Latest News

Wednesday, March 15, 2017

မစင်မှာပါဝင်တဲ့ ပိုး ကောင်းသန့် ရေသန့် မှာတွေ့ ရှိ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ထုတ်လုပ်တဲ့  ကောင်းသန့် သောက်ရေ သန့် မှာ မစင်မှာပါဝင်တဲ့ ကိုလီဖောင်းColiformပို့းတစ်မျိုးတွေ့ ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒါဟာကောင်းသန့် ရေသန့် ကို ဓာတ်ခွဲစမ်းသပ်ရာက ထွက်ပေါ်လာတဲ့ အဖြေလို့ ဆိုပါတယ်

အဆိုပါပို့ တွေ့ ရှိခြင်းကြောင့် ကောင်းသန့် သောက်ရေသန့် များသည့် ဓာတုနှင့်အဏုဇီဝသတ်မှတ်ချက်များကိုက်ညီမှုမရှိခြင်းသည့်အတွက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ
ထုတ်လုပ်ခွင့် ခြောက်လ ပိတ်ရန် ကို ဒီဇင်လ (၅)ရက်နေ့ တွင်  ထုတ်ပြန်ကြော်ငြာထားပါတယ်.။

ယင်းကဲ့ သို့  ထုတ်ပြန်လိုက်သော်လည်း ဆက်လက် ရောင်းချ ဖြန့် ဖြူးနေခြင်းကြောင့်  ပိတ်သိမ်းရန် နှင်
ဆက်လက်ဖြန့် ဖြိုးရောင်းချပါက ထိရောက်စွာအရေးယူမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစားအသောက်
နဲ့ ဆေးဝါးကြီး ကြပ်ရေးကော်မတီ ဥက္ကဌ က ဖေဖော် ၀ါရီ လ(၂၃)ရက်နေ့ ရက်စွဲနဲ့ ထပ်မံ အကြောင်းကြားစာတစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။
ဒါနဲ့ ပတ်သတ် လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ကက်ဘိနပ်မှာဆွေးနွေးခဲ့ တာတွေရှိသလို့ 
သတ်မှတ်စံချိန်စံနှုန်းမမီပါက သက်ဆိုင်ရာ
ဥပဒေတွေနဲ့ အရေးယူဖို့ စီစဉ်ထားတယ်လို့  အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးေ ဒါက်တာလှမြတ်သွေး
ကပြောပါတယ်။

ဒေသခံတွေကတော့သက်ဆိုင်ရာကကောင်း
သန့်သောက်ရေသန့် ကို ခြောက်လပိတ်သိမ်းရန်
ပြောဆိုထားမှုကို သိရှိခြင်းမရှိသလို ယနေ့ အချိန် အထိ ဆက်လက်ရောင်းချနေခြင်းကြောင့် သုံးစွဲနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ကောင်းသန့် ရေသန့် စက်ရုံ တာဝန်ရှိသူကတော့”ဆက်ထုတ်နေတယ်ဆိုတာ က ကျနော့်ဆီကဖြစ်တာမှ
မဟုတ်တာ သူတို့ ကောက်စစ်တဲ့ ရေဗူးစင်ဘယ်ကကဘယ်ကောက်တယ် ဆိုတော့ ဘယ်ကကောက်
တာလည်း ၁၀၀စီစီမှာ အကောင် ၁၈၀ တွေ့ တယ်ဆို လူတစ်ယောက်က တစ်လီတာသောက်ရင်
အကောင်ရေ(၁၈၀၀)၀င်သွားမယ်ဆိုရင် လူတွေ ၀မ်းလျှောကုန်မှာပေါ့ လို့ တုန့် ပြန်ပြောဆိုပါတယ်။

သက်ဆိုင်ရာက ပိတ်ခိုင်းတာကို မပိတ်ပဲ ဆက်လက်ဆောင်ရွက်နေတာက တရားဥပဒေစိုးမိုးရေးမှာ
အားနည်းမှုတွေရှိနေတာလို့ ပုသိမ်ဒေသခံနိုင်ငံရေးလေ့ လာသူ တစ်ဦးကပြောပါတယ်
ကောင်းသန့် သေက်ရေသန့်  ကို ပုသိမ် သာပေါင်း ငွေဆောင် ချောင်းသာ လပွတ္တာ ကန်ကြီးထောင့်
ဒါးက မြောင်းမြ တို့ ကို  ၂၀လီတာ ဗူးကြီလေးထောင်ခန့် နေ့ စဉ်ဖြန့် ဖြူရောင်းချနေတာပါ။
မျိုးမင်းပိုင်

ကောင်းသန့်ရေသန်ထုတ်လုပ်သူ ဦးဂျော့ခင်ရွှေရဲ့ ကွန်မန့်ကိုအောက်မှာဖော်ပြထားပါတယ်။



No comments:

Post a Comment