Latest News

Wednesday, March 29, 2017

သူရဦးအောင်ကို၏ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများ

သူရဦးအောင်ကို၏ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဆရာတော်ကြီးတစ်ပါးအား သင်္ကန်းဆက်ကပ်နေစဉ် ဓာတ်ပုံ- ပိုင်စိုးသူ
အစိုးရသစ် လက်ထက်တစ်နှစ်အတွင်း အမုန်းစကားပြောဆိုမှုများ၊ ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားစေရေးဦးတည်လှုံ့ဆော်မှုအချို့ ကြုံခဲ့ရသော်လည်း ဘာသာရေး၊ လူမျိုးရေးနှင့်ပတ်သက်သည့်ပဋိပက္ခများ မဖြစ်ပွား စေရန် အရပ်သားအစိုးရက စွမ်း ဆောင်နိုင်ခဲ့သည်။ သာသနာရေး၊ ဘာသာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ချက်ချင်းတုံ့ပြန်ဆောင်ရွက်
ရန် ကြန့်ကြာခဲ့သည်မှအပ ပြတ်သားစွာကိုင်တွယ်နိုင်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။



 ရွှေတိဂုံ စေတီတော်နှင့် ကျိုက်ထီးရိုးစေတီတော်တို့၏ ဂေါ ပကအဖွဲ့ သစ်ဖွဲ့စည်းပေးခြင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွား သော ပုဂံဘုရားများကို ကောင်း မွန်စွာ စီမံခန့်ခွဲနိုင်ခြင်း၊ မိုးပြာဂိုဏ်းနှင့် မဘသအဖွဲ့ကို သတိပေးသည့် စကားများ ပြောကြားခဲ့ ခြင်း၊ ဆရာတော်ဦးဝီရသူကို တ ရားဟောခွင့်တစ်နှစ်ပိတ်ပင်ခဲ့ခြင်း တို့ကြောင့် သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီး၏ ဆောင်ရွက်ချက် များအပေါ် ထောက်ခံမှုများစွာရှိခဲ့ သည်။

အမုန်းစကားဖြန့်ဝေသူများ ကို အရေးယူနိုင်မည့် ဥပဒေကြမ်း ကိုလည်း ရေးဆွဲ၍ ၀န်ကြီးဌာနက သမ္မတရုံးသို့ တင်ပြထားပြီဖြစ် သည်။

သာသနာရေးဝန်ကြီးဌာန၏ ပထမဆုံး ခြေလှမ်းအဖြစ် ကျိုက် ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့ သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ခေတ်အဆက်ဆက် လေလံချ ထားသည့် အလှူခံဌာနများ ဖျက် သိမ်းခြင်း၊ ရွှေဆိုင်းများကို
သတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်း ချစေခြင်း၊ တည်းခိုစရိတ်နှင့် စား သောက်စရိတ်များကို သက်သာ သည့်နှုန်းထားဖြစ်အောင် သတ် မှတ်ခြင်းစသည်တို့ ပြုလုပ်ခဲ့ သည်။

ဂေါပကအဖွဲ့သစ်ဖွဲ့စည်းပြီး နောက်  ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးတွင် ဘုရားဖူးကာ လလေးလအတွင်း အလှူငွေလက် ခံရရှိမှုသည် ယခင်နှစ်ကာလတူ လေးလထက် ကျပ်သိန်း တစ် သောင်း(၁,၀၅၆,၄၆၇,၇၅၇) တိုး တက်ရရှိခဲ့သည်ဟု သာသနာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

‘‘သာသနာရေးဦးစီးဌာနက  ကျွန်တော်တို့ခေတ်အဆက်ဆက် က ကိုင်တွယ်လို့မရတဲ့ ကျိုက်ထီး ရိုးစေတီတော်ပြုပြင်ပြောင်းလဲမှု တွေနဲ့ပတ်သက်ပြီး အားအရဆုံး ပေါ့နော်။ ရွှေတိဂုံလည်း ဒီအတိုင်း ပဲပေါ့။ တိုးတက်မှုတွေ
အများကြီး ရှိပါတယ်။ ဂေါပကစည်းမျဉ်းတွေ၊ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း တော်တော်များများပြုပြင် ပြောင်း လဲနိုင်တာပေါ့’’ဟု သာသနာရေး ဦးစီးဌာန ဒုတိယအမြဲတမ်းအတွင်း ၀န် ဦးဇာနည်ဝင်းက ပြောကြား သည်။

ရွှေတိဂုံစေတီတော်၏ ဂေါပကအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းရန်စီစဉ်နေပြီး စောင်းတန်းအသွယ်သွယ်ရှိ ဖိနပ်အပ်လုပ်ငန်းကိုလည်း အခမဲ့စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့သည်။ ရွှေတိဂုံစေတီတော်တွင် အစိုးရသစ်လက်ထက် ၁၁လအတွင်း အလှူငွေကျပ်သန်း တစ်သောင်းလေးထောင်ကျော် ရရှိခဲ့သည်ဟု သာသနာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မိုးပြာဂိုဏ်းမှ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာစာအုပ်များ၊ စီဒီခွေများနှင့် တရားဓမ္မများကိုထုတ် ဝေဖြန့်ချိခဲ့မှုများနှင့်ပတ်သက်၍ လည်း ဥပဒေနှင့်အညီ တရားစွဲဆို မည်ဟု ၀န်ကြီးသူရဦးအောင် ကိုက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

သူရဦးအောင်ကိုသည်ယခင် အစိုးရလက်ထက်က ဒေါ်အောင် ဆန်းစုကြည်နှင့် ရင်းနှီးသည့်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တစ် ဦးဖြစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင်အဖြစ်မှ ဖယ်ရှားခံ ရပြီးနောက် ဒီချုပ်အစိုးရအဖွဲ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူ ဖြစ်သည်။

‘‘ဘာသာ သာသနာနဲ့ပတ် သက်ပြီးတော့လည်း ရပ်တည်ပေး ခဲ့တဲ့ အချက်လေးတွေက သာသ နာအတွက် အကျိုးစီးပွားရှိမယ့် လုပ်ငန်းတွေ၊ အကျိုးပျက်စီးမယ့် ဟာတွေကို သူကာကွယ်ပေးတာ။ သာသနာနဲ့ မလျော်ကန်တဲ့ကိစ္စ တွေ သူဖြေရှင်းတာ တော်တော် လေးအဆင်ပြေပါတယ်’’ဟု ၀န် ကြီးသူရဦးအောင်ကို ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ဆရာ တော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာ တော်)က မိန့်ကြားသည်။

အမုန်းစကားများ ပြန့်ပွား အောင် လှုံ့ဆော်မှုတွေအပေါ် သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ထိထိရောက်ရောက်တား ဆီးပြီး အရေးယူသွားမည်ဟု သူရဦးအောင်ကိုက ပြောကြားသည်။

‘‘အမုန်းစကားတွေ ဟော ပြောလာမယ်ဆိုရင်၊တစ်မျိုးနဲ့တစ် မျိုးကြားမှာ အမုန်းစကားတွေဖြစ် လာမယ်ဆိုရင်၊ ဟောပြောမှုတွေ လုပ်မယ်ဆိုရင်၊ ရပ်ရွာအေးချမ်းမှု တွေကို ထိပါးလာမယ်ဆိုရင် ထိ ရောက်စွာအရေးယူဖို့ကိုသာသ နာရေးရယ်၊ ပြည်ထဲရေးရယ် ညှိ နှိုင်းထားပြီးဖြစ်တယ်ဆိုတာကို။ နိုင်ငံတော်သံဃနာယကအဖွဲ့က ပထမအဆင့်အနေနဲ့ ဓမ္မစက်နဲ့ ထိ ထိရောက်ရောက်ဟန့်တားမယ်။ ဟန့်တားလို့မရရင်၊ မလိုက်နာဘူး ဆိုရင်အာဏာစက်ကို လွှဲပေးပါ မယ်’’ ဟု ဆရာတော်ဦးဝီရသူ အ မုန်းစကားများပြောဆိုမှုနှင့်ပတ် သက်၍ ၀န်ကြီးသူရဦးအောင်ကို က RFA သတင်းဌာနသို့ပြောဆို ထားသည်။‘‘အမုန်းစကားနဲ့ပတ်သက် တဲ့ ကိစ္စရပ်တွေဆောင်ရွက်ဆဲ ပေါ့။ ကျွန်တော်တို့ဘက်က ဆောင်ရွက်ရမယ့် အပိုင်းတွေက အကုန်ဆောင်ရွက်ပြီးပြီ။ ဆက် လက်အကောင်အထည်ဖော်ရ မယ့် အဖွဲ့အစည်းတွေ ကျန်နေ သေးတာပေါ့’’ဟု ဦးဇာနည်ဝင်းက ပြောသည်။

