Latest News

Tuesday, March 21, 2017

Airgun သေနတ် နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

Airgun  သေနတ် နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ



ရန်လုံကျိုင်းအနီးပတ်ဝန်းကျင်မှ MNDAA အကြမ်းဖက်သောင်းကျန်းသူများ အသုံးပြုသည့်  Airgun  သေနတ် နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပါသည်။

နေပြည်တော်၊ မတ် - ၂၂

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင်တစ် ၀ိုက်၌ တပ်မတော်စစ်ကြောင်း များက MNDAA အကြမ်းဖက်သောင်းကျန်းသူများအား ဖြန့်ခွဲထိန်းချုပ်လျက်ရှိရာ မတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်လုံကျိုင်းရဲစခန်းအနီးရှိ အဆောက်အဦများအတွင်း နယ်မြေရှင်းလင်းစဉ်   AIRPORE Airguns   တံဆိပ်ပါ Airgun  အမျိုးအစား(မှန်ပြောင်းပါ)သေနတ် ၁ လက်၊ ပွိုင့်-၂၂ ကျည်အပါအ၀င် ကျည်မျိုးစုံ ၁၈၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့ကို ရှာဖွေတွေရှိ သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment