Latest News

Monday, February 20, 2017

ဦးကိုနီ လုပ်ကြံခံရမှု သာမန်လူသတ်မှုအဖြစ် ခရိုင်တရားရုံးမှာ စစ်ဆေးတာမျိုးမဖြစ်သင့်ဟုဆို

ဦးကိုနီ လုပ်ကြံခံရမှု သာမန်လူသတ်မှုအဖြစ် ခရိုင်တရားရုံးမှာ

စစ်ဆေးတာမျိုးမဖြစ်သင့်ဟုဆို


ဦးကိုနီလုပ်ကြံခံရမှု နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျူးလွန်သူတွေကို သာမန်လူသတ်မှုတွေလို သက်ဆိုင်ရာ ခရိုင်တရားရုံးမှာ တရားစွဲဆို အမှုစစ်ဆေးတာမျိုး မလုပ်သင့်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ဆိုတယ်။

သူက “ဒါရိုးရိုးလူသတ်မှုမဟုတ်ဘူး၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းနေတဲ့ လုပ်ကြံမှုဖြစ်ပါတယ်၊ ဒါကို ချန်လှပ်ထားခဲ့ရင် သာမန်လူသတ်မှု အ ဖြစ်နဲ့ မပြည့်စုံတဲ့ တရားစီရင်ရေးကိုပဲ သွားလိမ့်မယ်၊ တရားစွဲအဖွဲ့အစည်းကို မေတ္တာရပ်ခံချင်တာက ဥပဒေပုဒ်မအရ သေဒဏ်ထိုက်တဲ့ အမှုဖြစ်တဲ့အတွက် မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲမယ်ဆိုရင် လုံးဝမသင့်တော်ပါဘူး၊ အဲဒီမှာက သာမန်ရုံးတွေလဲရှိတော့ လုံခြုံမှု မရှိဘူး”လို့ ပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုဟာ နိုင်ငံတကာ က စိတ်ဝင်စားတဲ့အမှုဖြစ်သလို ပြည်သူတွေကလည်း သည်ကိစ္စမှာ ဘယ်သူတွေက ဘာအတွက်နဲ့ ဘယ်သူ့ဆီကပိုက်ဆံနဲ့ သည်ကိစ္စကို အကောင်အထည်ဖော်လဲ သိချင်နေကြတာပါ။

ပန်ကြားရေးဝန်ကြီး နဲ့အတူ အင်ဒိုနီး ရှားနိုင်ငံကို သွားရောက် ပြီး ပြန်အလာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလုပ်ကြံခံရတာဟာ ဘယ်သူနဲ့ သွားပြီး ဘယ်အချိန်ပြန်လာမယ်ဆိုတာ သိတဲ့အဖွဲ့တစ်ဖွဲ့လည်း နောက်ကွယ်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံတော်အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍကို နည်းလမ်းမျိုးစုံ အသုံးပြု ကျူးလွန်ခြင်းကို ကာကွယ်ရန်လို့ ဖော်ပြထားတာကြောင့် သည်လုပ် ကြံမှုဟာ အကြမ်းဖက် တိုက်ဖျက်မှု ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ဆိုတယ်။

သည့် အတွက် တိုင်းဒေသကြီးတရားလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အညီ လုံခြုံ စိတ်ချရတဲ့ နေရာတစ်ခုမှာ အများမြင်သာအောင်အမှု စစ်ဆေးတာမျိုး ဆောင်ရွက်သင့်တယ်လို့ သိရတယ်။

‘အဲဒီအမှုက စနစ်တကျ ကျူးလွန်တာ၊ ကျူးလွန်သူတွေက အချုပ်သား ထုတ်သွင်းတဲ့လမ်းမှာ အချိန်မရွေးလုသွားနိုင်တယ်၊ ထွက်ပြေးဖျောက်ဖျက်လိုက်နိုင်တယ်၊ အဲဒီလိုဖြစ်သွားရင် မိသားစုအတွက်ရော ရှေ့နေရှေ့ရပ်အတွက်ရော လုံခြုံမှုမရှိနိုင်ဘူး၊ ကျွန်တော် အကြံပြု ချင်တာက ဂဠုန်ဦးစောအမှုလို အင်းစိန် ထောင်ထဲမှာ တရားရုံးဖွင့်ပြီး သတင်းစာဆရာတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးသူတွေ ဝင်ပြီးလုပ်ရင်ကောင်းမယ်” လို့ တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုမှာ တရားခံကြည်လင်းကို အခင်းဖြစ်နေရာမှာပဲ ဖမ်း ဆီးရမိပါတယ်။ ကြည်လင်းကို လက်နက်ဝယ်ပေးပြီး ငွေပေးမယ်ပြောကာ လူသတ်ပေးဖို့ အလုပ်အပ်သူ အောင်ဝင်းဇော်ကို ဖမ်းဆီးရမိထားပါတယ်။

ဆက်လက်စစ်ဆေးရာက သည်အမှုမှာ ငွေပေးသူဟာ အောင်ဝင်းဇော်ရဲ့ညီ အောင်ဝင်းခိုင် (တပ် မတော်အရာရှိဟောင်း) ဟာလည်း ယနေ့ အထိလွတ်မြောက်နေပါတယ်။

လူမွန်

SearchMyanmar

No comments:

Post a Comment