Latest News

Tuesday, March 7, 2017

တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုသည့်ရက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြား

တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုသည့်ရက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြား

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆိုသည့် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားနေ့များထက် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စာမေးပွဲစတင်ဖြေဆိုသည့်ရက်နေ့တွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသောလမ်းမကြီးများပေါ်ရှိ စာစစ်ဌာနများသို့ စာမေးပွဲလာရောက်ဖြေဆိုသောကျောင်းသားများအား လိုက်ပါပို့ဆောင်သော ကျောင်းကြို/ပို့ ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များ များပြားနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မြင်တွေ့ရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့်ရက်များအတွင်ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့်စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူများ အချိန်မီစာစစ်ဌာနရောက်ရှိရေးအတွက်ကျောင်းကြိုပို့ယာဉ်များကိုဦးစားပေးမောင်းနှင်မှုရရှိစေရေး ဆောင်ရွက်နေကြောင်း
အမှတ်၂ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

"စာစစ်ဌာနတွေအနီးမှာ ယာဉ်ကြောပိတ်ဆို့မှု မရှိအောင် စာမေးပွဲဖြေဆိုလာသူတွေအချိန်အမီရောက်ရှိရေးဆောင်ရွက်ဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကဆောင်ရွက်နေပါတယ်"ဟု ပြောကြားသည်။

"ဒီနေ့လာတာ မြောက်ဒဂုံကနေ တောင်ဥက္ကလာကူးတဲ့ ဘေလီထိပ်မှာပိတ်တယ်။ နောက်ပြီး လမ်းတလျှောက်ကျောင်းတွေရှိတဲ့နေရာတွေပိတ်တယ်"ဟုမြောက်ဒဂုံမြို့နယ်မှာ ကျောက်တံတားမြို့နယ်သို့ လုပ်ငန်းခွင်ဝင်ရောက်သူတဦးကပြောသည်။
ထူးမြတ်
News Watch

No comments:

Post a Comment