Latest News

Thursday, February 9, 2017

Closed User Group ကို အမ်ပီတီ မိတ်ဆက်

Closed User Group ကို အမ်ပီတီ မိတ်ဆက်

Group တစ်ခုအတွင်း မိုဘိုင်းဖုန်းများ အပြန်အလှန် အခမဲ့ အသံခေါ်ဆိုခြင်းနှင့် အခမဲ့ စာတိုပေးပို့ခြင်းတို့ကို ပြုလုပ်နိုင် မည့် Closed User Gruoup ဝန်ဆောင်မှုကို MPT က စတင် မိတ်ဆက်လိုက်သည်။

အနိမ့်ဆုံး ဆင်းမ်ကတ်ငါးခု ကစ၍ အမြင့်ဆုံးဆင်းမ်ကတ် အရေအတွက် အကန့်အသတ်မရှိ အပြန်အလှန်  အခမဲ့အသံခေါ်ဆိုခြင်း၊ အခမဲ့စာတိုပေးပို့ခြင်းကို Closed User Group ၌ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသစ်ကို GSM ဖုန်းလိုင်းများနှင့် WCDMA ဖုန်းလိုင်းများသာ အသုံးပြုနိုင်ပြီး CDMAဖုန်းလိုင်းများအနေဖြင့် ပါဝင်ခွင့်ရရှိမည်မဟုတ်ကြောင်း MPT က သတင်းထုတ်ပြန်ထားသည်။

Closed User Group ဝန်ဆောင်ခကို ဆင်းမ်ကတ် တစ်ခုချင်းစီအတွက် လစဉ်ကြေး ၃,၀၀၀ ကျပ် သတ်မှတ်ထားပြီး အခမဲ့အသံခေါ်ဆိုခြင်းနှင့် အခမဲ့ စာတိုပေးပို့ခြင်းအတွက် ပမာဏ ကန့်သတ်ချက်မရှိကြောင်း MPTပြန်ကြားရေးတာဝန်ခံကဆို သည်။


Closed User Group ဝန်ဆောင်မှုကို ယခင်က အူရီးဒူး အနေဖြင့် ပေးအပ်ခဲ့သော်လည်း ယခုအခါ အူရီးဒူးသည် မိုဘိုင်းဖုန်းဘီလ်ဖြည့်သွင်း သူများကိုအူရီးဒူးအချင်းချင်း အခမဲ့ခေါ်ဆိုခွင့်များ ပေးအပ်ခဲ့သည့်နောက်ပိုင်း Group အလိုက် အခမဲ့ခေါ်ဆိုခြင်း ဝန်ဆောင်မှုကို ပြန်လည်ဖျက်သိမ်းခဲ့သည်။

လစဉ်ကြေး ၃,၃၀၀ ကျပ် ပေးဆောင်ရသည့် အူရီးဒူး ဝန် ဆောင်မှုတစ်ခုသည် အချင်းချင်း မိနစ် ၁၀၀ ခေါ်ဆိုခွင့်နှင့် မိုဘိုင်း အင်တာနက် 250 MB အသုံးပြု ခွင့်ရရှိသည်။ အခြားသော မိုဘိုင်း အော်ပရေတာများကို အသံခေါ်ဆိုခြင်းအတွက် ဖြည့်သွင်းသည့် ငွေပမာဏကျပ် ၃,၃၀၀ကို ပြန် လည် အသုံးပြုနိုင်ကြောင်း အူရီး ဒူးက သတင်းထုတ်ပြန်သည်။

MPT က ဝန်ဆောင်မှုပေး အပ်သည့် Closed User Group ကို မည်သူမဆို လျှောက်ထားနိုင် သော်လည်း အခမဲ့ဝန်ဆောင်မှု သည် Group အတွင်းရှိ ဆင်းမ် ကတ်များအတွက်သာ အကျုံးဝင် မည်ဖြစ်သည်။ အူရီးဒူး၏ Closed User Group ဝန်ဆောင်မှုသည် ကုမ္ပဏီများကိုသာ ဝန်ဆောင်မှု ပေးအပ်ခြင်း ဖြစ်သော်လည်း ပြောင်းလဲလိုက်သည့် စနစ်သစ် အရ ကြိုက်နှစ်သက်ရာ အူရီးဒူးဖုန်းလိုင်းအားလုံးသို့ ခေါ်ဆိုခွင့် ရရှိခဲ့သည်။
7Day News Journal

No comments:

Post a Comment