Latest News

Wednesday, March 22, 2017

ဖေ့စ်ဘွတ်သုံးတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ကို ၀န်ကြီးချုပ် မန်းဂျော်နီ သတိပေး

ဖေ့စ်ဘွတ်သုံးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ၀န်ကြီးချုပ် မန်းဂျော်နီ သတိပေး

လူမှု ကွန်ယက် ဖေ့စ်ဘွတ် သုံးစွဲ့နေတဲ့ တိုင်းဒေသကြိး အတွင်းကလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဆန္ဒမစောဖို့ (စိတ်ကိုမလောဖို့ )ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီက မေတ္တာရပ်ခံ သတိပေးပြောဆိုလိုက်ပါတယ်။

"ဖေ့စ်ဘွတ်မှာတွေ့ ရတဲ့ အနေအထားတွေက ကျနော်တို့  လွှတ်တော်ကိုယ်စားလှယ်တွေ နည်းနည်းလေး
စိတ်ကို မြန်လွန်းအားကြီးနေတာကြောင့် မေတ္တာရပ်ခံချင်ပါတယ် စိတ်ကိုမလောကြပါနဲ့ လို့  လည်းမေတ္တာ
ရပ်ခံလိုပါတယ်" လို ၀န်ကြီးချုပ်ကပြောပါတယ်
ကိုယ်စားလှယ်တစ်ချို့ ဟာ အစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေအပေါ် အားမရကြောင်း လူမှုကွန်ယက်တွေမှာ ရေးသားမှုအပေါ် ၀န်ကြီးချုပ်က မတ်လ(၂၃)ရက်နေ့ ကအမျိုးသားဒီမိုကရေစီအဖွဲ့ ချပ်ရဲ့ ပထမအကြိမ် တိုင်း ခရီုင် မြို့ နယ်များ စုံညီတွေ့ ဆုံပွဲမှာ အထက်ပါအတိုင်းပြောကြားလိုက်တာပါ။

"သူ့ အနေနဲ့  မေတ္တာရပ်ခံတာကို ဆက်လုပ်မယ်ဆိုလည်း လုပ် ပေါ့  ဘယ်သူနာမလဲ"လို့ လည်း မေးခွန်း
ထုတ်လိုက်ပါတယ်။
ဝန်ကြီးချုပ် ရဲ့ ပြောဆိုလိုက်တဲ့  အချိန်မှာ ကိုယ်စားလှယ် တစ်ချို့ ခန်းမအပြင်ဘက်သို့  ထွက်ခွာသွားခဲ့ ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကတော့" ကျွန်မတော်တော် စိတ်မကောင်းဘူး "လို့  ဆိုပါတယ်။

ယင်းကဲ့ သို့ ပြောဆိုမှုအပေါ့်ပုသိမ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သူထွေးက တော့ ကိုယ်စားလှယ်တွေ အနေနဲ့  အစိုးရအဖွဲ့ အကြပ်အတည်းဖြစ်အောင် လူမှုကွန်ယက်ပေါ်မှာ ရေးသားပြောဆိုခြင်းမဟုတ်ဘူးလို့ ပြောပါတယ် ။

"ကျနော်တို့ က ဖေ့စ်ဘွတ်ဆိုတဲ့  ဆိုရှယ်နက်ဝက်ကို လွှတ်တော် ကိုယ်စားမဖြစ်ခင်ဘ၀တည်းက သုံးခဲ့ ပါတယ်။ အဲ့ လိုမျိးပဲ လွှတ်တော် ကိုယ်စားလှယ် တွေ အဖြစ်ဆောင်ရွက်တော့လည်း လွှတ်တော်ထဲမှာ  ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကို အဓိက ပြည်သူကို အသိပေးချင်ရုံသက်သက် သုံးခြင်းဖြစ်ပါတယ်။  အစိုးရအကျပ်အတည်းဖြစ်စေခြင်း၊ ပြည်သူတစ်ဦးတစ်ယောက်ကို ထိခိုက်နာကျင်စေခြင်း၊ ဌာနဆိုင်ရာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဂုဏ်သရေ ညှိုးနွမ်းစေခြင်း တွေနဲ့  သုံးခြင်း မဟုတ်ပါဘူး။"လို့  သူကပြောပါတယ်။

အစိုးရအဖွဲ့ အနေနဲ့ တည်ဆောက်ရေးကာလမှာ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရပေမဲ့ လည်း ဘယ်တော့မှ နောက်ဆုတ်ပဲ တစ်လှမ်းချင်းသွားမယ်လို့  လည်း ၀န်ကြီးချုပ်က  ထည်းသွင်းပြောဆိုခဲ့ ပါတယ်။
အဲဒီနေ့ ကကျင်းပတဲ့  ပါတီ စုံညီအစည်းအ၀းကို NLDပါတီ နာယကက ဦးတင်ဦး အပါဝင် ဗဟိုအလုပ်မှုဆောင်များ အစိုးရအဖွဲ့ ဝင်များတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များ NLDပါတီဝင်များနဲ့ ပြည်သူ လွှတ်တော် အမျိုးသားလွတ်တော်ကိုယ်စားလှယ် များလည်းတက်ရောက်ခဲ့ ပါတယ်။
Myo Min Paing

No comments:

Post a Comment