ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ
မင်္ဂလာပါ…… ဖတ်မိတဲ့ ပုံပြင်လေးတစ်ပုဒ်မျှဝေပါမယ်…..ပုံပြင်လေးအမည်ကို ကျနော်က ဒီလိုပေးထားပါတယ်….. ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ လို့ပေးထားပါတယ်
ဟိုး….ရှေးရှေးတုံးက…. ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မိလို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာသူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်. . . နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကိုသနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ်ဖန်ဆင်းပြောင်းလဲလိုက်တယ်. . .
လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်. . .သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်. . . . အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကိုလူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်. . ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့. .
သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်. . .အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. . ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး . . .ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်. . . ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ…..
ပုံပြင်ရဲ့ အနှစ်သာရကို…ကျနော်က ဒီလိုနားလည်မိပါတယ်….။ စာဖတ်သူနဲ့ အတွေးမညီခဲ့ ရင်လည်း..ကျနော့် ကို စာပေအလင်းကူညှိရအောင်ပါ…။ပုံပြင်လေးရဲ့ အနှစ်သာရ
((( လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်။))))
Credit to ရွှေအိမ်စည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment