Latest News

Thursday, March 9, 2017

ဗန်းမောက်တွင် ဖမ်းမိသော ရှားပါးမျိုးစိတ် ၀က်ဝံနှစ်ကောင်ကို ထိန်းသိမ်းထား

ဗန်းမောက်တွင် ဖမ်းမိသော ရှားပါးမျိုးစိတ် ၀က်ဝံနှစ်ကောင်ကို ထိန်းသိမ်းထား



 ဗန်းမောက်မြို့နယ်တွင် ဖမ်းဆီးရမိသော ရှားပါးမျိုးစိတ် ၀က်ဝံပေါက်နှစ်ကောင်ကို စစ် ကိုင်းတိုင်းဒေသကြီး သစ်တောဦး စီးဌာနက ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ကြောင်း ယင်းဌာနညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

နှစ်လသားအရွယ် ၀က်ဝံ ပေါက်(အထီး) နှစ်ကောင်ကို ဖေဖော်ဝါရီလကုန်တွင် စစ်ကိုင်းတိုင်းဗန်းမောက်မြို့နယ်ဒေသခံများ က ဖမ်းဆီးရမိပြီး ဗန်းမောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် က မတ်လ ၅ ရက်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ထံအပ်နှံခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က သစ်တောဦးစီးဌာနသို့ မတ်လ ၇ ရက်၌ အပ်နှံခဲ့သည်။ ‘‘တိုင်းဒေသကြီးအစိုးရက စစ်ကိုင်းမှာ တိရစ္ဆာန်ဥယျာဉ်တစ် ခုတည်ထောင်ဖို့ ရည်ရွယ်ချက်ရှိ တယ်။ ၀န်ကြီးချုပ်က သူတို့ရည် ရွယ်ချက်လေးရှိတော့ ဒါလေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လွှဲအပ် ထားတာ’’ ဟု ဦးခင်မောင်ဝင်းက ပြောသည်။

‘‘ဒီဝက်ဝံလေးဟာ ရှားပါး မျိုးစိတ်ထဲမှာပါတယ်။ မြန်မာနိုင် ငံမှာ ၀က်ဝံတွေကိုအဓိက နှစ်မျိုး တွေ့ရတယ်။ မလေးဝက်ဝံနဲ့ ဟိမ၀န္တာဝက်ဝံဆိုပြီး။ မလေးဝက်ဝံ က လည်ပင်းမှာအဖြူအရစ်ကို ကွေးကွေးလေးပါတယ်။ ဟိမ၀န္တာ ၀က်ဝံလည်ပင်း   အဖြူအရစ်က ဗီပုံစံနဲ့။ အခုတွေ့ရှိတာက ဟိမ ၀န္တာဝက်ဝံ။ ဒီဟိမ၀န္တာဝက်ဝံတွေ က မျိုးတုံးဖို့ စိုးရိမ်ရတဲ့အဆင့် သတ်မှတ်ထားတဲ့ တိရစ္ဆာန်တွေ’’ ဟု ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်က ရှားပါးမျိုးစိတ်ဖြစ်သော အင်းကျားပေါက်တစ်ကောင်ကို ဒေသခံများက ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိခဲ့သော အင်းကျားပေါက်ကို လည်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနက မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ ပေးပို့ခဲ့သည်။



7Day News Journal

No comments:

Post a Comment