Latest News

Monday, February 27, 2017

ရန်ကုန်မြို့ မှာ တရားဥပဒေမဲ့ အကြမ်းဖက်မှုတွေကိုဘယ်တော့မှခွင့်ပြု မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်ပြော

ရန်ကုန်မြို့ မှာ တရားဥပဒေမဲ့ အကြမ်းဖက်မှုတွေကိုဘယ်တော့မှခွင့်ပြု

မှာမဟုတ်ဘူးလို့ဝန်ကြီးချုပ်ပြေ


၂၇၊ဖေဖော်ဝါရီ၊ရန်ကုန်။

ရန်ကုန်မြို့ မှာ တရားဥပဒေမဲ့  ဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့  တိုင်းဒေသကြီးအစိုးရအဖွ့ဲဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက သည်ကနေ့ ရန်ကုန်လေဆိပ်မှာ တရားလွတ်တော်ရှေ့ နေဦးကိုနီနဲ့  တက္ကစီယာဉ်မောင်းဦးနေ၀င်းတို့ အတွက် ရည်ရွယ်ပြုလုပ်တဲ့ အကြမ်းဖက်မှု ဆန့် ကျင်ရေးအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။


“ ကျွန်တော်တို့  အခုပေါ်ပေါက်နေတဲ့ အခြေအနေတစ်ခုကို ပြန်သုံးသပ်လိုက်မယ်ဆိုလို့ ရှိရင် ဦးကိုနီဟာ ဒီမိုကရေစီအရေးတစ်လျှောက်လုံးမှာ ပေးဆပ်နေခဲ့တဲ့ ရှေ့ နေတစ်ယောက်ဖြစ်ပါတယ်။ ဦးကိုနီဟာ ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေခဲ့တဲ့ ရှေ့ နေတစ်ယောက်ဖြစ်ပါတယ်။ ဒီအခြေအနေကို လက်နက်ကိုင်ဆောင်ခွင့်မရှိတဲ့ လေဆိပ်လိုနေရာမျိုးမှာ ဦးခေါင်းကို သေနတ်နဲ့  ချိန်ပြီးပစ်နေပြီလားလို့  မေးခွန်းထုတ်မှုတွေ မဖြစ်ပေါ်အောင် ကျွန်တော်တို့  ပြည်သူလူထုတစ်ရပ်လုံးဟာ အကြမ်းဖက်မှုကို ဆန့် ကျင်သွားမှာဖြစ်ပါတယ်။ “ လို့  ဦးဖြိုးမင်းသိန်းက ပြောပါတယ်။


ဥပဒေမဲ့ အကြမ်းဖက်လုပ်ဆောင်နေတာတွေကို ပပျောက်အောင်လုပ်ဖို့ အရေးဟာ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာမှာပါ လုပ်ဆောင်ဖို့  လိုအပ်နေတာဖြစ်လို့  ဘယ်တော့မှ ခွင့်ပြုပေးနေမှာ မဟုတ်ဘူးလို့  ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကျွန်တော်တို့ ရန်ကုန်မြို့ မှာ တရားဥပဒေစိုးမိုးရေးကို ရှေ့ တန်းတင်လုပ်ဆောင်နေတဲ့ ကာလမှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးတစ်ရပ်ကို ရှေ့ တန်းတင် ကြိုးပမ်းနေတဲ့ ကာလမှာ တရားဥပဒေမဲ့ဆောင်ရွက်နေမှုတွေကို ကာကွယ်ပေးနေစရာအကြောင်းမရှိပါဘူး” လို့  ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

လုပ်ကြံခံရတဲ့ တရားလွတ်တော်ရှေ့ နေ ဦးကိုဦးကိုနီနဲ့  ဦးနေ၀င်းတို့ ကို ရည်ရွယ်ပြီး ပြုလုပ်တဲ့ အကြမ်းဖက်မှု ဆန့် ကျင်ရေးအခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် ပြည်သူအများအပြား တက်ရောက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးကလည်း ပြဿနာတိုင်းကို အကြမ်းဖက်တိုက်ခိုက်တာတွေ ပြုလုပ်နေတာ ရပ်တန့် ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့  ဆောင်ရွက်ဖို့ ကို တိုက်တွန်းပြောဆိုသွားပါတယ်။

“ လက်နက်ကိုင် အကြမ်းဖက်တာတွေ တော်လောက်ပါပြီ။ အရာရာတိုင်းကို ဆွေးနွေးမှု၊ အားလုံးတွေ့ ဆုံအဖြေရှာကြဖို့  အချိန်တန်ပါပြီ” လို့  ဦးတင်ဦးကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်ခံရသူတွေအတွက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပပျောက်ဖို့  ဆုတောင်းနေကြတာတွေထက် အဲသည်အကြမ်းဖက်မှုတွေ ပပျောက်ဖို့  အာရုံပြုပြီး အမှန်တကယ် လုပ်ဆောင်ကြဖို့ ကိုလည်း တိုက်တွန်းပြောဆိုသွားပါတယ်။

“ကျွန်တော်တို့ ရပ်တည်ရမှာက အမှားနဲ့  အမှန်ဘက်ကဖြစ်ပါတယ်။ အကြမ်းဖက်မှုဘက်ကရပ်မှာလား။ အကြမ်းဖက်မှုဆန့် ကျင်တဲ့ ဘက်က ရပ်မှာလားဆိုတာပဲဖြစ်ပါတယ်။ အကြမ်းဖက်ခံရတဲ့ သူတွေ ဘက်က ကာကွယ်မှာလား။ အကြမ်းဖက်သမားတွေကို အားပေးမှာလား။ ဒါတွေကိုတော့ ပြတ်ပြတ်သားသားဆုးံဖြတ်ဖို့  အချိန်တန်ပြီဖြစ်ပါတယ်။ “ လို့  ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့  ပွင့်လင်းလူ့ အဖွဲ့ အစည်းမှဦးဂျင်မီကလည်း မြန်မာပြည်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့် ဖို့  လက်နက်မပါတဲ့ ပြည်သူလူထုတစ်ရပ်လုံး ရှိနေတာကို ၁၉၈၈ ခုနှစ်ကတည်းက သက်သေပြခဲ့ပြီးဖြစ်သလို လက်ရှိအချိန်မှာလည်း သေနတ်သမားကို လိုက်လံဖမ်းဆီးရင်းသေဆုံးသွားခဲ့ရတဲ့ ဦးနေ၀င်းကလည်း ထပ်မံသက်သေပြလိုက်ပြီဖြစ်တယ်လို့  ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်လာမယ်ဆိုရင်လည်း ကာကွယ်ဖို့ လက်နက်မပါတဲ့ ပြည်သူလူထုနဲ့  နှလုံးသားတွေဟာ မြောက်များစွာကျန်ရှိနေသေးတာကိုတွေ့မြင်ရတယ်လို့ လည်း ပြောဆိုသွားခဲ့ပါတယ်။
ချမ်းသာ


Kumudra

No comments:

Post a Comment