Latest News

Thursday, February 9, 2017

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၏ ခရီးစဉ်များတွင် လုံခြုံရေးတင်းကျပ်မည်

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၏ ခရီးစဉ်များတွင် လုံခြုံရေးတင်းကျပ်မည်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၏ နယ်ခရီးစဉ်များဆင်းရာတွင် လုံခြုံရေး အခြေအနေ တင်းကျပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များထံမှ သိရှိရသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် NLD ပါတီဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံခဲ့ရသည့် ဖြစ်ရပ်ကို   အဆိုးဆုံး ဖြစ်ရပ်တစ်ခုအနေနှင့် ခံစားရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင်လည်း အစိုးရအဖွဲ့အနေဖြင့် လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊  စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးကပြောသည်။“ဦးကိုနီ လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ အဆိုးဆုံးဖြစ်ရပ်တစ်ခုအနေနဲ့ ခံစားရပါတယ်။ ကျွန်တော်တို့အစိုးရ အဖွဲ့အနေနဲ့လည်း ဧရာဝတီတိုင်းဒေသကြီး အတွင်းနယ်တွေသွားတဲ့ အခါမှာ လုံခြုံရေးတင်းကျပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။”ဟု  ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသူ ဦးကိုနီနှင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် သေနတ်သမားကို ဖမ်းဆီးရာမှ အသက် သေဆုံးခဲ့ရသော Taxi ယာဉ်မောင်း ကိုနေဝင်းသေဆုံးခဲ့ရမှုအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ကျင်ပနေဆဲ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင်းလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဖဲကြိုးနက် ရင်ထိုးများ တပ်ဆင်ပြီး လွှတ်တော်အစည်းအဝေးတက်ရောက်ခဲ့ကြကြောင်း သိရသည်။“ဒီလိုအကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံလို နိင်ငံတရားဥပဒေစိုးမိုးရေးကို ဦးတည်နေတဲ့ နိုင်ငံတစ်ခုမှာ ခုလိုဖြစ်တာဟာ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်လို့ ယူဆလို့ရပါတယ်။” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ငပုတောမဲဆန္ဒနယ်အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးသိမ်းကပြောသည်။ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ၀န်ကြီးချုပ် အပါအ၀င် ၀န်ကြီး ၇ ဦးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွန်မှူးတစ်ဦးတို့ဖြင့်ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။

ရတပုံသတင်းစာ

No comments:

Post a Comment