Latest News

Monday, March 13, 2017

ဗိုလ်​ချုပ်​​အောင်​ဆန်းကို နှစ်​ခါ ပြန်​သတ်​သလိုဖြစ်​မယ်​လို့ စက်​မှုဝန်​ကြီး​ဟောင်း ​ဝေဖန်

ဗိုလ်​ချုပ်​​အောင်​ဆန်းကို နှစ်​ခါ ပြန်​သတ်​သလိုဖြစ်​မယ်​လို့ စက်​မှုဝန်​ကြီး​ဟောင်း ​ဝေဖန်

တံတားသစ်​တစ်​စင်းရဲ့ အမည်​​ပေး​ရေးကိစ္စကို လွှတ်​​တော်​မှာ ​ဆွေး​နွေးစရာမလိုသလို သာမန်​တံတားတစ်​စင်းကို ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ အမည်​နာမ ​ပေးလိုက်​မယ်​ဆိုရင်​ ဗိုလ်​ချုပ်​ကို နှစ်​ခါသတ်​သလိုဖြစ်​မယ်​လို့ စက်​မှုဝန်​ကြီး​ဟောင်းဖြစ်​သူ မင်းကင်းမြို့နယ်​အမတ်​ ဦး​မောင်​မြင့်​က ​ဝေဖန်​လိုက်​ပါတယ်​။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်က တံတားအမည်အား ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးရန် ပေါင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းရဲ့ တိုက်တွန်းကြောင်းအဆိုအား ​ဆွေး​နွေးစဉ်​ ​ဝေဖန်​လိုက်​တာပါ။အဆိုကို လွှတ်တော်အမတ် ၁၆ဦးက ဆွေးနွေးကြမှာ ဖြစ်​ပါတယ်​။
Mizzima

No comments:

Post a Comment