Latest News

Saturday, February 25, 2017

ကင်ဂျုံနမ်လုပ်ကြံမှုမှာ ပါဝင်မှုအတွက် ရင်းဂစ် ၄၀၀သာ ရခဲ့ဟု အင်ဒိုနီးရှားနိုင်ငံသူဝန်ခံ


ကင်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ပက်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အင်ဒိုနီးရှား နိုင်ငံ သူ က သူမ ဟာ ကင်ဂျုံနမ်ကို လုပ်ကြံမှုမှာ ပါဝင်မှုအတွက် မလေးရှား ရင်းဂစ် ၄၀၀ သာရရှိခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။
အင်ဒိုနီးရှား သံရုံးအရာရှိတွေ ဟာ ဒီနေ့မှာ မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆိးထားတဲ့ ဆစ်တီ အက်ရက်နဲ့တွေဆုံဆွေးနွေးတာတွေပြုလုပ်ချိန်မှာ ဆစ်ဆီ က အခု လိုမျိုးဝန်ခံခဲ့တာဖြစ်ပါတယ်။

 ဆစ်တီက သူမဟာ ကင်ဂျုံနမ် မျက်နှာကို အုပ်ဖို့ ငွေကြေးအဖြစ် မလေးရှား ရင်းဂစ် ၄၀၀ သာရခဲ့တယ်လို့ ပြောပါတယ်။
ကင်ဂျုံနမ်ဟာ အာရုံကြောကို ပြင်းထန်စွာထိခိုက်စေတဲ့ ဗွီအိတ်က် အဆိပ် နဲ့တိုက်ခိုက်ခံရတာဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့ ကပြောပါတယ်။
ကင်ဂျုံနမ် သေဆုံးပြိးနောက် မလေးရှားရဲတပ်ဖွဲ ဟာ သံသယရှိသူများကို ဖမ်းဆီးခဲချိန်မှာ ဗီယက်နမ်နိုင်ငံသူ နဲ့ အင်ဒိုနီးရှားနိုင်ငံသူတစ်ဦးကို ဖမ်းဆီးခဲပါတယ်။

 မလေးရှား ရဲတပ်ဖွဲ ဟာ ဖမ်းဆီးထားတဲ့ အင်ဒိုနီးရှား နိုင်ငံသူကို ဒီနေ့မှာ မလေးရှားရှိအင်ဒိုနီးရှား သံရုံးက တာဝန်ရှိသူတွေနဲ့  ၃ နာရီကြာတွေဆုံခွင့်ပေးခဲ့ပါတယ်။

မလေးရှား ရဲတပ်ဖွဲ့ က ကင်ဂျုံနမ် လုပ်ကြံခံရမှုနောက်ကွယ်မှာ မြောက်ကိုရီယားနိုင်ငံ ပါဝင်နေပြီး ကွာလာလမ်ပူရှိ မြောက်ကိုရီယားသံတမန်ကို စုံစမ်းလိုကြောင်း တောင်းဆိုထားပြီး သံတမန် ကလက်ခံမှု မရှိပါက ဖမ်းဆီးသွားမယ်လို့ သတင်းထုတ်ပြန်ထားးပါတယ်။
Ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment