Latest News

Monday, February 20, 2017

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီတွင် ဆုအရေအတွက် များနိုင်ကြောင်းနှင့် ဆု ၁၂ ခု အဆင်သင့် ပြင်ထားကြောင်း သိရ

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီတွင် ဆုအရေအတွက် များနိုင်ကြောင်းနှင့် ဆု ၁၂ ခု အဆင်သင့် ပြင်ထားကြောင်း သိရ



၂၀၁၆ ခုနှစ်အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီတွင် ဆုအရေအတွက် များနိုင်ကြောင်းနှင့် ဆု ၁၂  ခု အဆင်သင့် ပြင်ထားကြောင်းကို အကယ်ဒမီ စိစစ်ရွေးချယ်ရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနှင်းမိုးက ပြောကြားခဲ့သည်။ မတ် ၁၈ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ် မည်ဖြစ်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီ ထူးချွန်ဆုများအား စိစစ်ရွေးချယ်ပြီးဖြစ်ကာ အပြီးသတ် ဆုစာရင်း ရေးသွင်းမှုကို အကယ်ဒမီပွဲ မတိုင်မီ တစ်ပတ်အလိုတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

“အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာက ဒီနှစ်မှာက ဇာတ်ကားစာရင်းကလည်း ၃၃ ကားဖြစ်တော့ အရင် နှစ်တွေကထက် ဆုအရေအတွက် ပိုများနိုင်ပါတယ်။ အထူးဆုလည်း ပါဝင်ကောင်း ပါဝင်နိုင်တဲ့အတွက် ဆုအရေအတွက် ၁၂ ခုအတွက်ကိုတော့ အဆင်သင့် ပြင်ထားပါတယ်။ ဘယ်နှဆု ဖြစ်မယ်ဆိုတာတော့ သေချာပေါက် ပြောလို့မရသေးဘူး” ဟု ဦးနှင်းမိုးက ဆိုသည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် စာရင်းဝင်ဇာတ်ကားများအဖြစ် ဇာတ်ကား ၃၃ ကား ရုံတင်ပြသခဲ့ပြီး ခိုးဆိုးလုနှိုက်၊ ရပ်ကွက်ဘုရင်မ၊ ဘွန္တောကြက်သူခိုး၊ အီဖေကိုယ်တို့ ရွေးကောက်ပွဲ၊ ရုံးပတီသီးလေးများ၊ မှော်ကျောက်စာ၊ ဘောစိ၊ မင်းလည်း ဘိုကေ ငါလည်း ဘိုကေ၊ မေထုန် ရာသီဖွား၊ ငဘ၊ အချစ်စစ်၊ From Bangkok to Mandalay၊ ချစ်လှစွာသော အမုန်း၊ ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်၊ ပြန်ခေါ်သက်သေ၊ အနူးဘစ်၊ မနောမြေမှ ကျောက်စိမ်း ကမ္ဘာ၊ နှစ်ယောက် တစ်ဘ၀၊ သင်္ကြန်ပြတိုက်၊ ကာလာစုံ လက်ဆင်၊ အေဒင်ရဲ့နတ်သမီး၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား၊ လူးရတနာသိုက်၊ ပဲခူးဆားနှင့် သူ၏ ဗိုင်းရပ်စ်များ၊ နှင်းဆီပန်သူ၊ မယုံရင်တော့ ပုံပြင်ပေါ့၊ အုတ်ကြားမြက်ပေါက်၊ ဖေ့စ်ဘုတ်ရွာ၊ စားတယ်၊ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်၊ ရွှေဒင်္ဂါးကို ထွေခင်းကစားမယ် ဇာတ်ကားများ ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်အတွင်းတွင် A ရုံစနစ်နှင့် B ရုံစနစ် ခွဲခြား ပြသခြင်းကြောင့် ဇာတ်ကား အရေ အတွက် မြင့်တက်ခဲ့ပြီး အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ဇာတ်ကား ၁၀ ကားရှိကြောင်း သိရသည်။


လင်းလင်းခိုင်


Eleven Media Group

No comments:

Post a Comment