Latest News

Tuesday, March 7, 2017

သင့်ရဲ့လက်ရှိအခြေအနေကို ပြောင်းလဲဖို့ လိုအပ်တဲ့ ခြေလှမ်း (၄) ခု

သင့်ရဲ့လက်ရှိအခြေအနေကို ပြောင်းလဲဖို့ လိုအပ်တဲ့ ခြေလှမ်း (၄) ခု



စာရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်း ပြေးယူလိုက်ပါ။ ပြီးရင် ဒီမေးခွန်းတွေရဲ့ အဖြေတွေကို သေချာစဉ်းစားအဖြေရှာကြည့်ပါ။


(၁) အခုလက်ရှိဘဝအနေအထားကို သင် အားရကျေနပ်မှုရှိပါသလား။ သင့်မှာ ဖြစ်ပျက်နေတာတွေကို  စိတ်ကုန်နေတာမျိုး ရှိလား။ မလုပ်ချင်တာ တစ်ခုခုကို ကြိတ်မှိတ် လုပ်နေရတာလား။ ဒါမှမဟုတ် ခဏ ခဏ လုပ်ချင်ရဲ့သားနဲ့ လုပ်ဖို့ အနေအထားမရှိ ဖြစ်နေတာလား။ ရှင်းရှင်း ပြောရရင် သင် ပြောင်းလဲပစ်လိုက်ချင်တဲ့ အရာတစ်ခုခုကို ချရေးလိုက်ပါ။ ဥပမာ အလုပ်တွေ မပြီးဘူးဖြစ်ဖြစ်နေတာ၊ အိပ်ယာက တော်တော်နဲ့ မနိုးတာ စသဖြင့်ပေါ့။

(၂)  ပြောင်းလဲမှုတိုင်းအတွက် ပေးဆပ်မှုဆိုတာ ရှိပါတယ်။ သင် ပြောင်းလဲပစ်ချင်တဲ့အရာအတွက် ဘယ်အရာကို စွန့်လွှတ်ရမှာလဲ။ ဘာတွေ ပေးဆပ်ရမလဲဆိုတာကို သေချာစဉ်းစားကြည့်ပါ။ ဥပမာ  သင့်ရဲ့ အမူအကျင့်တစ်ချို့၊ ပိုင်ဆိုင်ထားတဲ့အရာတစ်ခုခုနဲ့ လဲလိုက်ရမှာပါ။ သင်လိုချင်တဲ့ ပြောင်းလဲမှုအတွက် အချိန် ပေးဆပ်ရမှာလား၊ ခွန်အားပေးဆပ်ရမှာလား။ ဒါဆို ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်း လုပ်ရမယ်၊ ဒါဆို တီဗွီမကြည့်ရတော့ဘူးပေါ့ ဆိုပြီး ကိုယ့်ကိုယ်ကို သနားနေ၊ နှမြောနေလို့ မရပါဘူး။ အစပိုင်းမှာ ခက်ခဲပေမယ့် အချိန်ကြာလာရင် အဆင်ပြေသွားမှာပါ။


(၃) အစီအစဉ်က ဘာလဲ။ ဘာလုပ်မယ်ဆိုတာ ရေရေရာရာ သိထားဖို့ လုပ်ပါ။ သင့်အနေနဲ့ အာရုံစူးစိုက်မှုအားကောင်းမှ ရှင်းလင်းတိကျတဲ့ အစီအစဉ်နဲ့ ဒီအစီအစဉ် ဖြစ်မြောက်စေဖို့ လိုအပ်သမျှအရာတစ်ခုမကျန်ု လိုက်နာဆောင်ရွက်ပါ။


(၄) တစ်နေ့တာ အချိန်အတွင်းမှာ ဘယ်လိုစိတ်ခံစားမှုတွေ လွှမ်းမိုးနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။ အေးဆေးပဲလား၊ သောကများနေလား၊ ဗိုက်ဆာတတ်လား၊ စိတ်တိုလာရောလား၊ ဒါမှမဟုတ် ပျော်နေလား ဒေါသဖြစ်နေလား စသဖြင့်ပေါ့။ ဖြစ်တတ်တဲ့ စိတ်ခံစားမှုတွေကို ဖြစ်ဖို့ အခွင့်အရေးကို တစ်စိလေးမှ မပေးမိဖို့ လိုပါမယ်။ သင် ချမှတ်ထားတဲ့ အစီအစဉ် အတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်သွားမယ်ဆိုရင် သင်လိုချင်တဲ့ ပြောင်းလဲမှုက တစ်နေ့ထက် တစ်နေ့ နီးနီးလာသလို ခံစားရတာကို တွေ့ရပါလိမ့်မယ်။ ဒီအတိုင်းလေးပဲ ဆက်လက်တိုးတက်အောင် လုပ်ဆောင်နေဖို့က သင့်ရဲ့နေ့စဉ် တာဝန်ပါပဲ။

ကိုယ်လိုချင်တဲ့အရာတစ်ခုကို လိုချင်တယ်၊ လိုချင်တယ်လို့ အော်ပြီး အချိန်ကုန်မှာထက် လိုချင်တာကို ရအောင်ယူဖို့ စိတ်ကို ရှည်ရှည်ထားပြီး ကြိုးစားဖို့ လိုပါတယ်။ စိတ်ဓာတ်ခွန်အားပြည့်ဝနေဖို့ လိုသလို ကိုယ်ခန္ဓာ စွမ်းအားအပြည့်ရှိနေမှ စိတ်သွားတိုင်း ကိုယ်ပါ နိုင်မှာပါ။

Source : Success

Duwun

No comments:

Post a Comment