Latest News

Tuesday, February 21, 2017

မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွင် လိုက်ပါလာသော ဒုရဲမှူးတစ်ဦး၏ နှစ်ကျပ်သား ရွှေဆွဲကြိုးအား ရထားဈေးသည် တစ်ဦးက ဖြတ်ယူထွက်ပြေးမှု ဖြစ်ပွား

မန္တလေး-နေပြည်တော် ရထားခရီးစဉ်တွင် လိုက်ပါလာသော ဒုရဲမှူးတစ်ဦး၏ နှစ်ကျပ်သား ရွှေဆွဲကြိုးအား ရထားဈေးသည် တစ်ဦးက ဖြတ်ယူထွက်ပြေးမှု ဖြစ်ပွား

အမှတ်(၄) အစုန်ရထားပေါ်တွင် လိုက်ပါလာသော ဒုရဲမှူးတစ်ဦး လည်ပင်းတွင်ဆွဲထားသော နှစ်ကျပ်သားခန့် ရွှေဆွဲကြိုးကို ဖြတ်ယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သာစည်ရထား ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက်က မန္တလေးဘူတာကြီးမှ ညနေ ၅ နာရီတွင် ထွက်ခွာလာသော အမှတ်(၄) အစုန်ရထား အထက်တန်းတွဲမှ လိုက်ပါစီးနင်းလာသော ခရီးသည်ဒုရဲမှူး မျိုးညွန့် (လုံခြုံရေးတပ်ဖွဲ့ခွဲ ၂၆) ၏ လည်ပင်းတွင် ဆွဲထားသော အလေးချိန် နှစ်ကျပ်သား၊ ကာလတန်ဖိုးငွေကျပ် ၁၈ သိန်းခန့်ရှိ ရွှေဆွဲကြိုးကို သဲတောဘူတာမှ ရထားအထွက် မိုင်တိုင်အမှတ် ၃၂၂/၄ ကြားအရောက်တွင် ဆွဲယူဖြတ်ပြေးခဲ့ခြင်း ဖြစ်သည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သာစည်ရထား ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်မင်းနိုင်က “သူက ဆွဲကြိုးဖြတ်ပြီးပြီးချင်း ရထားပေါ်က ခုန်ချပြေးသွားတော့ လိုက်ဖမ်းလို့မရဘူး။ အဲဒါနဲ့ ဒုရဲမှူးလည်း ရထားကို သာစည်ထိရောက်အောင်စီးပြီး စခန်းလာ အမှုဖွင့်တယ်။ အဲဒီမှာ စုံစမ်းလိုက်တော့ သူကပြစ်ချက်ဟောင်းတော့ လုံးဝမရှိပါဘူး။ မန္တလေးကနေ ဈေးဝယ်ပြီး ပြန်အလာ ရုတ်တရက်လုပြီး ဆင်းပြေးတာ။ ရထားပေါ်မှာ ဈေးရောင်းနေကျဆိုတော့ ရထားကို ကျွမ်းနေတယ်။ တရားခံကို နောက်ရက်မှာပဲ ဖမ်းမိခဲ့တာပါ” ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားသည်။

ဆွဲကြိုးလုပြေးသူကို ရှာဖွေခဲ့ရာ သဲတောမြို့နှင့် ရိုးရွာကျေးရွာသို့သွားသည့် လမ်းဘေးဇရပ်အတွင်း ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့ပြီး သက်သေခံဆွဲကြိုးနှင့် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ကျူးလွန်သူမှာ အောင်ကိုဝင်း(ခ)ဘုတ်ပွ  (၃၁) နှစ်ပြီး ယင်းကို သာစည်ရထား ရဲတပ်ဖွဲ့စခန်းက (ပ) ၁/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။  


ယဉ်မျိုးသွယ်

Eleven Media Group

No comments:

Post a Comment