Latest News

Wednesday, March 22, 2017

"စီးပွားဖြစ်မဏ္ဍပ်များ အများပြည်သူနှင့် မသက်ဆိုင်သည့် နေရာများတွင် ကျင်းပခွင့်ပြုမည် "

"စီးပွားဖြစ်မဏ္ဍပ်များ အများပြည်သူနှင့် မသက်ဆိုင်သည့် နေရာများတွင် ကျင်းပခွင့်ပြုမည် "

၂၀၁၇ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် စီးပွားဖြစ်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုသွားမည်မဟုတ်ဘဲ အများပြည်သူနှင့်မသက်ဆိုင်သည့် ကိုယ်ပိုင်ခြံဝန်းများတွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပန်းသဉ္ဖာမျိုးက 7Day Daily သို့ ပြောသည်။

ယနေ့(မတ်လ၂၃ရက်)တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန် အစည်းအဝေးသို့ တက်ရောက်လာသော ဝန်ကြီးက အထက်ပါအတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

"ပြည်လမ်းမှာရှိတဲ့ ခါတိုင်းကျင်းပနေကြတဲ့ မဏ္ဍပ်တွေအားလုံးက ပုံမှန်အတိုင်းပဲ ခွင့်ပြုတယ်။ အဲဒီမဏ္ဍပ်တွေက စီးပွားဖြစ်လုပ်ကိုင်လို့မရဘူး။ အများပြည်သူပျော်ရွှင်ဖို့အတွက် ဖြစ်ပါတယ်။ သို့သော်ငြားလည်း ကိုယ့်အိမ်ယာဝန်းထဲ ခြံကြီးအကျယ်ကြီးထဲမှာ သက်သက်သီးသန့်ကျင်းပမယ့်သူတွေ အဲဒါမျိုးက စီးပွားဖြစ်အနေနဲ့ ဒီအနှပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့ ရေကစားတာတော့ မဟုတ်ဘူးပေါ့နော်။ ခြံကြီးဝင်းကြီးထဲမှာ ပြုလုပ်ချင်တဲ့သူတွေက ပွဲတော်ကျင်းပတာမျိုး ကျင်းပခွင့်ပြုပြီးတော့ စတိတ်ရိုးတို့ဘာတို့ကျင်းပ သလိုမျိုးပဲ။အဲဒါတွေကို အခွန်ကောက်သွားမှာဖြစ်ပါတယ်"ဟု ဝန်ကြီးနော်ပန်းသဉ္ဖာမျိုးက ပြောသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်များကို ပြည်လမ်းတွင်သာ ဆောက်လုပ်ခွင့်ပြုသွားမည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုသွားမည် မဟုတ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်တွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပေးဘဲ ပြည်လမ်းတွင်သာ ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုထားခဲ့သည်။( 7Day )

No comments:

Post a Comment