Latest News

Monday, March 6, 2017

AFC Women's Football Day 2017 မတ် ၈ ရက်တွင်ကျင်းပမည်

AFC Women's Football Day 2017 မတ် ၈ ရက်တွင်ကျင်းပမည်


သတင်း - ရဲရင့်ရှိုင်း၊ ဓာတ်ပုံ - စိုးညွန့်

ရန်ကုန် မတ် ၆

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က သတ်မှတ်ထားသော AFC Women's Football Day 2017အခမ်းအနားကို ရန်ကုန်မြို့၌ မတ် ၈ ရက် ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မတ် ၈ ရက်တွင် ကျရောက်သည့် AFC Women's Football Day ကို ဆင်နွှဲခြင်းဖြစ်ပြီး အသက် ငါးနှစ်မှ ၁၆ နှစ်ကြားရှိ လူငယ်အမျိုးသမီးကစားသမားများကို အမျိုးသမီးနည်းပြများက ဘောလုံးအခြေခံ နည်းစနစ်များ သင်ကြားပေးမည်ဖြစ်သည်။ ထို့အပြင် AFC Women's Football Day အထိမ်းအမှတ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အမျိုးသမီး လိဂ် ညွန့်ပေါင်းအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီလဆန်းပိုင်းတွင် ယှဉ်ပြိုင်ရမည့် ၂ဝ၁၈ အာရှဖလားခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး နယ်သာလန်နိုင်ငံသား ရော်ဂျာက ကိုင်တွယ်လျက်ရှိကာ ကစားသမား ၃ဝ ဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာအမျိုးသမီး အသင်းသည် ထိုင်းလက်ရွေးစင် အသင်းနှင့် မတ် ၁ ရက်က ခြေစမ်းပွဲကစားခဲ့ရာ ဂိုးမရှိ သရေကျခဲ့သည်။

No comments:

Post a Comment