Latest News

Monday, March 6, 2017

ဧပြီ ၁ ရက်မှစ၍ ကုန်တင်ယာဉ်များ လမ်းတံတားများပေါ်တွင် တန်ပို တင်ဆောင်ဖြတ်သန်းခွင့် မပြုတော့

ဧပြီ ၁ ရက်မှစ၍ ကုန်တင်ယာဉ်များ  လမ်းတံတားများပေါ်တွင် တန်ပို တင်ဆောင်ဖြတ်သန်းခွင့် မပြုတော့

မုံရွာ မတ် ၆

ဧပြီ ၁ ရက်မှစတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းတံတားများပေါ်တွင် ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင်၍ ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်တော့ဘဲ လက်ရှိခွင့်ပြုပေးလျက်ရှိသော ယာဉ်အမျိုးအစားအလိုက်ယာဉ်နှင့် ကုန်တန်ချိန် အတိုင်း သာခွင့်ပြုသွားမည်ဖြစ်ကြောင်း မုံရွာခရိုင်လမ်းဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။

''ကုန်တင်ယာဉ်တွေ တန်ပိုတင်ဆောင်ဖြတ်သန်းတာကို မတ် ၃၁ ရက်အထိ အများပြည်သူသိရှိလိုက်နာဖို့ အသိပေးတာနဲ့ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင် ရွက်နေပါတယ်။ ဧပြီ ၁ ရက်ကစပြီး ခွဲခြားဖြတ်တောက်လို့မရတဲ့ ပစ္စည်းတွေမှအပ အခြားကုန်တင်ယာဉ်တွေဟာB.O.T လမ်းတံတားဂိတ်တွေနဲ့ လေလံလမ်းတံတား ဂိတ်တွေမှာ တန်ပိုတင်ဆောင်ဖြတ်သန်းခွင့်မပြုဖို့နဲ့ B.O.Tလေလံလမ်းတံတားဂိတ် တွေက တန်ပိုယာဉ်တားဆီးဖို့ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု မုံရွာခရိုင် လမ်းဦးစီး ဌာနတာဝန်ရှိသူက ပြောသည်။ B.O.Tလေလံလမ်းတံတားဂိတ်များတွင် တန်ပိုယာဉ်ဖြတ်သန်းမှု မရှိစေရေးအတွက် ဆိုင်းဘုတ်တပ်ဆင်ပြီး အသိပေးလက်ကမ်း စာစောင်များကို ဖြတ်သန်းသွားလာလျက်ရှိသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း များကို B.O.Tလေလံလမ်းတံတားဂိတ်များရှိ ဝန်ထမ်းများက ဖြန့်ဝေဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့အများပြည်သူသိရှိစေရန်နှင့် ကုန်တင်ယာဉ်မောင်းများ သိရှိစေရန်တို့ကိုဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန လမ်းအခွန်ထိန်းသိမ်း ရေးဌာနခွဲအင်ဂျင်နီယာချုပ်(မြို့ပြ)က ဇန်နဝါရီ ၁၆ ရက် နေ့စွဲဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) များထံ အသိပေးအကြောင်း ကြားထားကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment