်း နှင့် သတိမေ့တက်ပြီး အပြင်းထန်ဆုံးအနေဖြင့် ဦးနှောက်သွေးကြောပြတ်တက်ပါသည် ။

အပူရှိန်မြင့်တက်လာခြင်းကြောင့် လူအများအပြားတွင် ချွေးထွက်များသောကြောင့် သွေးပေါင်ချိန်ကျခြင်း ၊ ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်များလျှော့နည်းခန်းခြောက်ခြင်းကြောင့် ခြေကပ်လက်ကပ် ဖြစ်နိုင်ပါသည် ။ အပူချိန်များနေသော ရာသီဥတုကြောင့် ရေကို မကြာခဏသောက်ပေးသင့်ပါသည် ။အပြင်မှ ပြန်လာပြီး ချက်ခြင်း ရေခဲရေ ရေခဲတုံးများ ထည့်ထားသည့် ရေကိုသောက်သုံးခြင်း လုံးဝ မပြု့ လုပ်ဘဲ အသက်ကို ဥာဏ်စောင့် အသိဝင်စေချင်ပါသည် ။

Credit to Mg Mandalay

Kanaung

No comments:

Post a Comment