Latest News

Tuesday, March 21, 2017

အမေရိကန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ

အမေရိကန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ

နေပြည်တော် မတ် ၂၁

အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့၊ သီလ၀ါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ရေတပ်စစ်သံမှူးတို့ ကကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်အား စစ်ရေယာဉ်မှူး CAPT Stanfield L.Chien ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၃၉ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၂၅ ရက်ထိ ငါးရက်ကြာနေထိုင်၍ လေ့လာလည်ပတ်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးအားကစားပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှစစ်ရေယာဉ်များ လာရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံရေတပ်အချင်းချင်းသာမက နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment