Latest News

Tuesday, March 7, 2017

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်နဲ့ စွမ်းအင်လုံလောက်စွာဖြန့်ဖြူးနိုင်ရေး တိုင်းလွှတ်တော်မှာဆွေးနွေးမည်

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်နဲ့ စွမ်းအင်လုံလောက်စွာဖြန့်ဖြူးနိုင်ရေး တိုင်းလွှတ်တော်မှာဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဟာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုနေပါတယ်။

ရန်ကုန်၊ မတ် ၅ – ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်နဲ့ စွမ်းအင်လုံလောက်စွာ ဖြန့်ဖြူးနိုင်ရန်နဲ့ စက်သုံးဆီဈေးနှုန်း သက်သာစွာဖြန့်ဖြူးနိုင်ရန် မတ်လကုန်မှာ ပြု လုပ်မယ့် တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြဆွေးနွေးမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်က ‘ရန်ကုန်တိုင်းအတွက် အက်ရှင်ပလန်ပေါ်ပေါက်နိုင်ဖို့နဲ့ အဲ ဒီပလန်ကို အကောင်အထည်ဖော်နိုင်ဖို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်၊ ဒီအတွက်လဲ မတ်လ ၂ ရက် က ဝန်ကြီးချုပ်ရဲ့ တွေ့ဆုံပွဲက ကျွန်မတို့ လာမယ့် မတ်လကုန်မှာ ကျင်းပပြုလုပ်မယ့် လွှတ်တော်မှာ အဆိုတစ်ခုတင်သွင်း  ပြီးတော့ ဆွေးနွေးဖို့ကိစ္စအတွက် ပြည်သူ တွေနဲ့ ကြိုတင်ဆွေးနွေးညှိနှိုင်းပြီး ဝန်ကြီး ချုပ်အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဒါကို ပြည်သူတွေနဲ့ ကြိုတင်ဆွေးနွေးပြီး တော့ ကျွန်မတို့အနေနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ တင်ပြမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်နဲ့စွမ်းအင်တင်သွင်းဖြန့်ဖြူးရေးကဏ္ဍမှာ နိုင်ငံတကာကုမဏီကြီးတွေ ပါဝင်ရင်းနှီးမြှုပ် နှံနိုင်ဖို့ ဆောင်ရွက်သွားရမှာဖြစ်ပြီး ပြည် သူလူထုတွေထံကို စက်သုံးဆီတွေ တင်သွင်းဖြန့်ဖြူးရောင်းချရာမှာ တစ်ဦးတစ်ယောက်တည်းကနေ လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင် နိုင် ဖို့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဧပြီလ ၁ ရက်ကစလို့ မီတာခ သုံးဆတိုးကောက်ခံ မယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တဲ့ စကားမှာ မပါဝင်ခဲ့ဘူးလို့လည်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုနေပြီး နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတာ၊ စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်လာတာ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လာတာတွေကြောင့် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွေဖွဲ့ ဖြိုးတိုးတက်လာရေး၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) တို့ရဲ့ လက်ရှိအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားရမယ်လို့ သိရပါတယ်။

ဆုံးဖြတ်ပါ

SMART Group မှ ဥက္ကဋ္ဌဦးကျော်ကျော်လှိုင်က ‘တက်သင့်တာကြာပါပြီ၊ ဒါပေမဲ့ အခြေခံလူတန်းစားတွေကို မထိပါစေနဲ့၊ အခြေခံလူတန်းစားကို မထိဘဲ ကျွန်တော်တို့ တက်လို့ရပါတယ်၊ စကားတွေပြောနေလို့ မရပါဘူး၊ ဆုံးဖြတ်ချက် ချပါ၊ အခုမပြောင်းရင် နောက်သုံးလေး နှစ်နေရင် ပြောင်းလို့ မရတော့ပါဘူး˘ လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ တစ်ယူနစ် ကို ကျပ် ၁၃၀ မှ ၁၃၅ ကျပ် ရှိကာ ရန်ကုန်တိုင်းလျှပ်စစ်ကဏ္ဍအတွက် ပြည်ထောင်စုအစိုးရကနေ နှစ်စဉ် ကျပ် ၄၅၀ ဘီလျံ ဝန်းကျင် စိုက်ထုတ်သုံးစွဲနေရတယ်လို့ သိရပါတယ်။

နိုင်ငံတော်ကနေ ပြည်သူတွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာမှာ အိမ်သုံးမီတာ တစ်ယူနစ်ကို ၃၅ ကျပ် ၊ ၁၀ဝ ယူနစ်အထက်ကို တစ်ယူနစ်လျှင် ကျပ် ၄၀၊ ယူ နစ် ၂၀ဝ အထက်ကို ကျပ် ၅၀ ကောက်ခံနေပါတယ်။

စီးပွားရေးလုပ်ငန်း သုံး မီတာ ၅၀ဝ ယူ နစ် အောက်ကို ၇၅ ကျပ် ၊ ယူ နစ် ၁၀ဝ၀ အောက် ကို ကျပ် ၁၀ဝ၊ ယူနစ် ၁၀ဝ၀ ကျော် ကို ၁၂၅ ကျပ် ၊ ယူနစ် ၁၀,ဝ၀ဝ ကျော်ကို ကျပ် ၁၅၀ နှုန်းနဲ့ ဖြန့်ဖြူးပေးနေတယ်လို့ သိရပါ တယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်ပနိုင်ငံတွေက စက်သုံးဆီအဓိကတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမဏီကြီး ခုနစ်ခုရှိပြီး အဲသည်ကုမဏီတွေကနေ ကိုယ်စားလှယ်အဖြစ် ပြန်လည်ဖြန့်ဖြူးရောင်းချတဲ့ ကုမဏီပေါင်း ၄၀ဝ ကျော်ရှိတယ်လို့ သိရပါတယ်။

Author ယမုံ (မြစ်မခ)

ဓာတ်ပုံ-ဦးမျိုးခိုင်

Kumudra

No comments:

Post a Comment