Latest News

Wednesday, March 15, 2017

ထရန့်၏ ၂၀၀၅ ခုနှစ် အခွန်ဆောင်မှုမှတ်တမ်း မီဒီယာသို့ ပေါက်ကြား

ထရန့်၏ ၂၀၀၅ ခုနှစ် အခွန်ဆောင်မှုမှတ်တမ်း မီဒီယာသို့ ပေါက်ကြာ


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၀၅ ခုနှစ်တွင် အခွန်ဒေါ်လာ သန်း ၁၅၀ ရရှိခဲ့ပြီး အခွန်ဒေါ်လာ ၃၈ သန်း ဆောင်ခဲ့ကြောင်း အိမ်ဖြူတော်က မတ် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထရန့်၏ အခွန်တော်စည်းကြပ်ရန် တင်ပြသည့် ၀င်ငွေစာရင်း (Tax Return) ပေါက်ကြားခဲ့စဉ် အိမ်ဖြူတော်က ယခင်က မထုတ်ပြန်ခဲ့သည့် အသေးစိတ် အချက်အလက်များကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော် ၂၀၀၅ ခုနှစ်က ယင်းအခွန်ဆောင်မှု အကျဉ်းချုပ်သည် ထရန့်၏ အခွန်ဆောင်မှု ရာဇ၀င်မှ အသေးစိတ် အချက်အလက်များအား အနည်းငယ်မျှ လှစ်ဟပြခဲ့ခြင်းဖြစ်ပြီး ထရန့်က သူသည် သင့်လျော်သော အခွန်ဆောင်ထားခဲ့ကြောင်း အခိုင်အမာ ပြောကြားထားမှုကို မှန်ကန်ကြောင်း ပြသရန် ၀န်ခံမှုဖြစ်ခဲ့သည်။ ထရန့်က ၎င်း၏ Tax Return စာရင်းကို အပြည့်အ၀ ထုတ်ပြန်ရန် အခိုင်အမာ ငြင်းဆိုခဲ့ပြီး အမေရိကန်နိုင်ငံရေး ပါတီအားလုံးမှ သမ္မတ ကိုယ်စားလှယ်လောင်းများက ကျင့်သုံးလာခဲ့သော ဆယ်စုနှစ်နှင့်ချီ ကြာမြင့်လာခဲ့သည့် အစဉ်အလာကို ချိုးဖောက်ခဲ့သည်။

ပူလစ်ဇာဆုရ စုံစမ်း၊ ဖော်ထုတ်၊ တင်ပြသည့် ဂျာနယ်လစ် ဒေးဗစ်ကေးဂျွန်စတန်နှင့် MSNBC တို့က ၎င်းတို့သည် ထရန့်၏ ယင်းအခွန်ဆောင်မှု စာရင်းကို ထုတ်ပြန်သွားမည်ဟု မကြေညာမီလေးတွင် အိမ်ဖြူတော်က ယင်းအသေးစိတ် အချက်အလက်များအား အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းအရ ထရန့်နှင့် ၎င်း၏ဇနီး မီလန်နီယာတို့သည် ပုံမှန်ဖက်ဒရယ် ၀င်ငွေအခွန် ဒေါ်လာ ၅ ဒသမ ၃ သန်းဆောင်ခဲ့ပြီး ယင်းနှုန်းသည် လေးရာခိုင်နှုန်းအောက် လျော့နည်းကြောင်း ဂျွန်စတန်က Daily Beast တွင် ပို့စ်တစ်ခု ရေးသားခဲ့သည်။ သို့သော် ထရန့်တို့သည် Alternative Minimum Tax သို့မဟုတ် AMT ဟုခေါ်သော အခွန်ကို ထပ်တိုး ဒေါ်လာ ၃၁ သန်းဆောင်ခဲ့ကြောင်း ၎င်းက ရေးသားခဲ့သည်။ AMT သည် ချမ်းသာသော အခွန်ထမ်းများက ကြီးမားသော လွတ်ပေါက်များအား အသုံးပြုခြင်းမှ ကာကွယ်ရန် မူလက ရည်ရွယ်ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး ထရန့်က ယင်းစနစ်ကို ဖျက်သိမ်းပစ်ရန် ယခင်က တောင်းဆိုထားခဲ့ဖူးသည်။

ယင်းမှတ်တမ်းပေါက်ကြားမှု၏ ရင်းမြစ်အား သူမသိကြောင်း ဂျွန်စတန်က MSNBC သတင်းဌာနနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့ပြီး ယင်းအခွန်ဆောင်စာရင်းသည် သူ၏ အီးမေးလ်ထဲ ရောက်နေခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ယင်းစာရင်းအား ဒေါ်နယ်ကိုယ်တိုင်က ၎င်းထံ ပို့လိုက်ခြင်းသည် လုံးဝဖြစ်နိုင်ခြေ ရှိကြောင်း၊ ဒေါ်နယ်သည် ၎င်း၏ အကျိုးစီးပွားအတွက် စဉ်းစားသည့်အချိန်တိုင်း ယင်းကဲ့သို့ ပေါက်ကြားမှုများကို ဖွင့်ချလေ့ရှိသည့် သမိုင်းကြောင်းရှိခဲ့ကြောင်း ဂျွန်စတန်က ပြောကြားခဲ့သည်။ ထရန့်သည် ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ၀င်ငွေအလွန်အမင်း ကျဆင်းသွားခဲ့လျှင်သော်မှ ၀င်ငွေဒေါ်လာ သန်း ၁၅၀ ကျော်အတွက် အခွန်ဒေါ်လာ ၃၈ သန်းဆောင်ခဲ့ကြောင်း၊ ထရန့်သည် အရောင်းနှင့် ယစ်မျိုးခွန်၊ Employment ခွန်ကဲ့သို့ အခွန်များ အတွက်လည်း ဒေါ်လာ သန်းဆယ်ဂဏန်း ဆောင်ခဲ့ကြောင်း မီဒီယာများက တရားမ၀င် ဖော်ပြခဲ့သည့် အခွန်ဆောင်မှတ်တမ်းက သက်သေပြနေသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။


Eleven Media Group

No comments:

Post a Comment