Latest News

Monday, February 27, 2017

သူရဦးရွှေမန်းကော်မရှင်ကို သက်တမ်းတိုးမယ့်အပေါ် တပ်ကိုယ်စားလှယ် ကန့်ကွက်

သူရဦးရွှေမန်းကော်မရှင်ကို သက်တမ်းတိုးမယ့်အပေါ် တပ်ကိုယ်စားလှယ် ကန့်ကွက်

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းတစ်နှစ် တိုးမြှင့်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ သဘောထားတောင်းခံရာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က ကန့်ကွက်ခဲ့ပေမယ့် မဲစနစ်နဲ့ သက်တမ်း တိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေတွေအရသာ ကော်မရှင် ဖွဲ့စည်းခွင့်ရှိကြောင်း နဲ့ အဲဒီကော်မရှင် ဖွဲ့စည်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ မညီ စစ်ဆေးပေးဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထံ တင်ပြထားတယ်လို့  ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၃၈ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး  မနက်ဖြန် တစ်နှစ်ပြည့်ပြီဖြစ်တာကြောင့် နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်ဖို့ ဆန္ဒသဘောထား တောင်းခံတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ စက်ခလုတ်အသုံးပြုပြီး မဲခွဲဆုံးဖြတ်ရာ သက်တမ်းတိုးဖို့ ထောက်ခံသူ ၃၃၃ ဦး၊ ကန့်ကွက်သူ ၁၈၉ ဦး၊ ကြားနေ ၆ ဦး ရှိတာကြောင့် သက်တမ်းတစ်နှစ်တိုးဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

Photo: Win Ko Ko Latt/ RFA

( တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တွေ့ရစဉ် )

No comments:

Post a Comment