Latest News

Sunday, February 26, 2017

ဦးကိုနီကို ဆုံးရှုံးရခြင်းသည် အလွန်နှမြောစရာကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဦးကိုနီကို ဆုံးရှုံးရခြင်းသည် အလွန်နှမြောစရာကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား



လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ရဲသည့်အချိန်တွင်၊ မလုပ်သင့်မလုပ်ထိုက်သည်ကို ကြောက်၍ မလွန်ဆန်ရဲသောအချိန်၌ ဦးကိုနီ၊ ဦးနေ၀င်းကဲ့သို့ လူများရှိခဲ့သည်ကို အောက်မေ့ပြီး အင်အားဖြစ်စေရန် ဆန္ဒပြု


 ဦးကိုနီကို ဆုံးရှုံးရခြင်း သည် အလွန်နှမြောစရာကောင်းပြီး ဦးကိုနီကဲ့သို့လူမျိုးနှင့် နှစ်ပေါင်း များစွာ လက်တွဲ၍ ယုံယုံကြည် ကြည်လုပ်ဆောင်ခဲ့ရသည်မှာ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

 ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိတော်ဝင်နှင်းဆီခန်းမတွင် ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သောဦးကိုနီနှင့် ဦးနေ၀င်း အောက်မေ့ဖွယ်အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ကာ ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ဦးကိုနီလုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဆုံးအကြိမ် လူမြင်ကွင်းထွက်ကာ စကားပြောခြင်းဖြစ်သည်။

‘‘ဦးကိုနီလိုလူမျိုး ဆုံးရှုံးရ တယ်ဆိုတာ ကျွန်မတို့အဖွဲ့ချုပ် အတွက် အင်မတန်နှမြောစရာပါ ပဲ။ ဦးကိုနီလိုလူမျိုးနဲ့ နှစ်ပေါင်း များစွာ လက်တွဲပြီးတော့ ယုံယုံ ကြည်ကြည်  လုပ်လာခဲ့တာကတော့ အဖွဲ့ချုပ်အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်’’ဟု ပြောကြားသည်။

 ‘‘ဦးကိုနီဟာ ဥပဒေအ ထောက်အကူအဖွဲ့ထဲမှာ ပါခဲ့ တယ်ဆိုတာ ယုံကြည်ချက်နဲ့၊ တရားဥပဒေစိုးမိုးဖို့ ကြိုးစားတဲ့နေ ရာမှာ ယုံကြည်ချက်နဲ့ တက်တက် ကြွကြွတတ်နိုင်သလောက် ပါဝင် ကူညီခဲ့ပါတယ်။ ဦးကိုနီကို ရဲ ဘော်ရဲဘက်တစ်ယောက်အနေနဲ့ ရော။ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တစ် ယောက်အနေနဲ့ရော၊ တရား ဥပဒေပညာရှင်တစ်ယောက် အနေနဲ့ရော တန်ဖိုးထားပါတယ်’’ဟု ပြောကြားသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်း ဦးကိုနီက အလွန်စိတ်ဝင် စားကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောပြီး တစ်ဆက်တည်း တွင် ‘‘နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုး ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ နိုင်ငံကြီးစနစ်တစ်ခုရဲ့ ကျောရိုး ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ ဒီကျောရိုးကြီးဖြောင့်မှ နိုင်ငံရဲ့ ခြေလှမ်းဖြောင့်မှာပါ။ ဒါကို ဦးကို နီက လုံးဝသဘောပေါက်တယ်’’ ဟု လေးလေးနက်နက်ပြောကြား သည်။

ဦးကိုနီနှင့် ဦးနေ၀င်းတို့နှစ်ဦးစလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များဖြစ်ကာ ၎င်းတို့နှစ်ဦး၏ စွန့်လွှတ်စွန့်စားပြီး တာဝန်သိသော စိတ်ဓာတ်သည် အစိုးရသစ်၏ သက်တမ်း ၁၀ လကျော်အတွင်း ကျေနပ်စရာအချက်တစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ထို့အပြင် ‘‘ကျွန်မတို့ လုပ် သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့ အချိန်မှာ၊ မလုပ်သင့် မလုပ်ထိုက် တာကို ကြောက်လို့ မလွန်ဆန်ရဲ တဲ့အချိန်မှာ ဒီလိုလူတွေရှိခဲ့တယ် ဆိုတဲ့အသိကို အမြဲအောက်မေ့ပြီး အင်အားဖြစ်ကြပါစေလို့ ဆန္ဒပြု ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပါတီဝင်များဖြစ်သော ဦးကိုနီ၊ ဦးနေ၀င်းတို့နှင့်ပတ်သက်၍ ပြောကြားသည်။

