Latest News

Sunday, February 19, 2017

၁၅ ပါးမြောက် ရွှေကျင်သာသနာပိုင်အဖြစ် ဝိဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်အား တင်မြှောက်

၁၅ ပါးမြောက် ရွှေကျင်သာသနာပိုင်အဖြစ် ဝိဇ္ဇောတာရုံကျောင်းတိုက်

ဆရာတော်အား တင်မြှောက်

ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် ဝိဇ္ဇောတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတအား ၁၅ ပါးမြောက် ရွှေ ကျင်သာသနာပိုင်အဖြစ် ခန့်အပ် တင်မြှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ဘဝနတ်ထံပျံလွန်တော်မူသည့် ၁၄ ပါးမြောက် ဝါဆိုဆရာတော်ကြီး ၏ အရိုက်အရာကို ဝိဇ္ဇောတာရုံ ကျောင်းတိုက် ပဓာနနာယကဆ ရာတော် ဘဒ္ဒန္တဝိဇ္ဇောတအား ပန္နရ သမ(၁၅ ပါးမြောက်)ရွှေကျင်နိ ကာယာဓိပတိရွှေကျင်သာသနာ ပိုင်အဖြစ် ဖေဖော်ဝါရီ ၁၈ ရက် နံနက်က တင်မြှောက်ခဲ့သည်။


သက်တော်(၈၈)နှစ်ရှိ ဝိဇ္ဇောတာရုံကျောင်းတိုက်ပဓာနနာယ ကဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ သည် ဝါဆိုဆရာတော်သာသနာ ပိုင်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဥပဥက္ကဋ္ဌ-တွဲဖက်သာသနာပိုင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဝိဇ္ဇောတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောတသည် ၂၀၁၅ ဇန်နဝါရီ ၂၉ ရက်က ဘဒ္ဒန္တမာနိတသိရီ (သူဌေးတန်း မဟာဝိသုဒ္ဓါရုံ-မန္တ လေး)၊ ဘဒ္ဒန္တဉာဏိဿရသီတဂူ ဆရာတော် (သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် စစ်ကိုင်း)တို့နှင့်အတူ ဥပဥက္ကဋ္ဌ-တွဲဖက်သာသနာပိုင် အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။

ထို့ကြောင့် ယခုအခါ တွဲဖက်သာသနာပိုင်ဆရာတော်နှစ်ပါးရှိ နေကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment