Latest News

Monday, March 6, 2017

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ဆမ်ဆောင်းထံမှ လာဘ်ငွေ ရယူနိုင်ရန် သူငယ်ချင်းနဲ့ ပူးပေါင်းစီစဉ်ခဲ့ဟုဆို

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ဆမ်ဆောင်းထံမှ လာဘ်ငွေ

ရယူနိုင်ရန် သူငယ်ချင်းနဲ့ ပူးပေါင်းစီစဉ်ခဲ့ဟုဆို

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ဆမ်ဆောင်းကုမ္ပဏီထံမှ လာဘ်ငွေရယူနိုင်ရန်အတွက် သူမရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်နဲ့ ပူးပေါင်းစီစဉ်ခဲ့ကြောင်း အထူးစုံစမ်းစစ်ဆေးရေးရုံးက ယနေ့ (မတ်လ ၆ ရက်) ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ လာဘ်ပေးမှုဖြင့် ဖမ်းဆီးစွဲချက်တင်ခံရထားသူ လီဂျေယောင်းက ဆမ်ဆောင်းကို တာဝန်ယူထားစဉ်အတွင်း ၎င်းထံမှ လာဘ်ငွေများရယူနိုင်ရန် သမ္မတပတ်ဂွန်ဟေးနဲ့ ချိုဆွန်ဆေးလ်တို့ ပူးပေါင်းစီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ဆမ်ဆောင်းအုပ်စု ကုမ္ပဏီနှစ်ခုပေါင်းစည်းမှုနဲ့ ပတ်သက်ပြီး အမျိုးသားပင်စင်လုပ်ငန်းရဲ့ ထောက်ခံချက်ရရှိရန်အတွက် ဆမ်ဆောင်းက သမ္မတကို လာဘ်ထိုးကာ လုပ်ဆောင်ခဲ့ကြောင်း အထူးစုံစမ်းစစ်ဆေးရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆမ်ဆောင်းဒုတိယဥက္ကဋ္ဌ လီဂျေယောင်းဟာ ကုမ္ပဏီဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ပြီး ကုမ္ပဏီကို ဆက်ခံနိုင်ရန်အတွက် သမ္မတပတ်ဂွန်ဟေးနဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်တို့ကို လာဘ်ငွေများပေးကာ အစိုးရရဲ့ ထောက်ခံမှုရယူခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတပတ်ဂွန်ဟေး၊ ချိုဆွန်ဆေးလ်နဲ့ ဆမ်ဆောင်းကုမ္ပဏီကတော့ လာဘ်ပေးလာဘ်ယူကိစ္စ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အဆိုပါ လာဘ်ပေးလာဘ်ယူ အရှုပ်အထွေးနဲ့ ပတ်သက်ပြီး ဆမ်ဆောင်း အကြီးအကဲ လီဂျေယောင်းကို ဖေဖေါ်ဝါရီ ၁၇ ရက်မှာ ဖမ်းဆီးခဲ့ကာ ဖဖေါ်ဝါရီ ၂၈ ရက်က စွဲချက်တင်ခဲ့ပါတယ်။ ၎င်းကို မတ်လ ၉ ရက်မှာ တရားရုံးထုတ် စစ်ဆေးကြာနားမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ လီဂျေယောာင်းက အစိုးရထံမှ အခွင့်အရေး ပြန်ရအောင် အမေရိကန်ဒေါ်လာ ၃၆ သန်း (ဝမ်ငွေ ၄၁ ဘီလီယံ) ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ လီဂျေယောင်းမတိုင်မီ သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်း ချိုဆွန်ဆေးလ်ကိုလည်း ဖမ်းဆီးစွဲချက်တင်ကာ တရားရုံးမှာ စစ်ဆေးကြားနာမှုတွေ ပြုလုပ်နေပါတယ်။ တောင်ကိုရီးယားမှာ ပေါ်ပေါက်ခဲ့တဲ့ အဂတိလိုက်စားမှု အရှုပ်အထွေးကြောင့် သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်ရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ကြားနာများပြုလုပ်ကာ ပတ်ဂွန်ဟေးကို သမ္မတအဖြစ်မှ ဖယ်ရှားခြင်းပြု မပြု ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ စစ်တပ်အကြီးအကဲဟောင်းရဲ့ သမီးဖြစ်သူ သမ္မတပတ်ဂွန်ဟေးဟာ လွှတ်တော်မဲခွဲဆုံးဖြတ်မှုအရ လုပ်ပိုင်ခွင့်များ ဆိုင်းငံ့ခံထားရကြောင်းလည်း သိရပါတယ်။

Source & Photo: Reuters

Duwun

No comments:

Post a Comment