Latest News

Sunday, March 5, 2017

မကွေးတိုင်းမြို့နယ်များတွင် ကျပ်ငါးရာတန် ထီတစ်စောင်လျှင် ကျပ်ခြောက်ရာဖြင့် ရောင်းချနေ

မကွေးတိုင်းမြို့နယ်များတွင် ကျပ်ငါးရာတန် ထီတစ်စောင်လျှင် ကျပ်ခြောက်ရာဖြင့် ရောင်းချနေ



မကွေးတိုင်းရှိ မြို့ နယ်များတွင် ကျပ်သိန်းတစ် သောင်းရရှိမည့် ကျပ်ငါးရာတန် ထီလက်မှတ်တစ်စောင်လျှင် ကျပ်ခြောက်ရာဖြင့် ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်း အောင်လံမြို့ နယ်ရှိ ထီအရောင်းဆိုင်အများစု တွင် ကျပ်ငါးရာတန် ထီလက်မှတ်တစ်စောင်လျှင် ကျပ်ခြောက်ရာနှုန်း ဖြင့် ၀ယ်ယူကံစမ်းနေရကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ပြင် ထီကံစမ်းသူများအနေဖြင့် ကျပ်ငါးရာတန်ထီလက်မှတ် တစ်စောင်ကို ကျပ်ခြောက်ရာဖြင့် ၀ယ်ယူလိုပါက ကျပ်နှစ်ရာတန်ထီလက်မှတ်လေးစောင်ကို တစ်စောင်လျှင် ကျပ်လေးရာနှုန်းဖြင့် တွဲဖက် ၀ယ်ယူရကြောင်း အောင်လံ ဒေသခံ ဦးလှထွန်းက ပြောသည်။

‘‘သိန်းတစ်သောင်းကို စိတ် ၀င်စားလို့ တွန်းလှည်းထီကိုဝယ်တာခုနစ်ရာပေးရတယ်။ ဒါတောင် တစ်စောင်ချင်း ထိုးလို့မရပါဘူး။ သုံးစောင်တွဲ၊ငါးစောင်တွဲစသဖြင့် ထိုးရတယ်။ ငါးရာထက်ပိုရောင်း ရင် အရေးယူမယ်ဆိုပေမယ့် ရောင်းနေကြတာပါပဲ’’ မကွေး တိုင်း သရက်မြို့မှလစဉ် ထီကံစမ်းလေ့ရှိသူတစ်ဦးက ပြောသည်။

အလားတူ မကွေးတိုင်းမင်း ဘူး၊ တောင်တွင်းကြီး၊ မြို့သစ်၊ ရေနံချောင်း၊ ချောက်စသည့်မြို့ နယ်များတွင် ကျပ်ငါးရာတန်ထီလက်မှတ်တစ်စောင်လျှင်   ကျပ် ခြောက်ရာမှ ခုနစ်ရာအထိ ရောင်းချနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 ရန်ကုန်မြို့ရှိ ထီကိုယ်စား လှယ်ကြီးများထံမှ ကျပ်ငါးရာတန်ထီဆယ်စောင်(ကျပ်ငါးထောင် ဖိုး)၀ယ်ယူလျှင် ထီတစ်စောင်အပို ရရှိသော်လည်း ထီလက်မှတ်များ ကို ထုပ်ပိုးသည့်အိတ်၊ စာရွက် စာတမ်း၊ ဆယ်စောင်တွဲ၊   ငါး စောင်တွဲစသဖြင့် ခွဲခြားထုပ်ပိုးရသည့် စရိတ်များအပြင် လှည့်လည်ရောင်းချသည့် ၀န်ထမ်းများ၊လက်ခွဲ ကိုယ်စားလှယ်များ အ တွက် နေ့တွက်စရိတ်စသည့် ကုန်ကျစရိတ်များစွာ ရှိနေသောကြောင့် ဈေးတက်ရောင်းချနေရကြောင်း မကွေးမြို့မှ ထီအရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။



7Day News Journal

No comments:

Post a Comment