ဦးကိုနီနှင့် ဦးနေ၀င်းသည် အတန်းပညာ အရည်အချင်း၊ ကိုးကွယ်သည့်ဘာသာ ကွဲပြား သော်လည်း စိတ်ဓာတ်နှင့်ယုံ ကြည်ချက်တူကြသူများဖြစ်သည် ကို သတိပြုစေလိုကြောင်း၊ ယင်း ကဲ့သို့ ရဲဘော်ရဲဘက်စိတ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို စတင်ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။ ၎င်းတို့နှစ် ဦး၏ တူညီသော စိတ်ဓာတ်နှင့် ယုံကြည်ချက်မျိုးမှာ နိုင်ငံတွင်း နေထိုင်သူများအားလုံး လုံခြုံမှုနှင့် လွတ်လပ်မှုရှိစေလိုသည့် စိတ် ဓာတ်မျိုးဖြစ်ကြောင်း ရှင်းပြ သည်။

ဦးကိုနီသည် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ ပထမဆုံးအကြိမ် လွတ်မြောက် ခဲ့သည့် ၁၉၉၅ ကစတင်ကာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပ ဒေအထောက်အကူပြုအဖွဲ့တွင် ပါဝင်ခဲ့သကဲ့သို့ ပါတီ၏ ဥပဒေ အကြံပေးပညာရှင်တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

သေနတ်သမားကို လေဆိပ်အတွင်း လိုက်ဖမ်းရင်း သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့သော ယာဉ်မောင်း ဦးနေ၀င်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အ လေးအနက်ထား ဂုဏ်ပြုစကား ဆိုသည်။

 ‘‘အခု ကိုနေ၀င်းရဲ့ လုပ် ဆောင်ချက်က နံပါတ်(၁)တစ် ချက်က စိတ်ဓာတ်ပဲ။ ဒီလိုမျိုး စိတ်ဓာတ်၊ တို့နိုင်ငံသူ နိုင်ငံသား တွေထဲမှာ ရှိတယ်ဆိုတာ ကျွန်မတို့အားလုံးအတွက် ဂုဏ်ယူစရာပဲ။ တို့နိုင်ငံမှာ ဒီလိုလူတွေရှိတယ်ဆိုတာ ဂုဏ်ယူရမယ်။ လူငယ်တွေအတွက်၊ နောင်လာနောက်သားတွေအတွက်ကောင်းတဲ့ လက္ခဏာဖြစ်တယ်။ ကိုနေ၀င်းဟာ နိုင်ငံအတွက် ကောင်းတဲ့အမွေကို ပေးသွားတယ်’’ဟု ပြောသည်။

‘‘အပြစ်တွေကို ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ မရဘူး။ ကိုယ်မလုပ်သင့်တဲ့၊ မလုပ်ထိုက်တဲ့ ကိစ္စကြီးကို လုပ်ချင်တိုင်း လုပ်ပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ ပြေးလို့ရမယ်ဆိုတာ မဖြစ်သင့်ဘူး။ တရားဥပဒေစိုးမိုးတဲ့ အသိုင်းအ၀ိုင်းမှာ ဒါမျိုးက မဖြစ်သင့်ဘူးဆိုတဲ့စိတ်နဲ့ ဦးနေ၀င်းက လုပ်တယ်လို့ပဲ ကျွန်မမြင်တယ်’’ဟု ဆက်လက်ပြောသည်။

ဦးကိုနီနှင့် ဦးနေ၀င်းအောက် မေ့ဖွယ်အခမ်းအနားသို့ ၎င်းတို့၏ မိသားစုဝင်များလည်း  တက် ရောက်ခဲ့ကာ  ဒေါ်အောင်ဆန်းစု ကြည်က  သီးသန့်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။


7Day News Journal

No comments:

Post a Comment