သြဂုတ် ၂၄ ရက်က လှုပ် ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ပုဂံရှေးဟောင်း မြို့တော်မှ စေတီပုထိုးများကို လည်း သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက ယူနက်စကိုအဖွဲ့ နှင့် ပူးပေါင်းကာ ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ငလျင်ဒဏ် ကြောင့် ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုး ၃၈၉ ဆူပျက်စီးခဲ့သည်။

ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ၂၀၁၇ အောက်တိုဘာတွင် စာ ရင်းတင်သွင်းမည်ဖြစ်ပြီး ယခုအ စိုးရသက်တမ်းအတွင်း ၂၀၂၀ မ တိုင်မီ ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရန် ရာနှုန်းပြည့်သေချာနေသည်ဟု သူရ ဦးအောင်ကိုက ပြောသည်။

အစိုးရအဖွဲ့ကလည်း ယခင် အစိုးရ လက်ထက်များနှင့် မတူ ပျက်စီးသည့်အတိုင်းသာ စနစ်တ ကျပြုပြင်ထိန်းသိမ်းမှုများပြုလုပ် ရန် ပြင်ဆင်နေသည်ကို တွေ့ရ သည်။

 ထို့ကြောင့် ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များကို တန်ဖိုး ထားပြီး နည်းလမ်းတကျပြုပြင် မည့် အစိုးရလက်ထက်တွင် မြေ ငလျင်လှုပ်သောကြောင့် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ အ တွက် စိတ်အေးရမည့်အခြေအနေရှိသည်။

ယခုလပိုင်းတွင်လည်း ဘာ သာရေးအဓိကရုဏ်းဖြစ်စေနိုင် သော ဟောပြောမှုများကြောင့် ဦးဝီရသူကို မြန်မာတစ်နိုင်ငံလုံး တွင် မတ်လ ၁၀ ရက်ကစ၍ တ ရားဟောခွင့်တစ်နှစ်ပိတ်ပြီး ယင်း ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ဝေဖန်ပြောဆိုချက်များ ပြုလုပ်လာပါ က အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

မစိုးရိမ်တိုက်သစ် နာယက အဖွဲ့ဝင် ဦးဝိစိတ္တာဘိဝံသခေါ် ဆရာတော် ဦးဝီရသူသည် ဘာ သာတစ်ခုနှင့်တစ်ခုအကြား အ မုန်းတရားပွားပြီး ဘာသာရေးအဓိ ကရုဏ်းဖြစ်စေနိုင်သော ဟော ပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့် အတားဖြစ်စေသည့် ဟောပြောမှု များနှင့် နိုင်ငံရေးပါတီများအကြား ဘက်လိုက် ဝေဖန်ဟောပြောမှုများ ကို ဒေသအနှံ့ ကြိမ်ဖန်များစွာ ပြု လုပ်ခဲ့သောကြောင့်ပိတ်ပင်ခြင်း ဖြစ်ကြောင်း သာသနာရေးဦးစီး ဌာနက ထုတ်ပြန်ထားသည်။

‘‘ငါတို့ တိုင်းပြည်က အခုမှ ထူထောင်ဖို့ ကြိုးစားကြရမှာလေ။ အဘက်ဘက်က ပျက်စီးခဲ့ကြတာ။ အဲ့ဒီပျက်စီးခဲ့တာကို ကိုယ်တတ် နိုင်တဲ့ဘက်က အကောင်းဆုံး တည်ဆောက်ကြဖို့ ဒကာကြီး ဦးအောင်ကိုလို ပုဂ္ဂိုလ်မျိုးတွေ တည့်တည့်မတ်မတ် ၀ိုင်းဝန်းပူး ပေါင်းဆောင် ရွက်ပေးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ ဒီလို လေးမြင်ပါတယ်’’ဟု ဆရာတော် ဦးသုမင်္ဂလက မိန့်ကြားသည်။ ( 7Day News )
 

No comments:

Post a Comment