Latest News

Monday, March 13, 2017

ရန်ကုန်တွင် နွေကာလလျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး ကျပ်ဘီလီယံ ၃၀ သုံးစွဲရန် သမ္မတက လွှတ်တော်သို့ တင်ပြ

ရန်ကုန်တွင် နွေကာလလျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး ကျပ်ဘီလီယံ ၃၀ သုံးစွဲရန် သမ္မတက လွှတ်တော်သို့ တင်ပြ

 ရန်ကုန်တိုင်းဒေသကြီး အတွင်း နွေရာသီတွင် လျှပ်စစ် ဓာတ်အား  လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးကျပ်ဘီလီယံ ၃၀ကို အထူးကိစ္စရပ်အဖြစ် သမ္မတ၏ သီးသန့်ရန် ပုံငွေမှ သုံးစွဲရန် သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ မတ်လ ၁၃ရက်၌ တင်ပြခဲ့သည်။

အဆိုပါ ကျပ်ဘီလီယံ ၃၀ ဖြင့် ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးသုံး   အလွယ်တကူရွှေ့ ပြောင်းနိုင်သော ၂၅ မဂ္ဂါဝပ်လျှပ် စစ်ဓာတ်အားထုတ်စက်ဝယ်ယူ ရန် မတ်လ ၉ရက်က ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်း  အဝေးတွင် ခွင့်ပြုခဲ့သည်။

အဆိုပါဓာတ်အားထုတ် စက်ဝယ်ယူရန်ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က နိုင်ငံတော် သမ္မတရုံးသို့ ဖေဖော်ဝါရီလကုန်က တင်ပြခဲ့ရာ သဘောတူခွင့်ပြု ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနဒုတိယ၀န်ကြီးဒေါက် တာထွန်းနိုင်က လွှတ်တော်သို့ရှင်း လင်းပြောကြားသည်။

ဓာတ်အားထုတ်စက်ဝယ်ယူ ပါက  စာချုပ်ချုပ်သည့်နေ့ကစ၍ တပ်ဆင်ချိန်အထိ တစ်လခွဲခန့်ကြာမြင့်နိုင်ကြောင်း ၎င်းက ပြောသည်။

အဆိုပြုဈေးနှုန်းမှာ ဆိပ် ကမ်းအရောက် (CIF)တန်ဖိုး အ မေရိကန်ဒေါ်လာ ၂၂ဒသမ၂သန်း ခန့်ဖြစ်ရာ မြန်မာကျပ်ငွေဖြင့် ပေး ချေပါက လက်ရှိငွေလဲနှုန်းအရ ကျပ်ဘီလီယံ ၃၀ခန့် ကျသင့် ကြောင်း ဒုဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောသည်။

အဆိုပါဓာတ်အားထုတ် စက်ကို အိတ်ဖွင့်တင်ဒါစနစ်(သို့ မဟုတ်) ကန့်သတ်တင်ဒါစနစ်ဖြင့် ဆောင်ရွက်ပါက အချိန်ကြာမြင့် နိုင်၍ အစိုးရအချင်းချင်း အစီအစဉ်ဖြင့် ၀ယ်ယူရန်စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

အစိုးရအချင်းချင်းအစီအ စဉ်ဖြင့်  ၀ယ်ယူပါက ကြားခံအဖွဲ့အစည်းအဖြစ် ရန်ကုန်တိုင်းဒေသ

ကြီး အစိုးရရှယ်ယာအများစု ပါဝင်ဖွဲ့စည်းထားသော ရန်ကုန်ဖန်းကုမ္ပဏီလီမိတက်က ဆောင်ရွက်မည်ဖြစ်ပြီး   ပစ္စည်းပေးသွင်းမည့် ကုမ္ပဏီသို့ ကျပ်ငွေဖြင့် ပေးချေရမည့်ကိစ္စများကို အဆိုပါကုမ္ပဏီနှင့်အသေးစိတ်ညှိနှိုင်းစီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်းဒုဝန်ကြီးကပြောသည်။

စီးပွားရေးအရ အချက်အ ချာကျသော ရန်ကုန်တွင် လျှပ်စစ် ဓာတ်အား နှစ်စဉ် ၁၅၀ မဂ္ဂါဝပ်မှ ၂၀၀ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲ လျက်ရှိပြီး လက်ရှိတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၄၀ရာခိုင်နှုန်းခန့် အသုံးပြုလျက်ရှိကြောင်း ဒုဝန်ကြီး၏ပြောကြား ချက်အရသိရသည်။

အဆိုပါလျှပ်စစ်ဓာတ်အား ထုတ်စက် ၀ယ်ယူပြီးပါက ရန် ကုန်တိုင်းဒေသကြီးအတွင်း ဓာတ် အားအများဆုံးအသုံးပြုချိန်များ တွင် နေ့စဉ်တစ်ရက်လျှင် ငါးနာရီ ခန့် ၀င်ရောက်မောင်းနှင်ဓာတ် အားပေးရန်  စီစဉ်ထားကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင် လက်ရှိဂက်စ်တာ ဘိုင်များ ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ချိန်များတွင် ရရှိလာမည့် သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့နည်းကျဆင်းမှုမရှိစေရန်နှင့် တစ်နိုင်ငံလုံးတွင် အရေးပေါ်လိုအပ်သည့်မည်သည့် နေရာမဆို ရွှေ့ပြောင်းဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ် ချက်ဖြင့် ၀ယ်ယူရန်စီစဉ်ကြောင်း၎င်းက ပြောသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ထုတ်စက်ကို ဒီဇယ်ဆီအသုံးပြု မောင်းနှင်ပါက တစ်နာရီလျှင် ၇,၄၈၈ လီတာခန့်လိုအပ်ရာ တစ်နေ့ ငါးနာရီခန့်မောင်းနှင်ပါက တစ်ရက်လျှင် ဒီဇယ်ဆီအသုံးပြုမှု ဂါလန်တစ်သောင်းခန့်ကုန်မည်ဟု ဒုဝန်ကြီးက ပြောသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းတွင် ပြည် သူများအရေးပေါ်လျှပ်စစ်ဓာတ် အားရရှိရေး စုဆောင်းထားသော ဒီဇယ်ဆီလက်ကျန် ဂါလန်ဆယ်သိန်းခန့်ရှိကြောင်း ဒုဝန်ကြီး၏ လွှတ်တော်သို့တင်ပြမှုတွင် ပါရှိသည်။ သမ္မတ၏ တင်ပြချက်ကို လွှတ်တော်က မကြာမီရက်ပိုင်းအ တွင်း ဆုံးဖြတ်မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment