Latest News

Wednesday, March 8, 2017

တစ်ကျော့ပြန် ဇွန်ပန်းရုံကိစ္စ

တစ်ကျော့ပြန် ဇွန်ပန်းရုံကိစ္စ



၁၉၆၂ခုနှစ် မတ်လ ၂ ရက် နေ့ နံနက် ၈ နာရီ ၂၅ မိနစ်မှာဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာ့ အသံကနေ နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်က တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အကြောင်း ရင်းကိုတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏  အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက် လိုက်ပြီဖြစ်ကြောင်းကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ထိုနေ့ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီမို ကရေစီ ဆိတ်သုဉ်းခဲ့ရတဲ့ ပထမ ဆုံးနေ့ပါ။ စစ်အာဏာရှင်စနစ်ကို စတင်အသက်သွင်းခဲ့တဲ့ ပထမ ဆုံးနေ့ဆိုလည်း မမှားပါဘူး။ ယခု မတ်လ ၂ ရက် ၂၀၁၇ ခုနှစ်မှာ နှစ်ပေါင်း ၅၅ နှစ် ကြာခဲ့ပြီဖြစ်ပါ တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရ ဟာ ၁၉၆၂ ခုနှစ်မှာ အာဏာ သိမ်းခဲ့ပြီး ပါလီမန်ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၄ ခုနှစ်မှာ အခြေခံ ဥပဒေအသစ်ကို ရေးဆွဲ အတည်ပြုခဲ့ကာ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီ (သို့မဟုတ်) တစ်ပါတီစနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ လမ်းစဉ်ပါတီ ခေါင်းဆောင်ပိုင်းမှာ တပ်မတော် အရာရှိကြီးတွေ ပါဝင်သလို ဒေသန္တရအုပ်ချုပ်ရေး (သို့မ ဟုတ်) ပြည်သူ့ကောင်စီ အဆင့် ဆင့်မှာလည်း တပ်မတော်အရာရှိ တွေ ခေါင်းဆောင်ထားမှုကြောင့် ဆိုရှယ်လစ် ဒီမိုကရေစီစနစ်ကို ပြည်သူတွေက လက်မခံဘဲ စစ် အာဏာရှင်စနစ်သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နှင့်အတူ လမ်းစဉ်ပါတီ ပျက်သုဉ်း သွားပြီး တပ်မတော်ကပဲ ထပ်မံ အာဏာသိမ်းခဲ့ကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ်မှစတင် ရေတွက်ရင် ၂၀၁၀ ပြည့်နှစ်အထိ ၂၂ နှစ်တာ အုပ်ချုပ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ တိုင်းပြည်အုပ် ချုပ်မှုအာဏာဟာ တပ်မတော် လက်ထဲကနေ ပြည်သူလက်ထဲ ပြန်ရောက်လာတယ်လို့ ဆိုကြပါ တယ်။ ဒီလို ဆိုရခြင်းဟာ ဒီမို ကရေစီရွေးကောက်ပွဲတွေ ကျင်း ပပြီး လွှတ်တော်အရပ်ရပ်တွေ ပေါ်ပေါက်လာခြင်းကြောင့် ဖြစ် ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ အငြင်းပွားမှု များစွာရှိခဲ့ပြီး တပ်မတော်အရာရှိ ဟောင်း အများစုပါဝင်တဲ့ ပြည် ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ကာ တိုင်းပြည်အာဏာ ရရှိခဲ့တဲ့ အတွက် ဒီမိုကရေစီအစိုးရမဟုတ် ဘဲ စစ်သားတစ်ပိုင်း အစိုးရလို့ ခေါ်ခဲ့ကြတာတွေကိုလည်း တွေ့ ရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကတော့ သမိုင်းတွင်လောက်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့ပါ တယ်။ စစ်တပ်က အသိအမှတ် မပြုခဲ့ဘဲ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ရဲ့ အောင်ပွဲရှင် အင်န် အယ်လ်ဒီပါတီ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး လူထုထောက်ခံမှုနဲ့ အတူ တစ်ကျော့ပြန် အနိုင်ရရှိခဲ့ ပါတယ်။ လွတ်လပ်တဲ့မီဒီယာ တွေနဲ့ လွတ်လပ်တဲ့ ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့အစည်း အသီးသီး ရှေ့မှာ ကျင်းပခဲ့တာမို့ လို့ နိုင်ငံတကာကပါ သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပါ တယ်။

ယခု ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်အရပ်ရပ် ဖွဲ့စည်းကျင်းပခဲ့တာ တစ်နှစ်ပြည့် မြောက်ခဲ့ပါပြီ။ ဒီမိုကရေစီနည်း ကျ ရွေးချယ်ဖွဲ့စည်း တာဝန်ပေး ထားတဲ့ အစိုးရသက်တမ်းဟာ လည်း မကြာခင် တစ်နှစ်ပြည့် မြောက်တော့မှာဖြစ်ပါတယ်။ ဒီ အချိန်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁)၊ အပိုဒ် (၄)မှာပါရှိတဲ့ ‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံ သားများထံမှ ဆင်းသက်ပြီး နိုင်ငံ တော်တစ်ဝန်းလုံး၌ တည်သည်’ ဆိုသည့်အတိုင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာဟာ နိုင်ငံ သားများ ရွေးချယ်တင်မြှောက် သော အစိုးရနှင့်အတူ နိုင်ငံတစ် ဝန်းလုံး၌ တည်ရှိနေပြီလား၊ ဒီမို ကရေစီစနစ်နဲ့ညီတဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေကို ဆောင် ရွက်နိုင်ပြီလားဆိုတဲ့ အခြေအနေ တွေကို ပြန်လည်သုံးသပ်ဖို့ လို လာပါတယ်။

ဒီလိုသုံးသပ်ဖို့ လိုတာက လည်း ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပတဲ့ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက် တဲ့ အစည်းအဝေးမှာ ကာကွယ် ရေးဦးစီးချုပ်ရဲ့ ပြောကြားချက် များကြောင့် ဖြစ်ပါတယ်။ ကာ ကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ဦးသိန်း စိန် လက်ထက်နှင့် ယခုအစိုးရ လက်ထက် ပထမနှစ်တိုင်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ထင်သလောက် ခရီးမပေါက်သေး သည်ကို တွေ့ရကြောင်း ရွေးချယ် ခံအစိုးရများသည် ပါတီ၏မူဝါဒ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ် ဆောင်မှုများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေပြီး ယင်းအချက်များ မအောင်မြင်ပါ က ပြည်သူက လက်ခံမည်မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆိုအရ ၂၀၁၀ ပြည့်နှစ် ဦးသိန်း စိန်အစိုးရမှသည် ယခုအချိန်အထိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ခရီး မပေါက်သေးခြင်းဟာ မည် သည့်အတားအဆီးတွေကြောင့် လဲဆိုတာ ပြန်လှန်သုံးသပ်သင့်ပါ တယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ကြောင့်လား၊ အ နောက်တံခါးက အကြမ်းဖက် သမားတွေကြောင့်လား၊ တရား ဥပဒေစိုးမိုးရေး လျော့ရဲနေမှု ကြောင့်လား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လားဆို တာ ပြန်လည်သုံးသပ်ရမှာဖြစ်ပါ တယ်။

ဆက်လက်ပြီး ရွေးချယ်ခံ အစိုးရရဲ့ မူဝါဒအကောင်အထည် ဖော်မှုအပိုင်း (သို့မဟုတ်) ရွေး ချယ်ခံပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များ ကို အကောင်အထည်ဖော်မှု အပိုင်းမှာ ပြည်သူက မည်သည့် အတိုင်းအတာအထိ လက်ခံမှု ရှိသလဲဆိုတာလည်း တစ်နှစ်တာ ကာလ လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ် သင့်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာန အ လိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအလိုက် မိမိတို့၏ လုပ်ဆောင်ချက်များကို ပြန်လှန် သုံးသပ်ပြီး လုပ်ငန်းများ တိုးတက် မှုရှိ၊ မရှိနှင့် ပြည်သူတို့က လက်ခံ မှုရှိ၊ မရှိ ထုတ်ပြန်ကြေညာသင့် ပါတယ်။

ကာချုပ်ရုံးရဲ့ ထုတ်ပြန်ချက် အရ ယင်းအစည်းအဝေးမှာပဲ ကာချုပ်က ကုန်ဈေးနှုန်း၊ အလုပ် အကိုင်အခွင့်အလမ်း၊ ကုန်ထုတ် လုပ်ငန်းစသည့် စီးပွားရေးဆိုင် ရာများ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မျိုးချစ်စိတ်နှင့် ဘာသာရေးကိုင်းရှိုင်းမှု၊ နယ်မြေ ဒေသဖွံ့ဖြိုးရေး စသည်တို့တွင် တပ်မတော်က ပါဝင်လုပ်ဆောင် မည့်အစီအစဉ်များကို ညွှန်ကြားခဲ့ တယ်လို့ သိရှိရပါတယ်။ တပ်မ တော်က ပြည်ထောင်စုအစိုးရရဲ့ တာဝန်အချို့ကို ကူညီတယ်ဆို တာ ကြိုဆိုရမှာဖြစ်ပေမယ့် ပြည် ထောင်စုအစိုးရ မလုပ်နိုင်လို့ ဝင် ရောက်ကူညီပေးနေရတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း မရောက်စေဖို့ လိုပါတယ်။

အစိုးရသက်တမ်းဟာ တစ် နှစ်ပြည့်တော့မှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားနဲ့ အစေးကပ် သင့်ပြီဖြစ်ပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အစိုးရများကို လည်း ယခင်ကထက် လုပ်ပိုင်ခွင့် တွေ ပိုမိုပေးထားတဲ့အတွက် ပြည်သူတွေရဲ့ဘဝ လုံခြုံရေးနဲ့ လူနေမှုစနစ်ကို ပိုမိုမြှင့်တင်ပေး နိုင်ဖို့ လိုအပ်နေပါတယ်။

ပြည်သူလူထုအနေနဲ့လည်း မိမိတို့ ရွေးချယ်တင်မြှောက်ထား တဲ့ အစိုးရရဲ့ ဦးဆောင်မှုအောက် မှာ ပြည်သူလူထုရဲ့ ထားရှိအပ် သော ကျင့်ဝတ်များအတိုင်း ဟန် ချက်ညီစွာ လိုက်ပါဖို့ လိုအပ်ပါ တယ်။

 အထူးသဖြင့် နိုင်ငံတော် တည်ငြိမ်ရေးကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ ဘေးပယောဂတွေကို သတိရှိရှိ တုံ့ပြန်ဖို့ လိုပါတယ်။ တည်ငြိမ်မှု ပျက်ပြားသွားခဲ့ရင် တိုင်းပြည်ဟာ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ်က အခြေအနေမျိုးကို ပြန်ရောက်သွားနိုင်ပါတယ်။

တစ်ချိန်က ဇွန်ပန်းရုံအနီး နွံထဲလှည်းဘီးကျွံနေ၍ ပြိုင်တူ တွန်းကာ လှည်းကိုရွေ့အောင် လုပ်ခဲ့ကြပါတယ်။ ပန်းတိုင်ကို ရောက်အောင်တော့ မရွှေ့နိုင်ကြ သေးပါဘူး။ ဒီလိုအချိန်မှာ တိုင်း ပြည်တည်ငြိမ်မှု ပျက်ပြားသွား မယ်ဆိုရင် လှည်းသမားသာမက လှည်းတွန်းနေတဲ့သူတွေပါ အတိ ဒုက္ခ ရောက်ကြရပါလိမ့်မယ်။

ဒါကြောင့် ပြည်တွင်းငြိမ်း ချမ်းရေးဖြစ်စဉ်၊ တိုင်းပြည်ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များမှာ ပြည်သူ လူထုတစ်ရပ်လုံး အင်တိုက်အား တိုက် ပါဝင်လုပ်ဆောင်ကြရင်း တစ်ဖက်မှ နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားစေမယ့် နှောင့်ယှက်မှု များကို သတိရှိရှိ တွန်းလှန်ကြပါ စို့လို့ ပြည်သူ့အစိုးရ တစ်နှစ်ပြည့် တော့မယ့်ကာလမှာ တိုက်တွန်း လိုက်ပါရစေ

7Day News Journal

No comments:

Post a Comment