Latest News

Thursday, February 9, 2017

တက္ကစီယာဉ်မောင်းဦးနေ၀င်းဧ။် သမီးကြီးအတွက် CB ဘဏ်သိန်းငါးဆယ်လှူ

တက္ကစီယာဉ်မောင်းဦးနေ၀င်းဧ။် သမီးကြီးအတွက်

CB ဘဏ်သိန်းငါးဆယ်လှူ


ရန်ကုန် -ဖေဖော်ဝါရီ ၉

ရန်ကုန်လေဆိပ်သေနတ်ပစ်လုပ်ကြံမှုတွင် သေနတ်သမားအားကူညီဖမ်းဆီးခဲ့သည့်တက္ကစီယာဉ်မောင်း ဦးနေ၀င်း၏သမီးကြီးဖြစ်သူ မပြည့်ပြည့်၏ ပညာရေးအတွက်အသုံးပြုရန် CB ဘဏ်ကထောက်ပံ့ငွေကျပ်သိန်းငါးဆယ်ကို ဖေဖော်ဝါရီ ၉ ရက် ညနေတွင် သွားရောက် ပေးအပ်ခဲ့သည်။
Popular News

ထောက်ပံ့ငွေများကို CB ဘဏ်တွင်အကောင့်ဖွင့်၍သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မပြည့်ပြည့်မှာ အသက်မပြည့်သေးသည့်အတွက်မိခင်ဖြစ်သူဒေါ်စန်းရီ၏အမည်ဖြင့် ဘဏ်တွင်အကောင့်ဖွင့်ပေးထားခြင်းဖြစ်သည်။

မပြည့်ပြည့်အသက်ပြည့်မှသာ အမည်ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ၊အဆိုပါလှူဒါန်းမှုကို လှိုင်မြို့နယ်၊၂ ရပ်ကွက်ရှိ မပြည့်ပြည့်၏ နေအိမ်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက်ညနေ ၅ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်သမား၏ လုပ်ကြံခံခဲ့ရရာတက္ကစီယာဉ်မောင်းဦးနေ၀င်းက သေနတ်သမားကို ၀ိုင်းဝန်းဖမ်းဆီးပေးရင်းသေဆုံးခဲ့ရခြင်းဖြစ်သည် ။

No comments:

Post a Comment