Latest News

Tuesday, March 7, 2017

အမှည့်လွန်ထောပတ်သီးကို အသုံးချနည်း (၄) မျိုး

အမှည့်လွန်ထောပတ်သီးကို အသုံးချနည်း (၄) မျိုး



ထောပတ်သီးကိုစားသုံးခြင်းဟာ လူကိုကျန်းမာစေသလို အသားအရေကိုလည်း ကြည်လင်စိုပြေစေပါတယ်။ ဒါပေမဲ့ အမှည့်လွန်သွားရင်တော့ စားသုံးဖို့ မသင့်ပါဘူး။ အမှည့်လွန်သစ်သီးတွေကို စားသုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော၊ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် လွှင့်ပစ်လိုက်ရမလား ? မဟုတ်သေးပါဘူး။
တခြားနည်းတွေနဲ့ အသုံးချကြမယ်လေ။


၁။ အစေ့
ထောပတ်သီးထဲက အစေ့ဟာ စားလို့မကောင်းပါဘူး။ ခြေဖဝါးလေး အကြောပြေအောင်တော့ အသုံးချလို့ရပါတယ်။ ရေနွေးထဲ ခဏထည့် အပူပေးပြီးရင် ခြေဖဝါးအောက်မှာ လှိမ့်ပေးတဲ့အခါ အကြောတွေပြေလျော့သွားမှာပါ။


၂။ ရေနွေး
ထောပတ်သီးရဲ့အစေ့ဟာ တကယ်ကိုအာဟာရများပြားကြောင်း နယူးယော့ခ်မြို့ အာဟာရပညာရှင် အေမီရှပီယိုက ဆိုဖူးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ အစေ့ကို အတုံးသေးသေးလေးတွေတုံးပြီး ရေနွေးထဲချက်ချင်းစိမ်သောက်ပါ။ ပျားရည်နည်းနည်းလောက်ထည့်လိုက်ရင်တော့ အခါးသက်သာတာပေါ့။

၃။ အပင်အားဖြည့်မြေဆွေး
ထောပတ်သီးအနှစ်တွေကို မြေဆွေးနဲ့ရောပြီး အပင်မှာပုံပေးထားရင် သဘာဝဓာတ်မြေသြဇာ ရပါတယ်။ အပင်ကို ပိုအားဖြစ်စေပါတယ်။


၎။ ပေါင်းတင်မယ်
အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ထောပတ်သီးဟာ အသားအရေနဲ့ ဆံပင်အတွက် များစွာ ကောင်းကျိုးပေးတဲ့ ဗီတာမင် E လည်း ပါဝင်နေပါတယ်။ အမှည့်လွန်နေတဲ့ ထောပတ်သီးရဲ့အနှစ်တွေကို သံလွင်ဆီ/အုန်းဆီ နဲ့ ရောစပ်ပြီး ဆံပင်ပေါင်းတင်လို့ရပါတယ်။ ထောပတ်သီးအနှစ်ကိုပဲ ကြေအောင်ချေပြီး အရေပြားပေါ်မှာ မိန် ၂၀ ခန့် သုတ်လိမ်းထားပါ၊ ပြီးမှ ရေပြန်ဆေးလိုက်မယ်ဆိုလည်း အသားအရေ စိုပြေလာတာကို တွေ့ရပါလိမ့်မယ်။

Source : Daily Mail


Duwun

No comments:

Post a Comment