Latest News

Tuesday, February 21, 2017

မြစ်ကြီးနားမှ မန္တလေးတစ်လျှောက် ရေပျော်ငှက်ကောင်ရေ ၁၄ နှစ် အတွင်း ကျဆင်းလာ

မြစ်ကြီးနားမှ မန္တလေးတစ်လျှောက် ရေပျော်ငှက်ကောင်ရေ ၁၄ နှစ်

အတွင်း ကျဆင်းလာ


 မြစ်ကြီးနားမြို့မှဆင်ဘိုမြို့တစ်လျှောက်ရှိ ဧရာဝတီမြစ်အတွင်းတွင် ကျက်စားသော ရေပျော်ငှက်ကောင်ရေသည်  ၁၄ နှစ်အတွင်း
( ၂၀၀၃ မှ ၂၀၁၇ ) အလွန်အမင်းကျဆင်းလျက်ရှိသောကြောင့် ထိုမြစ်ကြောင်းဧရိယာကို ထိန်းသိမ်းရေးဆောင်ရွက်သင့်သည်ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI)  မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ဧရိယာတွင် ကျက်စားသော ရေပျော်ငှက်မျိုးစိတ် ၇ မျိုး၏ ကောင်ရေသည် ၁၄ နှစ်အတွင်း ၆၀% မှ ၉၈% ကြား ကျဆင်းသွားသည်။ အော်ယောငှက်၊ ဥပန်းငှက်၊ ဘဲငန်း၊ င်္ဟသာ နှင့် ကြိုးကြာအပါအ၀င် အခြားမြန်မာအမည် မသိသေးသည့် ငှက်သုံးမျိုးတို့ ပါဝင်သည်။ ၄င်းတို့တွင် ကြိုးကြာနှင့် ဘဲငန်းတို့မှာ ကောင်ရေကျဆင်းမှု အများဆုံးဖြစ်သည်။

သောင်ပြင်နှင့် ကမ်းစပ်ရွှံ့နွံ့မြေများအပေါ်တွင် စိုက်ပျိုးမြေများတိုးချဲ့စိုက်ပျိုးခြင်းတို့ကြောင့် ငှက်များ၏ စားကျက်မြေများဆုံးရှုံးခြင်း၊ မြစ်အတွင်း ရွှေတူးဖော်မှုလုပ်ငန်းများ အလွန်ကျယ်ပြန့်စွာ လုပ်ကိုင်ခြင်း၊
နှင့် ငှက်ဖမ်းခြင်းများကြောင့် ကောင်ရေကျဆင်းမှုများပြားလာကြောင်း ထုတ်ပြန်ထားသည်။

ကြည်ကြည်ဆွေ ( The Myanmar Times )

No comments:

Post a Comment