Latest News

Thursday, March 30, 2017

မဲပေးခွင့်ရှိသူတိုင်း မဲပေးကြရန် အရပ်ဘက်အဖွဲ့များ လှုံ့ဆော်

မဲပေးခွင့်ရှိသူတိုင်း မဲပေးကြရန် အရပ်ဘက်အဖွဲ့များ လှုံ့ဆော်

ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးကြဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေက စည်းရုံးလှုံ့ဆော်နေကြ ပါတယ်။

ရွေးကောက်ပွဲမှာ စောင့်ကြည့်မယ့် အရပ်ဘက်အဖွဲ့အစည်းတွေက ကားဂိတ်၊ ရထားဂိတ်၊ ရေယာဉ်ဂိတ်၊ ဈေး စတဲ့ လူစည်ကားရာနေရာတွေမှာ လှုံ့ဆော် စည်းရုံးရေးတွေ ပြုလုပ်နေတာပါ။၏
“အရင်ကနဲ့စာရင်တော့ စိတ်ဝင်စားမှုမြင့်လာတယ်။ ကျနော်တို့ကတော့ တပ်တွင်းမဲရုံတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်ကတိကဝတ် တွေကို အဓိကထားစောင့်ကြည့်သွားမယ်”လို့ ချင်းတွင်းအင်စတီကျု့မှ ကိုစိုးဝင်းဆွေက ဒီဗွီဘီကိုပြောပါတယ်။
ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကလည်း အပြိုင်မဲဆွယ်စည်းရုံး နေကြပြီး အချုပ်၊ ဆေးရုံ စတဲ့နေရာတွေမှာလည်း ကော်မရှင်က ကြိုတင် မဲတွေကို မတ်လ ၂၉ ရက်နေ့ကနေ စတင်ကောက်ယူနေပြီဖြစ်ပါတယ်။

“ပြည်သူတွေရဲ့မျက်နှာကြည့်ရတာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လောက်တော့ စိတ်ဝင်စားတာမတွေ့ရဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ မဲပေးဖို့အတွက် လှုံ့ဆော်မှုတွေကို အဆက်မပြတ်ပြုလုပ်သွားမယ်။ ရွေးကောက်ပွဲမှာ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းတွေ မဲပေးမှုအခြေအနေ စတာတွေကို အလေးထားစောင့်ကြည့်သွားမယ်” လို့ အောက်ချင်း (Hornbill org) အဖွဲ့မှ မုံရွာတာဝန်ခံ ကိုအာမို့စ်က ဒီဗွီဘီကိုပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒ နေရာအတွက် ပါတီ ၅ ခုက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အရပ်ဘက်အဖွဲ့ အစည်း ၆ ခုက လေ့လာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။
DVB

No comments:

Post a Comment