Latest News

Thursday, February 9, 2017

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတွေက ရန်ပြုဖို့ ၀ိုင်းရံလာတာကြောင့် တပ်မတော်ရေယာဉ်က တားဆီးပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတွေက ရန်ပြုဖို့ ၀ိုင်းရံလာတာကြောင့်

တပ်မတော်ရေယာဉ်က တားဆီးပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်

   
Capture (2)အသက်အန္တရာယ်နဲ့ လုံခြုံရေး အခြေအနေကြောင့် လက်နက်ငယ်နဲ့ နှစ်ချက်ပစ်ရာမှာ စက်လှေတွေဟာ တစ်ဖက်နိုင်ငံ ရေပိုင်နက်ထဲသို့ ပြန်လည်ထွက်ပြေးသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရတဲ့ ဖြစ်စဉ်မှာ ငါးဖမ်းလှေတွေဟာ တပ်မတော် ရေယာဉ်ကို အကြမ်းဖက်ဖို့ ၀န်းရံလာတာကြောင့် ပစ်ခတ်တားဆီးခဲ့ရတာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေကို မြန်မာတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်မှာ တပ်မတော်လှည့်ကင်းရေယာဉ်က မောင်တောမြို့နယ် ကညင်ချောင်းနဲ့ ညောင်ချောင်းအကြားမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ရှစ်စီးကိုတွေ့ရှိပြီး ငါးစီးဟာ မြန်မာနိုင်ငံပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းနေတာကြောင့် စစ်ဆေးဖို့ ကြိုးစားရာမှ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အဆိုပါငါးဖမ်းစက်လှေတွေထဲမှ ပိုင်နက်နဲ့အနီးဆုံးစက်လှေကို စစ်ဆေးဖို့ သွားရောက်စဉ် အခြားစက်လှေတွေက အန္တရာယ်ပြုဖို့ ၀န်းရံလာတာပြီး စစ်သားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေး အခြေအနေကြောင့် လက်နက်ငယ်နဲ့ နှစ်ချက်ပစ်ရာမှာ စက်လှေတွေဟာ တစ်ဖက်နိုင်ငံ ရေပိုင်နက်ထဲသို့ ပြန်လည်ထွက်ပြေးသွားကြောင်း ဖော်ပြထားပါတယ်။

ပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အကြောင်းကြားလာကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဆိုပါဖြစ်စဉ်ကို အဖြစ်မှန် ပေါ်ပေါက်စေဖို့ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားထားပါတယ်။

Source: 7Day Daily : Duwun

No comments:

Post a Comment