Saturday, February 25, 2017
ဆီးရီးယား ဟွန်းမြို့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ထောက်လှမ်းရေးအကြီးအကဲအပါဝင် ၃၂ ဦး သေဆုံး
ဆီးရီးယားနိုင်ငံ ဟွန်းမြို့ အနောက်ဘက် လုံခြုံရေးတပ်ဖွဲတွေရဲ့ အခြေစိုက်စခန်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှု နဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေ ထဲ စစ်ထောက်လှမ်းရေးအကြီးအကဲ သေဆုံးသွားခဲ့ပြီး အစွန်းရောက်အုပ်စုဖြစ်တဲ့ တာဟီအယ်လ်ရှန်အဖွဲ့ ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဟွန်းမြို့ ဟာ ဆီးရီယားအစိုးရ နဲ့ သူပုန်အဖွဲ့တွေကြား အပစ်ခတ်ရပ်စဲပြီးနောက် ၂၀၁၅ ခုနှစ်နောက်ပိုင်းတည်းက အစိုးရ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တာဖြစ်ပါတယ်။
ဆီးရီယားလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲတွေက အခုတိုက်ခိုက်မှု ဟာ လုံခြုံရေး အခြေစိုက်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုတွေထဲ သမ္မတ အာဆက်ဒ် နဲ့ ရင်းနှီးတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ဟတ်ဆန် ဒါဘူ သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကို တာဟီအယ်လ်ရှန်အစွန်းရောက်အဖွဲ့ ၀င် ၅ ဦးကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဆီးရီယားနိုင်ငံမှာ အပစ်ခတ်ရပ်စဲမှုတွေဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂကြားဝင်စေ့စပ်မှုတွေ ပြုလုပ်နေပေမယ့် တိုက်ခိုက်မှု ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ ဆီးရီယားနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတည်းက တိုက်ခိုက်မှုတွေကြောင့် လူပေါင်း သိန်းချီသေဆုံးခဲ့ပြီးဖြစ်ပါတယ်။
Ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
ဆီးရီးယား ဟွန်းမြို့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ထောက်လှမ်းရေးအကြီးအကဲအပါဝင် ၃၂ ဦး သေဆုံး
Reviewed by timeayeyar
on
3:48 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment